မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီပေးဖို့ တောင်ကိုးရီးယားနိုင်ငံမှ ကမ္ဘာ့ကုလသမဂ္ဂကို ဒေါ်လာ ကိုးသိန်း လှူ

Unicode

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီပေးဖို့ တောင်ကိုးရီးယားနိုင်ငံမှ ကမ္ဘာ့ကုလသမဂ္ဂကို ဒေါ်လာ ကိုးသိန်း လှူ

ရန်ကုန်၊ ဇွန် ၁၇

မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးဖို့ ဇွန်လ ၁၇ ရက် ယနေ့တွင် ကမ္ဘာ့ကုလသမဂ္ဂကို တောင်ကိုးရီးယားနိုင်ငံမှ အမေရိကန် ဒေါ်လာ ကိုးသိန်းလှူဒါန်းလိုက်သည်ဟု UNOCHA ၏ အချက်အလက်များအရ သိရသည်။

UNOCHA ၏ အချက်အလက်ဇယားတွင် မြောက်ကိုးရီးယားနိုင်ငံမှ ဒေါ်လာသုံးသိန်း လှူဒါန်းကြောင်း မှားယွင်းရေးသားခဲ့မိသည်ဟု UNOCHA ရုံး ပြောခွင့်ရ ပီယာပရွန်း မှ ပြောသည်။

အဆိုပါ အချက်အလက်အရ မြောက်ကိုရီးယားနိုင်ငံမှ အမေရိကန် ဒေါ်လာ သုံးသိန်းလှူဒါန်းသည်ဟု တောင်ကိုးရီးယားသတင်းဌာန ယုံဟပ်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်တွင် သတင်းဖော်ပြခဲ့သည်။

တောင်ကိုးရီးယားနိုင်ငံမှ ယခုလို ကူညီလှူဒါန်းခဲ့ပေမယ့် တပ်ပိုင်းဆိုင်ရာ ကာကွယ်ရေးပစ္စည်းများ ရောင်းချတင်သွင်းမှုများကိုတော့ ဆိုင်းငံ့ထားဦးမည်ဖြစ်ကြောင်း သိရသည်။
Credit

Zawgyi

ျမန္မာနိုင္ငံအတြက္ လူသားခ်င္းစာနာမႈအကူအညီေပးဖို႔ ေတာင္ကိုးရီးယားနိုင္ငံမွ ကမာၻ႔ကုလသမဂၢကို ေဒၚလာ ကိုးသိန္း လႉ

ရန္ကုန္၊ ဇြန္ ၁၇

ျမန္မာနိုင္ငံတြင္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားေပးဖို႔ ဇြန္လ ၁၇ ရက္ ယေန႕တြင္ ကမာၻ႔ကုလသမဂၢကို ေတာင္ကိုးရီးယားနိုင္ငံမွ အေမရိကန္ ေဒၚလာ ကိုးသိန္းလႉဒါန္းလိုက္သည္ဟု UNOCHA ၏ အခ်က္အလက္မ်ားအရ သိရသည္။

UNOCHA ၏ အခ်က္အလက္ဇယားတြင္ ေျမာက္ကိုးရီးယားနိုင္ငံမွ ေဒၚလာသုံးသိန္း လႉဒါန္းေၾကာင္း မွားယြင္းေရးသားခဲ့မိသည္ဟု UNOCHA ႐ုံး ေျပာခြင့္ရ ပီယာပ႐ြန္း မွ ေျပာသည္။

အဆိုပါ အခ်က္အလက္အရ ေျမာက္ကိုရီးယားနိုင္ငံမွ အေမရိကန္ ေဒၚလာ သုံးသိန္းလႉဒါန္းသည္ဟု ေတာင္ကိုးရီးယားသတင္းဌာန ယုံဟပ္ကို ကိုးကားၿပီး ရန္ကုန္ေခတ္သစ္တြင္ သတင္းေဖာ္ျပခဲ့သည္။

ေတာင္ကိုးရီးယားနိုင္ငံမွ ယခုလို ကူညီလႉဒါန္းခဲ့ေပမယ့္ တပ္ပိုင္းဆိုင္ရာ ကာကြယ္ေရးပစၥည္းမ်ား ေရာင္းခ်တင္သြင္းမႈမ်ားကိုေတာ့ ဆိုင္းငံ့ထားဦးမည္ျဖစ္ေၾကာင္း သိရသည္။
Credit