မြတ်နိုးရတဲ့ ကျောင်းဝတ်စုံကို စွန့်လွှတ်ပြီး သုံးဘီးဆိုင်ကယ်နဲ့ စျေးရောင်းနေတဲ့ မူလတန်းပြ CDM ဆရာမလေး…

Unicode

မြတ်မြတ်နိုးနိုးနဲ့ ဝတ်ဆင်ခဲ့တဲ့ ကျောင်းဝတ်စုံအဖြူအစိမ်းနဲ့ သူစာသင်ရာ ကျောင်းခန်းလေးကိုဘယ်တော့မှမစွန့်လွှတ်ဖူးလို့ ဆုံးဖြတ်ထားတဲ့ ဆရာမ မခိုင်(အမည်လွှဲ)တယောက် အရာအားလုံးကို စွန့်လွှတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါပြီ။

ဒါကတော့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း (၂၀၂၀) ရွေးကောက်ပွဲမှာ မဲရုံစောင့်ပေးခဲ့တဲ့ ဆရာဆရာမတွေကိုပါ မဲလိမ်ပေးခဲ့တယ်ဆိုတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ စွပ်စွဲချက်တွေကြောင့်လဲ ပါဝင်ခဲ့ပါတယ်။

“CDM စလုပ်တဲ့ အဓိကအကြောင်းရင်းက နံပတ် (၁) မဲရုံစောင့်တဲ့ ဆရာဆရာမတွေကို စစ်ကောင်စီဖက်က စော်ကားတဲ့ သဘောသက်ရောက်လို့ပါ မဲမသမာဘူးဆိုတာဟာ ဆရာဆရာမတွေကို စော်ကားတာနဲ့တူတူပါပဲ။ မဲရုံမှာ အဓိက တာ၀န်ဟာ ဆရာဆရာမတွေပဲလေ။

နောက်ဆို မဲရုံတာ၀န်ပေးရင်တောင် ဘယ်ဆရာမမှ မလုပ်စေချင်တော့ဘူး” လို့ သူကပြောပါတယ်။ နောက်တချက်ကတော့ လွတ်လပ်စွာ ဆန္ဒပြတဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ သူ့ရဲ့တပည့်တွေကို မထားခြင်တာကြောင့်ရယ်ပါ။

“ဘယ်နိုင်ငံမဆို democracy အရ ကိုယ်မကြိုက်တဲ့ အစိုးရတစ်ရပ်ကို လွတ်လပ်စွာ ဆန္ဒပြပိုင်ခွင့်ရှိပါတယ်။ (၂၂၂၂) အရေးတော်ပုံမှာလဲ အမတို့ပါပါတယ်။ အမတို့ ပစ်ခံရတာပါ။ ပြီးတော့ ကလေးတွေကို သူတို့ လက်ထဲမှာ မထားချင်ဘူး မသင်ချင်ဘူး” လို့ သူကဆက်ပြောပါတယ်။

မတရားတာကို မတရားမှန်းသိသိကြီးနဲ့တော့ ဆက်အားပေးရတဲ့အလုပ်ကို သူ မလုပ်လိုတာကြောင့် အခုလို သူမမြတ်နိုးတဲ့စာသင်ခန်းကို စွန့်ခွာခဲ့ရတာပါ။ “အမတို့ လိုချင်တာ Democracy လွတ်လပ်ပြီးတရားမျှတတဲ့လက်အောက်မှာ ပဲ တာ၀န်ထမ်းဆောင်ချင်ပါတယ်။ အမတို့ ကလေးတွေကို အမေစု ပျိူးထောင်ပေးခဲ့တဲ့

ပညာရေးစနစ်သစ်ကိုယ်တိုင်စဉ်းစားတွေးခေါ်မှူ ပြည့်၀တဲ့ဉာဏ်ရည်မျိူးပဲ ကလေးတွေကို ရစေချင်တယ်။ တစ်နှစ်လုံးမှာ ဖတ်စာအုပ် တစ်အုပ်ထဲက သင်ခန်းစာကိုတောင်မနည်း သင်နေရတဲ့ ခေတ်မှာ တစ်နှစ်ကို (၂) တန်းနဲ့ သင်ကြားရမှာ ကလေးတွေအတွက်ရင်လေးတယ်” လို့လဲ သူမရဲ့တပည့်လေးတွေ နိုင်ငံအဝှမ်းမှာရှိတဲ့ ကျောင်းသူကျောင်းသားလေးတွေအတွက် စိတ်ပူကြောင်းလဲ ဆရာမ မခိုင်ကပြောပါတယ်။

