တရုတ်နှင့် အမေရိကန်၊EUတို့ရဲ့ အားပြိုင်မှုမှာ မြေရှားသတ္ထုက အဓိက အရေးပါဆုံးနေရာ၌ ရှိလာနိုင်

Unicode

တရုတ်နှင့် အမေရိကန်၊EUတို့ရဲ့ အားပြိုင်မှုမှာ မြေရှားသတ္ထုက အဓိက အရေးပါဆုံးနေရာ၌ ရှိလာနိုင်

အမေရိကန်၊ဥရောပသမဂ္ဂတို့က တရုတ် ကို ဝီဂါမူဆလင်အရေး၊ဟောင်ကောင်၊ ထိုင်ဝမ် အရေးတို့ဖြင့် အကြပ်ကိုင်မှုတွေ ကို အရှိန်မြှင့် လုပ်ဆောင်ရန် ပြင်ဆင်နေကြ ပြီလည်းဖြစ်သည်။G 7 ထိပ်သီးအစည်းအဝေးမှာကျန်တဲ့အရေးထက် တရုတ်ကို ဝိုင်းပြီးကြပ်ကြဖို့အရေးကိစ္စကိုအဓိကဦးစားပေး အနေဖြင့်ဆွေးနွေးမှုတွေလုပ်ခဲ့ကြသည်။

G 7 အစည်းအဝေးထုတ်ပြန်ကြေညာချက်ထဲ၌လည်းတရုတ်ကို အထူးကြပ်ကြဖို့အရေးကိုထည့်သွင်းဖော်ပြခဲ့ပါသည်။လန်ဒန်မှာရှိတဲ့ တရုတ်သံရုံးကတော့ G7 ရဲ့အခုလို ထုတ်ပြန်ကြေညာချက်ကိုအပြင်းအထန်ရှုတ်ချကြောင်းနှင့်

G 7 နိုင်ငံတွေကတရုတ်ရဲ့အတွင်းရေးကိစ္စတွေကို ဝင်ရောက် စွက်ဖက်မှု လုပ်ရန်ကြိုးပမ်းလုပ်ဆောင်နေ ကြပြီးတော့ G7 လိုနိုင်ငံတွေလိုအနည်းငယ်လောက်က ကမ္ဘာကြီးကိုလွှမ်းမိုးချုပ်ကိုင်ပြီးတော့ပြောင်းလဲချင်တဲ့ ခေတ်ကကုန်သွားပြီလို့လည်း ဆိုခဲ့ပါသည်။

တရုတ်ကတဖက်၊ကျန်တဲ့အမေရိကန်၊EU နှင့် မဟာမိတ်နိုင်ငံများတို့က တဖက်နိုင်ငရေး၊စီးပွားရေး၊ကုန်သွယ်ရေးနှင့်ဘက်ပေါင်းစုံအားပြိုင်မှုတွေရှိလာနိုင်တော့မည့် အနေအထား၌ တရုတ်က အမေရိကန်နှင့် EUတို့ဆီတင်ပို့နေတဲ့ ရှာမှရှားတဲ့ မြေရှားသတ္ထုရောင်းချပေးမှုကို လုံးဝဖြတ်တောက်ပစ်တဲ့

အထိတန်ပြန်တိုက်ခိုက်မှုတွေလုပ်နိုင်ချေရှိနိုင်သည်။(ကိုယ်ပိုင်အမြင်သက်သက်သာဖြစ် သည်)မြေရှားသတ္ထုဆိုတာက ကမ္ဘာပေါ်မှာ တရုတ်ကအများဆုံး တင်ပို့ရောင်းချနိုင်တဲ့နိုင်ငံ လည်းဖြစ်သည်။တရုတ်ကလည်း အဲဒိမြေရှားသတ္ထုအများစုတို့ကို မြန်မာကနေရရှိနေတယ်လို့သိရှိရပါသည်။

neodymium, praseodymium နှင့် dysprosiumအမည် ရှိ မြေရှားသတ္ထုများတို့ဟာ အလွန်ရှားပြီး၊ အလွန်လည်း အသုံးဝင်မှု ရှိကြသည်။ အီလက်ထရွန်းနစ်ယာဉ်များ၊ဒရုန်းယာဉ်များတို့ကနေ စမတ်ဖုန်း၊ကွန် ပျူတာစကရင်များနှင့်အဝေးကြည့် မှန်ပြောင်း မှန်ဘီလူးတို့လိုထုတ်ကုန်တွေအထိ ထုတ်လုပ်တဲ့နေရာမှာ မြေရှားသတ္ထုကိုမဖြစ်မနေသုံးရလေ့ရှိပါသည်။

မြေရှားသတ္ထုအကြောင်းတော့ ရေးထား ပြီးတာတွေများစွာလည်းလည်းရှိသည်။ မတ်လထဲမှာ ရေးခဲ့တဲ့ ပိုစ့်တခုကို အောက်၌ တွဲ၍ ဖော်ပြထားပါသည်။ပြီးခဲ့တဲ့ ၂၀၁၉ခု နှစ်ထဲ၌ အမေရိကန်ဟာမြေရှားသတ္ထုတင် သွင်းမှု လုပ်ရာ၌ တင်သွင်းမှုအားလုံး ပေါင်းရဲ့ ၈၀%လောက်ကို တရုတ်ဆီကနေ တင်သွင်းခဲ့ရပါသည်။အလားတူ EUဆိုရင်လည်းပိုလို့တောင်များခဲ့သည်။

EUရဲ့ မြေရှားသတ္ထု တင်သွင်းမှုစု စုပေါင်းရဲ့ ၉၈%လောက်ဟာ တရုတ်ဆီကနေ တင်သွင်းမှုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။တရုတ်ကမြေရှားသတ္ထုတင်ပို့ ရောင်းချမှုကိုသာရပ်ပစ်လိုက်ရင်အမေရိ ကန်နှင့် EUတို့အတွက်အကြပ်ရိုတ်သွား နိုင်တာမျိုးတွေ ရှိသွားစေနိုင်သည်။သို့သော် မြန်မာဆီကနေအမေရိကန်၊EUတို့က မြေရှားသတ္ထု ဝယ်ယူတင်သွင်းလို့ ရသွားရင်တော့ အထိုက်အလျောက်အသက်ရှူချောင်သွားနိုင်လိမ့်မည်။

မတ်လ ၈ရက်နေ့က ရေးခဲ့တဲ့ပိုစ့်ပါ မဟာတရုတ်ကြီးတို့ မြန်မာ့အရေးကိုစိတ်ဝင်စားလာပါပြီ တရုတ်နိုင်ငံဟာကမ္ဘာပေါ်၌မြေရှားသတ္ထု အများဆုံးထုတ်လုပ်ရရှိနိုင်တဲ့နိုင်ငံဖြစ်ပြီးတော့ ပြီးခဲ့တဲ့ နှစ်ထဲတုန်းကတန်ချိန်၁၄၀၀၀၀တန်အထိထုတ်လုပ်နိုင်ခဲ့သည်။ ကမ္ဘာ့မြေရှားသတ္ထု ထုတ်လုပ်မှုတန်ချိန်အားလုံးပေါင်းရဲ့ ၆၀%လောက်ရှိတဲ့ပမာဏကို တရုတ်တနိုင်ငံတည်းကလွှမ်းမိုးချုပ်ကိုင်ထားပါသည်။

တရုတ်ရဲ့မြေရှားသတ္ထုအရန်ထားရှိနိုင်မှု ပမာဏက တန်ချိန်၄၄သန်းအထိ ရှိပါ သည်။ကမ္ဘာပေါ်၌မြေရှားသတ္ထု ဒုတိယ အများဆုံးလက်ဝယ်ရှိသည့်နိုင်ငံကဗီယက်နမ်ပင်ဖြစ်ပါသည်။တရုတ်က ဗီယက်နမ်ထက် နှစ်ဆလောက်ပိုပြီးအရန်ပမာဏရှိနိုင်ပေမယ့်လည်း တရုတ်ကြီးကိုယ်တိုင်ကိုကတရုတ်ပြည်တွင်းမှာ သုံးနေသည့်မြေရှားသတ္ထုအားလုံးပေါင်းရဲ့ထက်ဝက်ခန့်ကို မြန်မာပြည်ကနေတင်သွင်းနေရတယ်လို့လည်းသိရှိရပါသည်။

