မြန်မာစစ်ကောင်စီအပေါ်တညီတညွတ်တည်းဆန့်ကျင်ဖို့အမေရိကန်စတင်တိုက်တွန်း

Unicode

မြန်မာစစ်ကောင်စီအပေါ်တညီတညွတ်တည်းဆန့်ကျင်ဖို့အမေရိကန်စတင်တိုက်တွန်း

မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာအသိုင်းအဝန်းက တညီတညွတ်တည်းဆန့်ကျင်ကြောင်းပြသကြဖို့အမေရိကန်က ထပ်မံတိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ တရားဥပေးစိုးမိုးရေးကိုလေးစားမှုမရှိသလို မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလည်းလေးစားမှုမရှိတာအတွက် အမေရိကန်ဘက်က

အဓိကစိုးရိမ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနဒုတိယပြောခွင့်ရ Jalina Porterက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက မြန်မာအရေး ကိုင်တွယ်ဆောင်ရွက်မယ့်သီးသန့်ကိုယ်စားလှယ်ခန့်အပ်ထားတာမရှိပေမယ့် မြန်မာနိုင်ငံမှာလက်ရှိကြုံနေရတဲ့အခြေနေနဲ့ပတ်သက်ပြီး အမေရိကန်ဘက်ကအထူးစိုးရိမ်နေဆဲဖြစ်ကြောင်းလည်းပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို ဆက်လက် အားပေးသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင်

မြန်မာပြည်သူတွေခံစားနေရတာကိုသိရှိဖို့နဲ့မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ်ကိုဆန့်ကျင်ကြောင်းတညီတညွတ်ထည်း ပြသကြဖို့ကမ္ဘာ့နိုင်ငံအားလုံးကို တိုက်တွန်းနေမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း သောကြာနေ့မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး Yang Jiechi နဲ့ ၂ နိုင်ငံအရေးကိစ္စအပြင်မြန်မာ့အရေးကိုပါတယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တာပါ။

Zawgyi

ျမန္မာစစ္ေကာင္စီအေပၚတညီတၫြတ္တည္းဆန့္က်င္ဖို႔အေမရိကန္စတင္တိုက္တြန္း

ျမန္မာစစ္ေကာင္စီရဲ႕ လုပ္ရပ္ေတြကို နိုင္ငံတကာ အသိုင္းအဝန္းက တညီတၫြတ္တည္း ဆန့္က်င္ေၾကာင္း ျပသၾကဖို႔ အေမရိကန္က ထပ္မံတိုက္တြန္းလိုက္ပါတယ္။

ျမန္မာစစ္တပ္ဟာ တရားဥေပးစိုးမိုးေရးကို ေလးစားမႈ မရွိသလို ျမန္မာျပည္သူေတြရဲ႕ ဆႏၵကိုလည္း ေလးစားမႈမရွိတာ အတြက္

အေမရိကန္ဘက္က အဓိကစိုးရိမ္ေနတယ္လို႔ အေမရိကန္နိုင္ငံျခားေရးဌာန ဒုတိယေျပာခြင့္ရ Jalina Porter က ေသာၾကာေန႕ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

အေမရိကန္နိုင္ငံျခားေရးဌာနက ျမန္မာအေရးကိုင္တြယ္ေဆာင္႐ြက္မယ့္ သီးသန့္ကိုယ္စားလွယ္ ခန့္အပ္ထားတာမရွိေပမယ့္ ျမန္မာနိုင္ငံမွာ

လက္ရွိႀကဳံေနရတဲ့ အေျခေနနဲ႕ပတ္သက္ၿပီး အေမရိကန္ဘက္က အထူးစိုးရိမ္ေနဆဲျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အေမရိကန္အစိုးရအေနနဲ႕ ျမန္မာျပည္သူေတြကို ဆက္လက္ အားေပးသြားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာျပည္သူေတြ

ခံစားေနရတာကို သိရွိဖို႔နဲ႕ ျမန္မာစစ္တပ္ရဲ႕ ျပည္သူေတြအေပၚကိုဆန့္က်င္ေၾကာင္း တညီတၫြတ္ထည္း ျပသၾကဖို႔ ကမာၻ႔နိုင္ငံအားလုံးကိုတိုက္တြန္းေနမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကလည္း ေသာၾကာေန႕မွာပဲ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီး Yang Jiechi နဲ႕၂ နိုင္ငံအေရးကိစၥအျပင္ ျမန္မာ့အေရးကိုပါ တယ္လီဖုန္းနဲ႕ဆက္သြယ္ ေဆြးေႏြးခဲ့တာပါ။