သင်္ကြန်တွင်းကာလတစ်လျှောက်လုံးမှာ နေ့တိုင်းစတုဒီသာအလှူလေးလုပ်ဖြစ်ခဲ့တဲ့ အမှတ်တရဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်တဲ့ ဖြူဖြူထွေး

Unicode

မင်းသမီးချောလေး ဖြူဖြူထွေးကတော့ အနုပညာနယ်ပယ်မှာ အချိန်အတိုတွင်း အခိုင်အမာရပ်တည်ထားနိုင်ခဲ့ပြီးပရိသတ်တွေရဲ့ အချစ်တွေကိုအပြည့်အဝရရှိထားခဲ့ပါတယ်။

ဖြူဖြူထွေးက ကြော်ငြာတွေများစွာနဲ့ ဗီဒီယိုဇာတ်ကားတွေကို လက်ခံရိုက်ကူးခဲ့ရတာလည်းတွေ့ရပါတယ်။

မိဘကိုလည်းသိတတ်ပြီးကျွေးမွေးပြုစုနေတဲ့ သမီးအလိမ္မာလေး တစ်ယောက်ဖြစ်တာကြောင့် အားလုံးကချစ်ခင်နေကြတာပါ

ဒါ့အပြင် သူမကသူတစ်ပါးကိုလည်းအမြဲကူညီတတ်ပြီး သူမရှာဖွေထားတဲ့ချွေးနှဲစာနဲ့အလှူအတန်းတွေကိုရက်ရက်ရောရော လှူဒါန်းပေးတဲ့သူလေးလည်းဖြစ်ပါတယ်။

ဖြူဖြူထွေးက သူမရှာဖွေထားတဲ့ငွေကြေးတွေနဲ့ ပြည်သူတွေကို အစဉ်အမြဲလှူဒါန်းလေ့ရှိတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အခုလတ်တလောဖြဟ်ပေါ်နေတဲ့

နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး ဖြူဖြူထွေးက ရေငုံနှုတ်ပိတ်နေတဲ့အတွက်ပရိတ်သတ်တွေရဲ့ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ခံနေရတာပဲဖြစ်ပါတယ်။

မကြာခင်နာရီပိုင်းလောက်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ သြင်္ကန်တွင်းကာလတစ်လျှောက်လုံး သူမနေထိုင်တဲ့ မွေးရပ်မြေ ရွာလေးမှာနေ့ရက်တိုင်းစတုဒိသာအလှူလေးပြုလုပ်ဖြစ်ခဲ့တဲ့ ဗီဒီယိုလေးကို အမှတ်တရပြန်လည်ဖော်ပြလာပါတယ်

Boycott လုပ်ခံထားရပေမဲ့ ပရိတ်သတ်တွေအကြားပြန်ဝင်ဆံရန်ကြိုးစားနေတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Boycott လုပ်ခံထားရသည့် အနှပညာရှင်တော်တော်များများဟာ ပရိတ်တွေရှိမှာ အသနားခံဖို့ နည်းလမ်းမျိူးစုံကြိုးစားနေကြပါတယ်။

ဒါ့အပြင် ကောမန့်လေးမှာလည်း ”သကြ်န်တုန်းကလှူခဲ့တယ် အလှူလေး ဒီအလှူလေးတွေကျတင်လို့ရလို့တင်လိုက်တာပါ တင်လို့မရတဲ့ နောက်ကွယ်က အလှူတွေ မတင်တာတော့ ကွကိုယ် ပြန်ချုပ်သလိုဖြစ်နေမှာဆိုလို့ပါနားလည်းပေးပါ ” ရေးသားထားပါသေးတယ်

Zawgyi









Boycott လုပ်ခံထားရသည့် အနှပညာရှင်တော်တော်များများဟာ ပရိတ်တွေရှိမှာအသနားခံဖို့နည်းလမ်းမျိုးစုံကြိုးစားနေကြပါတယ်။

ဒါ့အပြင် ကောမန့်လေးမှာလည်း ”သက်ြန်တုန်းကလှူခဲ့တယ် အလှူလေး ဒီအလှူလေးတွေကျတင်လို့ရလို့တင်လိုက်တာပါတင်လို့မရတဲ့ နောက်ကွယ်ကအလှူတွေမတင်တာတော့ ကွကိုယ် ပြန်ချုပ်သလိုဖြစ်နေမှာဆိုလို့ပါနားလည်းပေးပါ ” ရေးသားထားပါသေးတယ်

Add a Comment

Your email address will not be published. Required fields are marked *