မြန်မာပြည်တွင်း၌ စစ်အာဏာသိမ်းမှုဟာပြည်တွင်းရေးသာဖြစ်တယ်လို့ဆိုခဲ့ပြီး ကုလသမဂ္ဂလုံခြုရေးကောင်စီ၌လည်း ဗီတိုအာဏာသုံးပြီးစစ်အာဏာရှင်တွေဘက်ကရပ်တည်ခဲ့ပြီး၊ရပ်တည်ပြခဲ့သည့်တရုတ်ရဲ့လုပ်ရပ်ကို မြန်မာပြည်သူတွေက ပြင်းထန်စွာရှုတ်ချပြစ်တင်ခဲ့ပြီးနောက် တရုတ်စီးပွားရေးလုပ်ငန်းများ၊ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေကို မျက်စောင်းထိုးလာခဲ့သည့်အခါ၌တရုတ်ကြီးဖျက်ဖျက်လူးလာခဲ့ပြီးလေသံတွေပါချက်ချင်းပြောင်းလာခဲ့ပါသည်။

ဒါတောင်မြေရှားသတ္ထု တင်ပို့မှုကိုပိတ်ပင်ဟန့်တားခြင်းမရှိသေးပါဘူး။မြေရှားသတ္ထုနှင့် ရေနံ၊သဘာဝဓာတ်ငွေ့တို့ကိုသာမြန်မာဘက်ကနေမရရှိခဲ့ရင်တော့တရုတ်ကြီးဟာအတော်ကြီးကို အသက်ရှူကြပ်သွားနိုင်ပါသည်။အခုချိန်အထိတော့ မြန်မာပြည်တွင်းမှာရှိနေကြတဲ့တရုတ်ရဲ့မည်သည့်စီးပွားရေးလုပ်ငန်းတစိုးတစိမှ ပျက်စီးခြင်း၊ဖျက်ဆီးခံရခြင်းဟူ၍မရှိသေးပေ။ #
CRD_KoNayNay
Mon, Jun 14

Zawgyi

တ႐ုတ္ႏွင့္ အေမရိကန္၊EUတို႔ရဲ႕ အားၿပိဳင္မႈမွာ ေျမရွားသတၳဳက အဓိက အေရးပါဆုံးေနရာ၌ရွိလာနိုင္

အေမရိကန္၊ဥေရာပသမဂၢတို႔က တ႐ုတ္ကိုဝီဂါမူဆလင္အေရး၊ေဟာင္ေကာင္၊ ထိုင္ဝမ္ အေရးတို႔ျဖင့္ အၾကပ္ကိုင္မႈေတြ ကို အရွိန္ျမႇင့္ လုပ္ေဆာင္ရန္ ျပင္ဆင္ေနၾက ၿပီလည္းျဖစ္သည္။G 7ထိပ္သီးအစည္းအ ေဝးမွာ က်န္တဲ့ အေရးထက္ တ႐ုတ္ကို ဝိုင္းၿပီး ၾကပ္ၾကဖို႔အေရးကိစၥကို အဓိက ဦးစားေပး အေနျဖင့္ ေဆြးေႏြးမႈေတြ လုပ္ ခဲ့ၾကသည္။

G 7 အစည္းအေဝးထုတ္ျပန္ေၾက ညာခ်က္ထဲ၌လည္း တ႐ုတ္ကို အထူးၾကပ္ ၾကဖို႔အေရးကို ထည့္သြင္းေဖာ္ျပ ခဲ့ပါသည္။ လန္ဒန္မွာရွိတဲ့တ႐ုတ္သံ႐ုံးကေတာ့ G7 ရဲ႕အခုလို ထုတ္ျပန္ေၾကညာခ်က္ကို အျပင္း အထန္ ရႈတ္ခ်ေၾကာင္းႏွင့္

G 7 နိုင္ငံေတြကတ႐ုတ္ရဲ႕အတြင္းေရး ကိစၥေတြကို ဝင္ေရာက္ စြက္ဖက္မႈ လုပ္ရန္ ႀကိဳးပမ္းလုပ္ေဆာင္ေန ၾကၿပီးေတာ့ G7 လိုနိုင္ငံေတြလိုအနည္းငယ္ ေလာက္က ကမာၻႀကီးကို လႊမ္းမိုးခ်ဳပ္ကိုင္ၿပီးေတာ့ေျပာင္းလဲခ်င္တဲ့ ေခတ္က ကုန္သြားၿပီလို႔လည္းဆိုခဲ့ပါသည္။