စစ်ကောင်စီက အခြေခံ မူလတန်း အလယ်တန်း အထက်တန်းကျောင်းတွေကို မတ်လနဲ့ ဇွန်လပိုင်းမှာ အတင်းအကြပ်ဖွင့်ဖို့ စီစဉ်ခဲ့ပေမယ့် ကျောင်းတက်သူတွေ အလွန်နည်းပါးခဲ့သလို CDM လုပ်တဲ့ပညာရေးဝန်ထမ်းတွေ များလာတာကြောင့် ကိုဗစ်တတိယလှိုင်း အကြောင်းပြပြီး ပြန်ပိတ်ဖို့ အခုရက်ပိုင်းမှာပဲ ညွှန်ကြားခဲ့ရပါတယ်။

“အမတို့ကတော့ အမေစု ပြုပြင်ပေးခဲ့တဲ့ စနစ်အောက်ပြန်ရောက်မှပဲ အလုပ်၀င်တော့မယ်။ အခုတော့ CDM တိုင်း အခက်အခဲ ရှိကြတာပေါ့။ မိသားစုရေးကော ၀မျးရေးကော အမတို့လည်း ခတ်ခဲတာတွေရှိတာပဲ။ ဘဏ်ချေးငွေတွေ သွင်းဖို့ရှိတယ် ၊ ကြွေးမှီးတိုတွေပေါ့ ဘယ်၀န်ထမ်းမှ မချမ်းသာပါဘူး။

သို့ပေမယ့် အခုတော့ နေစရာမရှိလို့ CDM ဆရာမတွေ နဲ့ အိမ်လခ နဲ့ ဌားနေကြတယ်” လို့ သူမရဲ့အခက်အခဲကို မဝံ့မရဲပြောပြပါတယ်။ သူမရဲ့မိခင်ဖြစ်သူကလဲ သိပ်မကြာခင်ကာလကပဲအဆုတ်ကင်ဆာနဲ့ ဆေးရုံပေါ်မှာပဲ သေဆုံးသွားခဲ့ပြီးတော့ ဒီလိုအခက်အခဲတွေကြားကပဲ စစ်အာဏာရှင်ကို သူမ ရဲရဲဝံ့ဝံ့ရင်ဆိုင်နေရတာပါ။

ပြောလက်စ စကားအချို့ကို လက်စသတ်လိုက်တဲ့အချိန်မှာတော့ မိုးကလဲသည်းပြီး လူသိပ်မထွက်လို့ စျေးရောင်းမကောင်းခဲ့တဲ့ ဆရာမလေး မခိုင်တယောက် လက်ထဲက တထောင်တန်သုံးရွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း သုံးဘီးဆိုင်ကယ်ပေါ်က အသီးနှံအချို့ကို တာလပါတ်နဲ့ အုပ် သူငှားနေတဲ့အိမ်ကလေးကို သူမပြန်လည် ထွက်ခွာသွားခဲ့ပါပြီ။

နေလောင်ပြီး မိုးပါတ်ထားတာကြောင့် အမြဲတမ်း ပါးကွက်ကြားနဲ့ ဆရာမရဲ့ပါးလေးက ညိုမြသွားပေမယ့် “ဒီပွဲမှာ ငါတို့နိုင်ကိုနိုင်ရမယ်” ဆိုတဲ့ စိတ်က ဆရာမလေးရဲ့ နှလုံးသားထဲမှာ အမြဲလင်းလက်တောက်ပနေမယ် ဆိုတာကိုတော့ ယုံကြည်လျက်ပါ။ crd

Zawgyi

ျမတ္ျမတ္နိုးနိုးနဲ႕ ဝတ္ဆင္ခဲ့တဲ့ ေက်ာင္းဝတ္စုံအျဖဴအစိမ္းနဲ႕ သူစာသင္ရာ ေက်ာင္းခန္းေလးကိုဘယ္ေတာ့မွမစြန့္လႊတ္ဖူးလို႔ ဆုံးျဖတ္ထားတဲ့ ဆရာမ မခိုင္(အမည္လႊဲ)တေယာက္ အရာအားလုံးကို စြန့္လႊတ္ပစ္ဖို႔ ဆုံးျဖတ္ခ်က္ခ်လိဳက္ပါၿပီ။

