စစ်ဘေးရှောင် ပြည်သူတွေအတွက် ကိုယ်တိုင်ပါဝင်ပြီး လိုအပ်တဲ့ ဆေးဝါးနဲ့ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အလှမယ် သူဇာဝင့်လွင်

Unicode

ပရိသတ်ကြီးရေ Miss Universe ၂၀၂၀ ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြု အလှမယ်တစ်ယောက်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် သူဇာဝင့်လွင်ကတော့ လက်ရှိအမေရိကန်နိုင်ငံမှာပဲ ဆက်လက်နေထိုင်နေပါတယ်။ သူဇာဝင့်လွင်ကလတ်တလော အမေရိကန်နိုင်ငံမှာ

နေထိုင်နေစဉ် မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လှူဒါန်းနိုင်ရန် အမေရိကန်ရောက် မြန်မာများတိုင်းရင်သားများနဲ့ အတူရန်ပုံငွေပွဲတစ်ခုပြုလုပ်ရာမှာသူကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။

ရန်ပုံငွေပွဲလေးကိုတော့ ပြီးခဲ့တဲ့ ဇွန်လ (၁၃)ရက်နေ့က ဆန်ဖရန်စစ္စကိုဘေးအနီးမှာရှိတဲ့ Karen community မှဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး

Karen communityကတော့ မြန်မာနိုင်ငံမှာရှိတဲ့စစ်ဘေးရှောင်တွေအတွက် ဆေးဝါးပစ္စည်းတွေပံ့ပိုးနေတဲ့အဖွဲ့အစည်းဖြစ်ပြီး အခုတစ်ခေါက်မှာလည်းရရှိလာတဲ့ရန်ပုံငွေတွေကို

မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးပစ္စည်းနဲ့ လိုအပ်တာတွေလှူဒါန်းမှာဖြစ်တဲ့အတွက် သူဇာဝင့်လွင်က သူကိုယ်တိုင်တတ်နိုင်တဲ့ဘက်ကနေပါဝင်အားဖြည့်ချင်တာကြောင့် ဒီပွဲလေးမှာပါဝင်ခဲ့တာပါတဲ့။

သူဇာဝင့်လွင်ကတော့ ဒီရန်ပုံငွေပွဲလေးမှာ သူ့ရဲ့ပုံပါတဲ့ T-Shirt အင်္ကျီလေးတွေမှာ သူကိုယ်တိုင်လက်မှတ်ထိုးရောင်းချပေးခဲ့တာဖြစ်ပြီး အင်္ကျီရောင်းရတဲ့အမြတ်ငွေ(၁၄)သိန်းကျပ်ကို ဆေးဝါးလှူဒါန်းမယ့်အစီစဉ်မှာထပ်မံလှူဒါန်းပေးခဲ့တာပါ။

သူဇာဝင့်လွင်ကတော့ အခုလိုသူတတ်နိုင်တဲ့ဘက်ကနေသွေးချင်းမောင်နှမတွေအတွက် လိုအပ်တာတွေကူညီလှူဒါန်းပေးနိုင်ဖို့ ကြိုးစားခွင့်ရတဲ့အတွက်ကျေနပ်ပီတိဖြစ်မိကြောင်းလည်း ဖော်ပြထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ သူဇာဝင့်လွင်တစ်ယောက် ရန်ပုံငွေပွဲမှာပါဝင်ခဲ့တဲ့ မှတ်တမ်းတင်ပုံလေးကိုလည်းမျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi

ပရိသတ္ႀကီးေရ Miss Universe ၂၀၂၀ ၿပိဳင္ပြဲႀကီးကို ျမန္မာကိုယ္စားျပဳ အလွမယ္တစ္ေယာက္အျဖစ္ ယွဥ္ၿပိဳင္ခဲ့တဲ့ အလွမယ္ သူဇာဝင့္လြင္ကေတာ့ လက္ရွိ အေမရိကန္နိုင္ငံမွာပဲ ဆက္လက္ေနထိုင္ေနပါတယ္။ သူဇာဝင့္လြင္က လတ္တေလာအေမရိကန္နိုင္ငံမွာ

ေနထိုင္ေနစဥ္ ျမန္မာနိုင္ငံမွာရွိတဲ့ စစ္ေဘးေရွာင္ျပည္သူေတြအတြက္ လႉဒါန္းနိုင္ရန္ အေမရိကန္ေရာက္ ျမန္မာမ်ား တိုင္းရင္သားမ်ားနဲ႕အတူရန္ပုံေငြပြဲတစ္ခုျပဳလုပ္ရာမွာ သူကိုယ္တိုင္ပါဝင္ခဲ့ပါတယ္။

ရန္ပုံေငြပြဲေလးကိုေတာ့ ၿပီးခဲ့တဲ့ ဇြန္လ (၁၃)ရက္ေန႕က ဆန္ဖရန္စစၥကိုေဘးအနီးမွာရွိတဲ့ Karen community မွဦးေဆာင္က်င္းပခဲ့တာျဖစ္ၿပီ

Karen community ကေတာ့ ျမန္မာနိုင္ငံမွာရွိတဲ့ စစ္ေဘးေရွာင္ေတြအတြက္ ေဆးဝါးပစၥည္းေတြ ပံ့ပိုးေနတဲ့အဖြဲ႕အစည္းျဖစ္ၿပီးအခုတစ္ေခါက္မွာလည္းရရွိလာတဲ့ရန္ပုံေငြေတြကို

ျမန္မာနိုင္ငံမွာရွိတဲ့ စစ္ေဘးေရွာင္ျပည္သူေတြအတြက္ ေဆးဝါးပစၥည္းနဲ႕လိုအပ္တာေတြ လႉဒါန္းမွာျဖစ္တဲ့ အတြက္ သူဇာဝင့္လြင္က သူကိုယ္တိုင္ တတ္နိုင္တဲ့ဘက္ကေန ပါဝင္အားျဖည့္ခ်င္တာေၾကာင့္ ဒီပြဲေလးမွာ ပါဝင္ခဲ့တာပါတဲ့။

သူဇာဝင့္လြင္ကေတာ့ ဒီရန္ပုံေငြပြဲေလးမွာ သူ႕ရဲ႕ပုံပါတဲ့ T-Shirt အကၤ်ီေလးေတြမွာ သူကိုယ္တိုင္ လက္မွတ္ထိုးေရာင္းခ်ေပးခဲ့တာျဖစ္ၿပီး အကၤ်ီေရာင္းရတဲ့ အျမတ္ေငြ(၁၄) သိန္းက်ပ္ကို ေဆးဝါးလႉဒါန္းမယ့္ အစီစဥ္မွာထပ္မံလႉဒါန္းေပးခဲ့တာပါ။

သူဇာဝင့္လြင္ကေတာ့ အခုလို သူတတ္နိုင္တဲ့ ဘက္ကေန ေသြးခ်င္းေမာင္ႏွမေတြအတြက္ လိုအပ္တာေတြကူညီလႉဒါန္းေပးနိုင္ဖို႔ ႀကိဳးစားခြင့္ရတဲ့ အတြက္ ေက်နပ္ပီတိျဖစ္မိေၾကာင္းလည္း ေဖာ္ျပထားခဲ့ပါေသးတယ္။

ပရိသတ္ႀကီးေရ သူဇာဝင့္လြင္တစ္ေယာက္ ရန္ပုံေငြပြဲမွာ ပါဝင္ခဲ့တဲ့ မွတ္တမ္းတင္ပုံေလး ကိုလည္း မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Add a Comment

Your email address will not be published. Required fields are marked *