တ႐ုတ္က တဖက္၊က်န္တဲ့ အေမရိကန္၊EU ႏွင့္ မဟာမိတ္နိုင္ငံမ်ားတို႔က တဖက္ နိုင္ငေရး၊စီးပြားေရး၊ကုန္သြယ္ေရးႏွင့္ ဘက္ေပါင္း စုံ အားၿပိဳင္မႈေတြ ရွိလာနိုင္ေတာ့မည့္ အေနအ ထား၌ တ႐ုတ္က အေမရိကန္ႏွင့္ EUတို႔ဆီ တင္ပို႔ေနတဲ့ ရွာမွရွားတဲ့ ေျမရွားသတၳဳ ေရာင္းခ်ေပးမႈကိုလုံးဝ ျဖတ္ေတာက္ပစ္တဲ့အထိ တန္ျပန္ တိုက္ခိုက္မႈေတြ လုပ္နိုင္ေခ် ရွိနိုင္ သည္။(ကိုယ္ပိုင္အျမင္သက္သက္သာျဖစ္ သည္) ေျမရွားသတၳဳဆိုတာက ကမာၻေပၚမွာ တ႐ုတ္ ကအမ်ားဆုံးတင္ပို႔ေရာင္းခ်နိဳင္တဲ့နိုင္ငံ လည္းျဖစ္သည္။တ႐ုတ္ကလည္း အဲဒိေျမ ရွားသတၳဳ အမ်ားစုတို႔ကို ျမန္မာကေန ရရွိ ေနတယ္လို႔သိရွိရပါသည္။

neodymium, praseodymium ႏွင့္ dysprosiumအမည္ ရွိ ေျမရွားသတၳဳမ်ားတို႔ဟာ အလြန္ရွားၿပီး၊ အလြန္လည္း အသုံးဝင္မႈ ရွိၾကသည္။ အီလက္ထ႐ြန္းနစ္ယာဥ္မ်ား၊ဒ႐ုန္း ယာဥ္မ်ားတို႔ကေန စမတ္ဖုန္း၊ကြန္ ပ်ဴတာစကရင္မ်ားႏွင့္အေဝးၾကည့္ မွန္ေျပာင္း မွန္ဘီလူးတို႔လိုထုတ္ကုန္ ေတြအထိ ထုတ္လုပ္တဲ့ေနရာမွာ ေျမရွားသတၳဳကိုမျဖစ္မေနသုံးရေလ့ရွိပါသည္။

ေျမရွားသတၳဳအေၾကာင္းေတာ့ ေရးထား ၿပီးတာေတြမ်ားစြာလည္းလည္းရွိသည္။ မတ္လထဲမွာ ေရးခဲ့တဲ့ ပိုစ့္တခုကို ေအာက္၌ တြဲ၍ ေဖာ္ျပထားပါသည္။ၿပီးခဲ့တဲ့ ၂၀၁၉ခု ႏွစ္ထဲ၌ အေမရိကန္ဟာေျမရွားသတၳဳတင္ သြင္းမႈ လုပ္ရာ၌ တင္သြင္းမႈအားလုံး ေပါင္းရဲ႕ ၈၀%ေလာက္ကို တ႐ုတ္ဆီ ကေန တင္သြင္းခဲ့ရပါသည္။

အလားတူ EUဆိုရင္လည္း ပိုလို႔ေတာင္မ်ားခဲ့ သည္။EUရဲ႕ ေျမရွားသတၳဳ တင္သြင္းမႈစု စုေပါင္းရဲ႕ ၉၈%ေလာက္ဟာ တ႐ုတ္ဆီ ကေန တင္သြင္းမႈ လုပ္ခဲ့ျခင္းလည္းျဖစ္ သည္။တ႐ုတ္က ေျမရွားသတၳဳတင္ပို႔ ေရာင္းခ်မႈကိုသာ ရပ္ပစ္လိုက္ရင္ အေမရိ ကန္ႏွင့္ EUတို႔အတြက္ အၾကပ္ရိုတ္သြား နိုင္တာမ်ိဳးေတြ ရွိသြားေစနိုင္သည္။သို႔ ေသာ္ ျမန္မာဆီကေန အေမရိကန္၊EU တို႔က ေျမရွားသတၳဳ ဝယ္ယူတင္သြင္းလို႔ရသြားရင္ေတာ့ အထိုက္အေလ်ာက္ အသက္ရႉ ေခ်ာင္သြားနိုင္လိမ့္မည္။