ဒါကေတာ့ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း (၂၀၂၀) ေ႐ြးေကာက္ပြဲမွာ မဲ႐ုံေစာင့္ေပးခဲ့တဲ့ ဆရာဆရာမေတြကိုပါ မဲလိမ္ေပးခဲ့တယ္ဆိုတဲ့ အာဏာသိမ္းစစ္ေကာင္စီရဲ႕ စြပ္စြဲခ်က္ေတြေၾကာင့္လဲ ပါဝင္ခဲ့ပါတယ္။

“CDM စလုပ္တဲ့ အဓိကအေၾကာင္းရင္းက နံပတ္ (၁) မဲ႐ုံေစာင့္တဲ့ ဆရာဆရာမေတြကို စစ္ေကာင္စီဖက္က ေစာ္ကားတဲ့ သေဘာသက္ေရာက္လို႔ပါ မဲမသမာဘူးဆိုတာဟာ ဆရာဆရာမေတြကို ေစာ္ကားတာနဲ႕တူတူပါပဲ။ မဲ႐ုံမွာ အဓိက တာ၀န္ဟာ ဆရာဆရာမေတြပဲေလ။

ေနာက္ဆို မဲ႐ုံတာ၀န္ေပးရင္ေတာင္ ဘယ္ဆရာမမွ မလုပ္ေစခ်င္ေတာ့ဘူး” လို႔ သူကေျပာပါတယ္။ ေနာက္တခ်က္ကေတာ့ လြတ္လပ္စြာ ဆႏၵျပတဲ့ျပည္သူေတြကို ရက္ရက္စက္စက္ သတ္ျဖတ္တဲ့ အာဏာသိမ္းစစ္ေကာင္စီရဲ႕ လက္ေအာက္မွာ သူ႕ရဲ႕တပည့္ေတြကို မထားျခင္တာေၾကာင့္ရယ္ပါ။

“ဘယ္နိုင္ငံမဆို democracy အရ ကိုယ္မႀကိဳက္တဲ့ အစိုးရတစ္ရပ္ကို လြတ္လပ္စြာ ဆႏၵျပပိုင္ခြင့္ရွိပါတယ္။ (၂၂၂၂) အေရးေတာ္ပုံမွာလဲ အမတို႔ပါပါတယ္။ အမတို႔ ပစ္ခံရတာပါ။ ၿပီးေတာ့ ကေလးေတြကို သူတို႔ လက္ထဲမွာ မထားခ်င္ဘူး မသင္ခ်င္ဘူး” လို႔ သူကဆက္ေျပာပါတယ္။

မတရားတာကို မတရားမွန္းသိသိႀကီးနဲ႕ေတာ့ ဆက္အားေပးရတဲ့အလုပ္ကို သူ မလုပ္လိုတာေၾကာင့္ အခုလို သူမျမတ္နိုးတဲ့စာသင္ခန္းကို စြန့္ခြာခဲ့ရတာပါ။ “အမတို႔ လိုခ်င္တာ Democracy လြတ္လပ္ၿပီးတရားမွ်တတဲ့လက္ေအာက္မွာ ပဲ တာ၀န္ထမ္းေဆာင္ခ်င္ပါတယ္။ အမတို႔ ကေလးေတြကို အေမစု ပ်ိဴးေထာင္ေပးခဲ့တဲ့

ပညာေရးစနစ္သစ္ကိုယ္တိုင္စဥ္းစားေတြးေခၚမႉ ျပည့္၀တဲ့ဉာဏ္ရည္မ်ိဴးပဲ ကေလးေတြကို ရေစခ်င္တယ္။ တစ္ႏွစ္လုံးမွာ ဖတ္စာအုပ္ တစ္အုပ္ထဲက သင္ခန္းစာကိုေတာင္မနည္း သင္ေနရတဲ့ ေခတ္မွာ တစ္ႏွစ္ကို (၂) တန္းနဲ႕ သင္ၾကားရမွာ ကေလးေတြအတြက္ရင္ေလးတယ္” လို႔လဲ သူမရဲ႕တပည့္ေလးေတြ နိုင္ငံအဝွမ္းမွာရွိတဲ့ ေက်ာင္းသူေက်ာင္းသားေလးေတြအတြက္ စိတ္ပူေၾကာင္းလဲ ဆရာမ မခိုင္ကေျပာပါတယ္။

