၅၀၅(က) ပြုတ်ဖို့ အတွက် ခံဝန် ကတိ ထိုးပြီး အိမ်မှာ အေးဆေး ပြန်နေသူများ ထဲတွင် သူမ မပါကြောင်း ပွင့်ပွင့်လင်းလင်း အသိပေးလာ တဲ့ နွယ်ဒါလီထွန်း

Unicode

ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်နေကြသူများ ထဲတွင် အချို့ အနုပညာရှင်များလည်းပါဝင်ခဲ့ကြပါတယ်။

လူထုလှုပ် ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့တဲ့ social influencer များနဲ့ အနုပညာရှင်များအား ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူခံထားရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေကြ ရသူများလည်းရှိပြီး အချို့မှာလည်း အခြေအနေအရပ်ရပ်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ခံဝန်ကတိထိုးပြီး ပုဒ်မ ၅၀၅ ပြုတ်အောင် ကူညီမယ်လို့ တိမ်း ရှောင်နေသူများထံ ဖုန်းဖြင့်ဆက်သွယ်နေကြတာတွေလည်း ရှိနေပါတယ်။ အယောက်(၅၀) လောက်လည်း ခံဝန်ထိုးပြီး ဘာမှဆက်မလုပ်တော့ဘဲ အိမ်မှာအေးအေးဆေးဆေး ပြန်နေကြ သူများလည်းရှိနေကြပြီဖြစ်ပါတယ်။

မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်းသရုပ်ဆောင် နွယ်ဒါလီထွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် social influe ncer တစ်ဦးရေးသားထားတဲ့ စာကိုပြန်လည်ဝေမျှပေးထားတာ ဖြစ်ပါတယ်။ဒါ့အပြင် ၅၀၅(က) ပြုတ်ဖို့အတွက် ခံဝန်ကတိထိုးပြီးအိမ်မှာအေးဆေးပြန်နေသူများ ထဲတွင် သူမမပါကြောင်းပရိသတ်တွေကိုပွင့်ပွင့်လင်းလင်း အသိပေးလိုက်တာပဲဖြစ်ပါတယ်။

သူမကလည်း ” ဒီလမ်းကို လူများလို့ လိုက်လျှောက်ခဲ့တာမဟုတ်ဘူး။ လက်နက်ရှိရင် ဘာမဆိုလုပ်လို့ရတယ် ထင်နေတဲ့ အာဏာရှင်စနစ်ကို မကြိုက်လို့တော်လှန်တာ။

ပြည်သူကို ထီမထင်ဘဲ ငါတို့ကြိုက်တာလုပ်မယ် မကျေနပ်ရင် သတ်ပစ်မယ်ဆိုတဲ့နိုင်ငံကို လုပ်ချင်တာလုပ်နေတဲ့ အာဏာရှင်ကို အနာဂာတ်ကလေးတွေဆီ မသွားနိုင်အောင်လို့ ငါတို့အနာခံပြီး ရပ်တန့်ပစ်နေတာ။” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

လမ်းခုလတ်မှာ မရပ်တန့်ပစ်ဘဲအဆုံးစွန်ထိပြည် သူတွေ ဘက်ကနေရှိနေပေးတဲ့ နွယ်ဒါလီထွန်းရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာကောင်းလှပါတယ်။တိမ်းရှောင်နေစဉ်အတွင်းမှာလည်း ဘေးအန္တရာယ်ကင်းဝေးပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။
Source and Photo Crd-Nwe Darli Tun’s Facebook Account

Zawgyi

ျပည္သူေတြနဲ႕အတူ အမွန္တရားဘက္က ရပ္တည္ ေနၾကသူမ်ား ထဲတြင္ အခ်ိဳ႕ အႏုပညာရွင္မ်ားလည္း ပါဝင္ခဲ့ၾကပါတယ္။

လူထုလႈပ္ ရွားမႈမ်ားတြင္ တက္ႂကြစြာပါဝင္ခဲ့တဲ့ social influencer မ်ားနဲ႕ အႏုပညာရွင္မ်ားအား ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုအေရးယူခံထားရတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေဘးကင္းရာသို႔တိမ္းေရွာင္ေနၾကရသူမ်ားလည္းရွိၿပီး အခ်ိဳ႕မွာလည္း အေျခအေနအရပ္ရပ္ေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။

ခံဝန္ကတိထိုးၿပီး ပုဒ္မ ၅၀၅ ျပဳတ္ေအာင္ ကူညီမယ္ လို႔ တိမ္း ေရွာင္ေနသူမ်ားထံ ဖုန္းျဖင့္ ဆက္သြယ္ေနၾကတာေတြလည္း ရွိေနပါတယ္။ အေယာက္(၅၀) ေလာက္လည္း ခံဝန္ထိုးၿပီး ဘာမွဆက္မလုပ္ေတာ့ဘဲ အိမ္မွာေအးေအးေဆးေဆး ျပန္ေနၾက သူမ်ားလည္းရွိေနၾကၿပီ ျဖစ္ပါတယ္။

မၾကာေသးခင္ မိနစ္ပိုင္းေလာက္ ကလည္းသ႐ုပ္ေဆာင္ ႏြယ္ဒါလီထြန္းရဲ႕ လူမႈကြန္ ယက္ စာ မ်က္ႏွာတြင္ social influe ncer တစ္ဦးေရးသားထားတဲ့ စာကို ျပန္လည္ေဝမွ်ေပးထားတာ ျဖစ္ပါတယ္။ဒါ့အျပင္ ၅၀၅(က) ျပဳတ္ဖို႔အတြက္ ခံဝန္ကတိထိုးၿပီး အိမ္မွာေအးေဆးျပန္ေနသူမ်ား ထဲတြင္ သူမ မပါေၾကာင္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း အသိေပးလိုက္တာပဲ ျဖစ္ပါတယ္။

သူမကလည္း ” ဒီလမ္းကို လူမ်ားလို႔လိုက္ေလွ်ာက္ ခဲ့တာမဟုတ္ဘူး။ လက္နက္ရွိရင္ ဘာမဆိုလုပ္လို႔ရတယ္ ထင္ေန တဲ့ အာဏာရွင္စနစ္ကို မႀကိဳက္လို႔ေတာ္လွန္တာ။

ျပည္သူကိုထီမထင္ဘဲ ငါတို႔ႀကိဳက္တာလုပ္မယ္ မေက်နပ္ရင္ သတ္ပစ္မယ္ဆိုတဲ့ နိုင္ငံကို လုပ္ခ်င္တာလုပ္ေနတဲ့ အာဏာရွင္ကိုအနာဂာတ္ကေလးေတြဆီမသြားနိုင္ေအာင္လို႔ငါတို႔အနာခံၿပီး ရပ္တန႔္ပစ္ေန တာ။” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။

လမ္းခုလတ္မွာ မရပ္တန႔္ပစ္ဘဲအဆုံးစြန္ ထိ ျပည္ သူေတြဘက္ကေန ရွိေနေပးတဲ့ ႏြယ္ဒါလီထြန္းရဲ႕စိတ္ဓာတ္က ေတာ့ ေလးစားစရာ ေကာင္းလွပါတယ္။တိမ္းေရွာင္ေနစဥ္အတြင္းမွာလည္း ေဘးအႏၲရာယ္ကင္းေဝးပါေစလို႔ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။
Source and Photo Crd-Nwe Darli Tun’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *