ဇနီး(၃၉)ယောက်နဲ့အတူ ကလေး(၉၄)ယောက် ရယူနိုင်ခဲ့သည့်အဖိုးအို ကွယ်လွန်ပြီ

Unicode

အိန္ဒိယနိုင်ငံက မိသားစုတစ်စုကတော့ ကမ္ဘာ့အကြီးဆုံးမိသားစုလို့ သတ်မှတ်ခြင်းခံခဲ့ရတာ နှစ်အတန်ငယ် ကြာခဲ့ပါပြီ။ အခုအခါမှာတော့ အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖိုးအိုဟာ အသက်(၇၆)နှစ်အရွယ်မှာပဲ ကွယ်လွန်ခဲ့ပြီလို့ သိရပါတယ်။ အဖိုးအိုရဲ့အမည်ကတော့ Ziona Chana ဖြစ်ပါတယ်။

Ziona ဟာ ပြီးခဲ့တဲ့အပတ်လောက်ကတည်းက နာမကျန်းဖြစ်ခဲ့လို့ Mizoram ပြည်နယ်က ဆေးရုံတစ်ခုမှာ တက်ရောက်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဇွန်လ(၁၃)ရက် တနင်္ဂနွေနေ့မှာတော့ သူဟာ ဆေးရုံအရေးပေါ်ကုသခန်းထဲမှာပဲ ရောဂါဒဏ်ကို မကျော်နိုင်တော့ဘဲ ဘဝကူးသွားပါတယ်။ သူဟာ ဇနီးစုစုပေါင်း (၃၉)ယောက်အထိ ယူခဲ့ပြီး-

အဲဒီ ဇနီးတွေနဲ့အတူ ကလေး (၉၄)ယောက်အထိ ရယူခဲ့ပါတယ်။ သူတို့မိသားစုနေတဲ့အိမ် အောက်ဆုံးနှစ်လွှာနဲ့ ခေါင်မိုးအထိပါထည့်တွက်ရင် (၆)ထပ်အဆောက်ဦဖြစ်ပြီး၊ အဲဒီမှာပဲ တစ်မိသားစုလုံး စုစည်းနေထိုင်ခဲ့ပါတယ်။ အိမ်ကိုတော့ Chhuanthar Run လို့ နာမည်ပေးထားပြီး “မျိုးဆက်သစ်များ”လို့ အဓိပ္ပါယ်ရပါသတဲ့။

Ziona ဟာ Chana pawl ခေါ်တဲ့ ခရစ်ယာန်နွယ်ဘာသာရေးခေါင်းဆောင်ဖြစ်ပြီး၊ အဆိုပါဘာသာရဲ့ သတ်မှတ်ချက်အရ သက်ဝင်ယုံကြည်သူ အမျိုးသားတွေအနေနဲ့ တစ်ဖက်မိန်းမကသာကြည်ဖြူရင် ဇနီးကြိုက်သလောက်ယူခွင့်ပေးတယ်လို့ သိရပါတယ်။ Ziona ဟာ ချွေးမ (၁၄)ယောက် ရှိပြီး၊ မြေး (၃၃)ဦး၊ မြစ်(၁)ဦး ပိုင်ဆိုင်ထားပါတယ်။

နေထိုင်တဲ့အဆောက်ဦကိုတော့ ဒေသခံတွေက လေးထပ်တိုက်လို့ ခေါ်ကြပါတယ်။ အဲဒီမှာ အခန်း(၁၀၀)အထိ ရှိပြီး၊ ဇနီးတွေ၊ အရွယ်ရောက်ပြီး သားသမီးတွေကို အခန်းသီးသန့်စီ နေစေပါတယ်။ သူတို့နေထိုင်တဲ့ရွာအမည်ကတော့ Baktawng Tlangnuam လို့ ခေါ်ပါတယ်။ သူတို့မိသားစုအသိုင်းအဝိုင်းကိုယ်တိုင် တည်ထောင်ထားတဲ့ ရွာပါ။

Ziona သေဆုံးခြင်းကြောင့် နယ်မြေအကြီးအကဲဖြစ်သူက ” သိပ်ကို သဘောထားကောင်းတဲ့လူ … သူ့ကို နောက်ဆုံးနှုတ်ဆက်ပါတယ် … သူတို့မိသားစုကြောင့် ရွာကို နိုင်ငံခြားသားတွေက အဝင်အထွက်များစေခဲ့တယ် … အေးအေးချမ်းချမ်း အနားယူအိပ်စက်ပါ ဆရာရေ “လို့ သူရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။ Ziona ဟာ နှလုံး၊ သွေးတိုးရောဂါ အခံရှိသူလို့ သိရပါတယ်။
လင်းသုတ

Zawgyi

အိႏၵိယနိုင္ငံက မိသားစုတစ္စုကေတာ့ ကမာၻ႔အႀကီးဆုံးမိသားစုလို႔ သတ္မွတ္ျခင္းခံခဲ့ရတာ ႏွစ္အတန္ငယ္ ၾကာခဲ့ပါၿပီ။ အခုအခါမွာေတာ့ အိမ္ေထာင္ဦးစီးျဖစ္တဲ့ အဖိုးအိုဟာ အသက္(၇၆)ႏွစ္အ႐ြယ္မွာပဲ ကြယ္လြန္ခဲ့ၿပီလို႔ သိရပါတယ္။ အဖိုးအိုရဲ႕အမည္ကေတာ့ Ziona Chana ျဖစ္ပါတယ္။

Ziona ဟာ ၿပီးခဲ့တဲ့အပတ္ေလာက္ကတည္းက နာမက်န္းျဖစ္ခဲ့လို႔ Mizoram ျပည္နယ္က ေဆး႐ုံတစ္ခုမွာ တက္ေရာက္ခဲ့တာပါ။ ၿပီးခဲ့တဲ့ ဇြန္လ(၁၃)ရက္ တနဂၤေႏြေန႕မွာေတာ့ သူဟာ ေဆး႐ုံအေရးေပၚကုသခန္းထဲမွာပဲ ေရာဂါဒဏ္ကို မေက်ာ္နိုင္ေတာ့ဘဲ ဘဝကူးသြားပါတယ္။ သူဟာ ဇနီးစုစုေပါင္း (၃၉)ေယာက္အထိ ယူခဲ့ၿပီး-

အဲဒီ ဇနီးေတြနဲ႕အတူ ကေလး (၉၄)ေယာက္အထိ ရယူခဲ့ပါတယ္။ သူတို႔မိသားစုေနတဲ့အိမ္ ေအာက္ဆုံးႏွစ္လႊာနဲ႕ ေခါင္မိုးအထိပါထည့္တြက္ရင္ (၆)ထပ္အေဆာက္ဦျဖစ္ၿပီး၊ အဲဒီမွာပဲ တစ္မိသားစုလုံး စုစည္းေနထိုင္ခဲ့ပါတယ္။ အိမ္ကိုေတာ့ Chhuanthar Run လို႔ နာမည္ေပးထားၿပီး “မ်ိဳးဆက္သစ္မ်ား”လို႔ အဓိပၸါယ္ရပါသတဲ့။

Ziona ဟာ Chana pawl ေခၚတဲ့ ခရစ္ယာန္ႏြယ္ဘာသာေရးေခါင္းေဆာင္ျဖစ္ၿပီး၊ အဆိုပါဘာသာရဲ႕ သတ္မွတ္ခ်က္အရ သက္ဝင္ယုံၾကည္သူ အမ်ိဳးသားေတြအေနနဲ႕ တစ္ဖက္မိန္းမကသာၾကည္ျဖဴရင္ ဇနီးႀကိဳက္သေလာက္ယူခြင့္ေပးတယ္လို႔ သိရပါတယ္။ Ziona ဟာ ေခြၽးမ (၁၄)ေယာက္ ရွိၿပီး၊ ေျမး (၃၃)ဦး၊ ျမစ္(၁)ဦး ပိုင္ဆိုင္ထားပါတယ္။

ေနထိုင္တဲ့အေဆာက္ဦကိုေတာ့ ေဒသခံေတြက ေလးထပ္တိုက္လို႔ ေခၚၾကပါတယ္။ အဲဒီမွာ အခန္း(၁၀၀)အထိ ရွိၿပီး၊ ဇနီးေတြ၊ အ႐ြယ္ေရာက္ၿပီး သားသမီးေတြကို အခန္းသီးသန့္စီ ေနေစပါတယ္။ သူတို႔ေနထိုင္တဲ့႐ြာအမည္ကေတာ့ Baktawng Tlangnuam လို႔ ေခၚပါတယ္။ သူတို႔မိသားစုအသိုင္းအဝိုင္းကိုယ္တိုင္ တည္ေထာင္ထားတဲ့ ႐ြာပါ။

Ziona ေသဆုံးျခင္းေၾကာင့္ နယ္ေျမအႀကီးအကဲျဖစ္သူက ” သိပ္ကို သေဘာထားေကာင္းတဲ့လူ … သူ႕ကို ေနာက္ဆုံးႏႈတ္ဆက္ပါတယ္ … သူတို႔မိသားစုေၾကာင့္ ႐ြာကို နိုင္ငံျခားသားေတြက အဝင္အထြက္မ်ားေစခဲ့တယ္ … ေအးေအးခ်မ္းခ်မ္း အနားယူအိပ္စက္ပါ ဆရာေရ “လို႔ သူရဲ႕တြစ္တာမွာ ေရးသားခဲ့ပါတယ္။ Ziona ဟာ ႏွလုံး၊ ေသြးတိုးေရာဂါ အခံရွိသူလို႔ သိရပါတယ္။
လင္းသုတ

Add a Comment

Your email address will not be published. Required fields are marked *