မတ္လ ၈ရက္ေန႕က ေရးခဲ့တဲ့ ပိုစ့္ပါ မဟာတ႐ုတ္ႀကီးတို႔ ျမန္မာ့အေရးကိုစိတ္ဝင္ စားလာပါၿပီတ႐ုတ္နိုင္ငံဟာကမာၻေပၚ၌ ေျမရွားသတၳဳ အမ်ားဆုံးထုတ္လုပ္ရရွိနိုင္တဲ့ နိုင္ငံျဖစ္ၿပီး ေတာ့ ၿပီးခဲ့တဲ့ ႏွစ္ထဲတုန္းကတန္ခ်ိန္ ၁၄၀၀၀၀တန္ အထိထုတ္လုပ္နိုင္ခဲ့သည္။ ကမာၻ႔ေျမရွားသတၳဳထုတ္လုပ္မႈတန္ခ်ိန္အားလုံး ေပါင္းရဲ႕ ၆၀%ေလာက္ရွိတဲ့ပမာဏကိုတ႐ုတ္ တနိုင္ငံတည္းကလႊမ္းမိုးခ်ဳပ္ကိုင္ထားပါသည္။

တ႐ုတ္ရဲ႕ေျမရွားသတၳဳအရန္ထားရွိနိုင္မႈ ပမာဏက တန္ခ်ိန္၄၄သန္းအထိ ရွိပါ သည္။ကမာၻေပၚ၌ေျမရွားသတၳဳ ဒုတိယ အမ်ားဆုံးလက္ဝယ္ရွိသည့္နိုင္ငံကဗီယက္ နမ္ပင္ျဖစ္ပါသည္။တ႐ုတ္က ဗီယက္နမ္ထက္ ႏွစ္ဆေလာက္ ပိုၿပီးအရန္ပမာဏရွိနိုင္ေပမယ့္လည္း တ႐ုတ္ႀကီး ကိုယ္တိုင္ကိုက တ႐ုတ္ျပည္တြင္းမွာသုံးေနသည့္ေျမရွားသတၳဳအားလုံးေပါင္းရဲ႕ ထက္ဝက္ခန႔္ကို ျမန္မာျပည္ကေနတင္သြင္းေနရတယ္ လို႔လည္းသိရွိရပါသည္။

ျမန္မာျပည္တြင္း၌ စစ္အာဏာသိမ္းမႈဟာ ျပည္တြင္းေရးသာျဖစ္တယ္လို႔ ဆိုခဲ့ၿပီး ကုလသမဂၢလုံျခဳေရး ေကာင္စီ၌လည္း ဗီတိုအာဏာသုံးၿပီးစစ္အာဏာရွင္ေတြဘက္ ကရပ္တည္ခဲ့ၿပီး၊ရပ္တည္ျပခဲ့သည့္တ႐ုတ္ရဲ႕ လုပ္ရပ္ကို ျမန္မာျပည္သူေတြက ျပင္းထန္ စြာရႈတ္ခ် ျပစ္တင္ခဲ့ၿပီးေနာက္ တ႐ုတ္စီးပြား ေရးလုပ္ငန္းမ်ား၊ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ပိုက္လိုင္းေတြကို မ်က္ေစာင္းထိုးလာခဲ့သည့္ အခါ၌တ႐ုတ္ႀကီး ဖ်က္ဖ်က္လူးလာခဲ့ၿပီး ေလသံေတြပါခ်က္ခ်င္းေျပာင္းလာခဲ့ပါသည္။

ဒါေတာင္ ေျမရွားသတၳဳ တင္ပို႔မႈကို ပိတ္ပင္ဟန႔္တားျခင္းမရွိေသးပါဘူး။ေျမရွားသတၳဳႏွင့္ ေရနံ၊သဘာဝ ဓာတ္ေငြ႕တို႔ကိုသာျမန္မာဘက္ကေန မရရွိခဲ့ရင္ေတာ့တ႐ုတ္ႀကီး ဟာ အေတာ္ႀကီးကိုအသက္ရႉၾကပ္သြားနိုင္ပါသည္။အခုခ်ိန္အထိေတာ့ ျမန္မာျပည္တြင္းမွာရွိေနၾကတဲ့တ႐ုတ္ရဲ႕မည္သည့္စီးပြားေရးလုပ္ငန္းတစိုးတစိမွပ်က္စီးျခင္း၊ဖ်က္ဆီးခံရျခင္းဟူ၍ မရွိေသးေပ။ #
CRD_KoNayNay
Mon, Jun 14