စစ်ပညာသင်ယူနေရင်း အမေစုရဲ့မွေးနေ့လေးမှာ ပန်းလေးတွေကိုယ်စီပန်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့

Unicode

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်ပြီး လူငယ်လေးတွေနဲ့ဖွဲ့စည်းထားတဲ့ လူရွှင်တော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဟား(၅)ကောင်ကိုသိကြမယ်ထင်ပါတယ်။

ဟား(၅)ကောင်အဖွဲ့ဟာ အမြဲလိုလိုပြောင်မြောက်ထိမိလှတဲ့ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အ၀ရရှိထားသလို ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အာဏာရှင်ဆန့်ကျင်ရေးမှာ ပြည်သူနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တဲ့ လူရွှင်တော်တွေလည်းဖြစ်ပြီး အခုဆိုရင်လည်း လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ရောက်နေပြီလည်းဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့က အနုပညာအလုပ်တွေလုပ်စဥ်တုန်းကလည်း တက်ညီလက်ညီရှိကြသလို အခုလိုအချိန်မှာလည်း ညီအစ်ကိုရင်းတွေပမာစည်းလုံးညီညွတ်နေကြတာလည်းဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့က သူတို့ရဲ့ရပ်တည်ချက်အတိုင်းရဲရဲဝံ့ဝံ့လျှောက်လှမ်းနေကြတဲ့ လူငယ်လေးတွေဖြစ်ပြီး တောထဲမှာပင်ပန်းဆင်းရဲစွာနဲ့ စစ်ပညာသင်ယူနေကြရင်း မကြာခဏဆိုသလိုလည်း သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ လှုပ်ရှားမှုပုံရိပ်တွေနဲ့ ထင်မြင်ချက်တွေကို ပရိသတ်တွေအတွက် မျှဝေပေးလေ့ရှိတဲ့သူတွေပါ။

ဒီကနေ့ ဇွန်လ (၁၉)ရက်နေ့မှာဆိုရင်လည်း ဟားငါးကောင်အဖွဲ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့

တောတောင်ထဲမှာစစ်ပညာသင်ယူရင်း ပန်းလေးတွေပန်ကာ တတ်နိုင်သရွေ့ပါ၀င်ခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့ကို ပြည်သူတစ်ရပ်လုံးက ပန်းသပိတ်အနေနဲ့သတ်မှတ်ထားကြတာဖြစ်ပြီး လူတိုင်းနီးပါးပါ၀င်ဆင်နွှဲနေကြတာကိုလည်းတွေ့ရပါတယ်။

ဒီပုံရိပ်တွေကို ဟားငါးကောင်အဖွဲ့၀င် တိုင်းကျော်က သူ့ရဲ့ Facebookစာမျက်နှာမှာ “အမေ နဲ့ အတူ…..” ဆိုပြီးရေးသားမျှဝေထားပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Crd

Zawgyi

ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ႊင္ေစနိုင္ၿပီး လူငယ္ေလးေတြနဲ႕ဖြဲ႕စည္းထားတဲ့ လူ႐ႊင္ေတာ္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ ဟား(၅)ေကာင္ကိုသိၾကမယ္ထင္ပါတယ္။

ဟား(၅)ေကာင္အဖြဲ႕ဟာ အၿမဲလိုလိုေျပာင္ေျမာက္ထိမိလွတဲ့ဟာသျပက္လုံးေတြနဲ႕ ပရိသတ္ေတြရဲ႕အားေပးမႈကို အျပည့္အ၀ရရွိထားသလို ေဖေဖာ္ဝါရီလအစပိုင္းတည္းကတိုင္ အာဏာရွင္ဆန႔္က်င္ေရးမွာ ျပည္သူနဲ႕အတူတစ္သားတည္းရပ္တည္ခဲ့တဲ့ လူ႐ႊင္ေတာ္ေတြလည္းျဖစ္ၿပီး အခုဆိုရင္လည္း လြတ္ေျမာက္နယ္ေျမမွာ စစ္သင္တန္းတက္ေရာက္ေနၿပီလည္းျဖစ္ပါတယ္။

ဟားငါးေကာင္အဖြဲ႕က အႏုပညာအလုပ္ေတြလုပ္စဥ္တုန္းကလည္း တက္ညီလက္ညီရွိၾကသလို အခုလိုအခ်ိန္မွာလည္း ညီအစ္ကိုရင္းေတြပမာစည္းလုံးညီၫြတ္ေနၾကတာလည္းျဖစ္ပါတယ္။

ဟားငါးေကာင္အဖြဲ႕က သူတို႔ရဲ႕ရပ္တည္ခ်က္အတိုင္းရဲရဲဝံ့ဝံ့ေလွ်ာက္လွမ္းေနၾကတဲ့ လူငယ္ေလးေတြျဖစ္ၿပီး ေတာထဲမွာပင္ပန္းဆင္းရဲစြာနဲ႕ စစ္ပညာသင္ယူေနၾကရင္း မၾကာခဏဆိုသလိုလည္း သူတို႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာကေန လႈပ္ရွားမႈပုံရိပ္ေတြနဲ႕ ထင္ျမင္ခ်က္ေတြကို ပရိသတ္ေတြအတြက္ မွ်ေဝေပးေလ့ရွိတဲ့သူေတြပါ။

ဒီကေန႕ ဇြန္လ (၁၉)ရက္ေန႕မွာဆိုရင္လည္း ဟားငါးေကာင္အဖြဲ႕က နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေမြးေန႕အထိမ္းအမွတ္အေနနဲ႕

ေတာေတာင္ထဲမွာစစ္ပညာသင္ယူရင္း ပန္းေလးေတြပန္ကာ တတ္နိုင္သေ႐ြ႕ပါ၀င္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီကေန႕ကို ျပည္သူတစ္ရပ္လုံးက ပန္းသပိတ္အေနနဲ႕သတ္မွတ္ထားၾကတာျဖစ္ၿပီး လူတိုင္းနီးပါးပါ၀င္ဆင္ႏႊဲေနၾကတာကိုလည္းေတြ႕ရပါတယ္။

ဒီပုံရိပ္ေတြကို ဟားငါးေကာင္အဖြဲ႕၀င္ တိုင္းေက်ာ္က သူ႕ရဲ႕ Facebookစာမ်က္ႏွာမွာ “အေမ နဲ႕ အတူ…..” ဆိုၿပီးေရးသားမွ်ေဝထားပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
Crd