အမေ ဒေါ်အောင်ဆန်းစုကြည် အသက် ၇၆ နှစ်ပြည့်ပါပြီ

Unicode

ဒီနှစ် မွေးနေ့ဟာ သူ့အတွက်ဆယ်စုနှစ်တစ်ခုကျော်ကြာအပြီးမှာ ပထမအကြိမ် အထိန်းသိမ်းခံဘဝနဲ့ပြန်လည်ဖြတ်သန်းရတာပါ။

လူထုရွေးကောက်တင်မြှောက်ပြီး နိုင်ငံကိုလက်တွေ့ဦးဆောင်မှုပေးခဲ့တဲ့၊ ငါးနှစ်တာနိုင်ငံရေးခရီးလမ်းကိုနောက်တစ်ကြိမ် ရှေ့မဆက်နိုင်ခင်မှာပဲ အာ.ဏာ.သိမ်းခံလိုက်ရတဲ့၊ရွေးကောက်ပွဲတောင်ပြိုကမ်းပြိုအနိုင်ရပါတီခေါင်းဆောင်ဟာအခုတော့နိုင်ငံရေးခယောင်းလမ်းကိုဆက်လျှောက်ရဖွယ်ရှိနေပါတယ်။

အာဏာသာမသိမ်းခဲ့ရင် ဒီအချိန်မှာအတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အစိုးရအဖွဲ့ နောက်သက်တမ်းတစ်ခုကို ဆက်လက်ဦးဆောင်နိုင်မယ့် မွေးနေ့ရှင်ဟာအခုတော့ စစ်.တပ်ကတမှုပြီးတမှုပုဒ်မတွေကို ရင်ဆိုင်နေရတာပါ။

မြန်မာနိုင်ငံမှာ မွေးနေ့တွေကို ကာယကံရှင်ကိုယ်တိုင်က တကူးတကမှတ်မှတ်ရရ ကျင်းပနေစရာမလိုဘဲ လူထုကအမြဲသတိတရနဲ့ ကျင်းပပေးခြင်း ခံရသူတွေ ရှားရှားပါးပါးထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့သူ့ရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်ပါတယ်။

“မွေးနေ့ဆိုတာတော့ တစ်နှစ်ပြီးသွားပြီပေါ့နော်၊ နှစ်တစ်နှစ်က ရွေ့လျားသွားပြီ၊ တစ်နှစ်တစ်နှစ်ရွေ့လျားသွားတဲ့အချိန်အတွင်းမှာ ပြည်သူတိုင်းပြည်သူတိုင်းက တစ်နှစ်အတွင်းမှာ ကိုယ်ဘာ တာဝန်ရှိတာတွေလုပ်ခဲ့လဲ၊ဘာတန်ဖိုးရှိတာတွေလုပ်ခဲ့လဲဆိုတာ

ပြန်သုံးသပ်ဖို့လိုတယ်၊ တန်ဖိုးရှိတယ်ဆိုတာ ကိုယ့်အတွက်တင်မဟုတ်ဘူး၊တခြားသူတွေအတွက်ပါပေါ့၊အဲဒါလေး သုံးသပ်ပြီးတော့ နောင်နှစ်မှာ ဒီနှစ်ထက်ပိုပြီးတန်ဖိုးရှိတဲ့ကိစ္စတွေဖြစ်မြောက်အောင်လုပ်မယ်ဆိုတာသံဓိဋ္ဌာန်လေးတွေချပေးစေချင်ပါတယ်၊အဲဒါကပဲအမေ့အတွက်မွေးနေ့လက်ဆောင်ပေါ့“

ဒီစကားလုံးတွေကို၂၀၁၉ခုနှစ်ကကျရောက်တဲ့ သူ့ရဲ့၇၄ နှစ်မြောက်မွေးနေ့မှာသူရချင်တဲ့ မွေးနေ့လက်ဆောင်အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောခဲ့တာပါ။

အခု ၂၀၂၁ ခုနှစ်မွေးနေ့မှာတော့ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုချစ်တဲ့ပြည်သူတွေကိုခြံရံပြီးမွေးနေ့ပွဲကိုကျင်းပဖို့မဖြစ်နိုင်ပြန်ပါဘူး။

ခါတိုင်းနှစ်တွေနဲ့မတူတဲ့ ဒီနှစ်မွေးနေ့ကတော့၁၀နှစ်ကျော်ပြင်ပကမ္ဘာမှာလွတ်မြောက်ပြီးတဲ့နောက်နောက်တဖန်နေအိမ်အကျယ်ချုပ်ကာလမှာကျရောက်တဲ့မွေးနေ့ဖြစ်နေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့်မွေးနေ့ဟာပြီးခဲ့တဲ့ ၁၀ နှစ် အတွင်းသူ့ကိုချစ်တဲ့သူအမြောက်အမြားကိုဘေးမှာခြံရံပြီး နောက်ဆုံးကျင်းပထားတဲ့မွေးနေ့ဆိုလည်းမမှားပါဘူး။

ဒီအချက်ကိုဒေါ်အောင်ဆန်းစုကြည်နဲ့သူ့ကိုချစ်တဲ့ပြည်သူတွေ ကိုယ်တိုင်လိုက်နာခဲ့တာကြောင့်ပါ။အဲဒီနှစ်ကသူ့ရဲ့နေအိမ်မှာပဲအတူနေမိသားစုနဲ့ပဲကျင်းပခဲ့ပါတယ်။

Zawgyi

ဒီႏွစ္ ေမြးေန႕ဟာ သူ႕အတြက္ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာအၿပီးမွာပထမအႀကိမ္ အထိန္းသိမ္းခံဘဝနဲ႕ ျပန္လည္ျဖတ္သန္းရတာပါ။