စစ္ေကာင္စီက အေျခခံ မူလတန္း အလယ္တန္း အထက္တန္းေက်ာင္းေတြကို မတ္လနဲ႕ ဇြန္လပိုင္းမွာ အတင္းအၾကပ္ဖြင့္ဖို႔ စီစဥ္ခဲ့ေပမယ့္ ေက်ာင္းတက္သူေတြ အလြန္နည္းပါးခဲ့သလို CDM လုပ္တဲ့ပညာေရးဝန္ထမ္းေတြ မ်ားလာတာေၾကာင့္ ကိုဗစ္တတိယလွိုင္း အေၾကာင္းျပၿပီး ျပန္ပိတ္ဖို႔ အခုရက္ပိုင္းမွာပဲ ၫႊန္ၾကားခဲ့ရပါတယ္။

“အမတို႔ကေတာ့ အေမစု ျပဳျပင္ေပးခဲ့တဲ့ စနစ္ေအာက္ျပန္ေရာက္မွပဲ အလုပ္၀င္ေတာ့မယ္။ အခုေတာ့ CDM တိုင္း အခက္အခဲ ရွိၾကတာေပါ့။ မိသားစုေရးေကာ ၀မ်းေရးေကာ အမတို႔လည္း ခတ္ခဲတာေတြရွိတာပဲ။ ဘဏ္ေခ်းေငြေတြ သြင္းဖို႔ရွိတယ္ ၊ ေႂကြးမွီးတိုေတြေပါ့ ဘယ္၀န္ထမ္းမွ မခ်မ္းသာပါဘူး။

သို႔ေပမယ့္ အခုေတာ့ ေနစရာမရွိလို႔ CDM ဆရာမေတြ နဲ႕ အိမ္လခ နဲ႕ ဌားေနၾကတယ္” လို႔ သူမရဲ႕အခက္အခဲကို မဝံ့မရဲေျပာျပပါတယ္။ သူမရဲ႕မိခင္ျဖစ္သူကလဲ သိပ္မၾကာခင္ကာလကပဲအဆုတ္ကင္ဆာနဲ႕ ေဆး႐ုံေပၚမွာပဲ ေသဆုံးသြားခဲ့ၿပီးေတာ့ ဒီလိုအခက္အခဲေတြၾကားကပဲ စစ္အာဏာရွင္ကို သူမ ရဲရဲဝံ့ဝံ့ရင္ဆိုင္ေနရတာပါ။

ေျပာလက္စ စကားအခ်ိဳ႕ကို လက္စသတ္လိုက္တဲ့အခ်ိန္မွာေတာ့ မိုးကလဲသည္းၿပီး လူသိပ္မထြက္လို႔ ေစ်းေရာင္းမေကာင္းခဲ့တဲ့ ဆရာမေလး မခိုင္တေယာက္ လက္ထဲက တေထာင္တန္သုံး႐ြက္ကို က်စ္က်စ္ပါေအာင္ဆုပ္ရင္း သုံးဘီးဆိုင္ကယ္ေပၚက အသီးႏွံအခ်ိဳ႕ကို တာလပါတ္နဲ႕ အုပ္ သူငွားေနတဲ့အိမ္ကေလးကို သူမျပန္လည္ ထြက္ခြာသြားခဲ့ပါၿပီ။

ေနေလာင္ၿပီး မိုးပါတ္ထားတာေၾကာင့္ အၿမဲတမ္း ပါးကြက္ၾကားနဲ႕ ဆရာမရဲ႕ပါးေလးက ညိုျမသြားေပမယ့္ “ဒီပြဲမွာ ငါတို႔နိုင္ကိုနိုင္ရမယ္” ဆိုတဲ့ စိတ္က ဆရာမေလးရဲ႕ ႏွလုံးသားထဲမွာ အၿမဲလင္းလက္ေတာက္ပေနမယ္ ဆိုတာကိုေတာ့ ယုံၾကည္လ်က္ပါ။ crd

Add a Comment

Your email address will not be published. Required fields are marked *