လူထုေ႐ြးေကာက္တင္ျမႇောက္ၿပီးနိုင္ငံကိုလက္ေတြ႕ဦးေဆာင္မႈေပးခဲ့တဲ့၊ ငါးႏွစ္တာနိုင္ငံေရးခရီးလမ္းကိုေနာက္တစ္ႀကိမ္ ေရွ႕မဆက္နိုင္ခင္မွာပဲအာ.ဏာ.သိမ္းခံလိုက္ရတဲ့၊ ေ႐ြးေကာက္ပြဲေတာင္ၿပိဳ ကမ္းၿပိဳအနိုင္ရပါတီေခါင္းေဆာင္ဟာ အခုေတာ့ နိုင္ငံေရးခေယာင္းလမ္းကိုဆက္ေလွ်ာက္ရဖြယ္ရွိ ေနပါတယ္။

အာဏာသာမသိမ္းခဲ့ရင္ ဒီအခ်ိန္မွာအတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ အစိုးရအဖြဲ႕ ေနာက္သက္တမ္းတစ္ခုကိုဆက္လက္ဦးေဆာင္နိုင္မယ့္ ေမြးေန႕ရွင္ဟာအခု ေတာ့စစ္.တပ္ကတမႈၿပီးတမႈပုဒ္မေတြကိုရင္ဆိုင္ေနရတာပါ။

ျမန္မာနိုင္ငံမွာ ေမြးေန႕ေတြကိုကာယကံရွင္ကိုယ္တိုင္က တကူးတကမွတ္မွတ္ရရ က်င္းပေနစရာမလိုဘဲလူထုကအၿမဲသတိတရနဲ႕

က်င္းပေပးျခင္းခံရသူေတြရွားရွားပါးပါးထဲမွာဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႕သူ႕ရဲ႕သမီးျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္တို႔လည္း ပါဝင္ပါတယ္။

“ေမြးေန႕ဆိုတာေတာ့ တစ္ႏွစ္ၿပီးသြားၿပီေပါ့ေနာ္၊ ႏွစ္တစ္ႏွစ္က ေ႐ြ႕လ်ားသြားၿပီ၊ တစ္ႏွစ္ တစ္ႏွစ္ ေ႐ြ႕လ်ားသြားတဲ့အခ်ိန္အတြင္းမွာ ျပည္သူ တိုင္းျပည္သူတိုင္းက တစ္ႏွစ္အတြင္းမွာ ကိုယ္ဘာတာဝန္ရွိတာေတြလုပ္ခဲ့လဲ၊ ဘာတန္ဖိုးရွိတာေတြလုပ္ခဲ့လဲဆိုတာ

ျပန္သုံးသပ္ဖို႔လိုတယ္၊ တန္ဖိုး ရွိတယ္ဆိုတာ ကိုယ့္အတြက္တင္မဟုတ္ဘူး၊တျခားသူေတြအတြက္ပါေပါ့၊ အဲဒါေလး သုံးသပ္ၿပီးေတာ့ ေနာင္ႏွစ္မွာ ဒီႏွစ္ထက္ပိုၿပီးတန္ဖိုးရွိတဲ့ ကိစၥေတြျဖစ္ေျမာက္ေအာင္လုပ္မယ္ဆိုတာသံဓိ႒ာန္ေလးေတြ ခ်ေပးေစခ်င္ပါတယ္၊ အဲဒါကပဲ အေမ့အတြက္ေမြးေန႕လက္ေဆာင္ေပါ့“

ဒီစကားလုံးေတြကို ၂၀၁၉ ခုႏွစ္က က်ေရာက္တဲ့ သူ႕ရဲ႕ ၇၄ ႏွစ္ေျမာက္ ေမြးေန႕မွာ သူရခ်င္တဲ့ ေမြးေန႕လက္ ေဆာင္အေၾကာင္းကို ေဒၚေအာင္ဆန္း စုၾကည္ကိုယ္တိုင္ ေျပာခဲ့တာပါ။

အခု ၂၀၂၁ ခုႏွစ္ေမြးေန႕မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ သူ႕ကိုခ်စ္တဲ့ျပည္သူေတြကိုၿခံရံၿပီး ေမြးေန႕ပြဲကိုက်င္းပဖို႔ မျဖစ္နိုင္ျပန္ပါဘူး။

ခါတိုင္းႏွစ္ေတြနဲ႕မတူတဲ့ ဒီႏွစ္ေမြးေန႕ကေတာ့ ၁၀ ႏွစ္ေက်ာ္ ျပင္ပကမာၻမွာ လြတ္ေျမာက္ၿပီးတဲ့ေနာက္ ေနာက္တဖန္ေနအိမ္အက်ယ္ခ်ဳပ္ ကာလမွာ က်ေရာက္တဲ့ေမြးေန႕ျဖစ္ေနတာပါ။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၇၄ ႏွစ္ျပည့္ေမြးေန႕ဟာ ၿပီးခဲ့တဲ့ ၁၀ ႏွစ္ အတြင္းသူ႕ကိုခ်စ္တဲ့သူ အေျမာက္အျမားကိုေဘးမွာၿခံရံၿပီး ေနာက္ဆုံးက်င္းပထားတဲ့ ေမြးေန႕ဆိုလည္း မမွားပါဘူး။

ဒီအခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္နဲ႕ သူ႕ကိုခ်စ္တဲ့ျပည္သူေတြ ကိုယ္တိုင္လိုက္နာခဲ့တာေၾကာင့္ပါ။ အဲဒီႏွစ္ကသူ႕ရဲ႕ေနအိမ္မွာပဲအတူေနမိသားစုနဲ႕ပဲ က်င္းပခဲ့ပါတယ္။