ရှိတာလေးနဲ့ ဖြစ်သလိုအာဏာရှင်စနစ်ကိုဆက်ပြီး တော်လှန်နေအုံးမှာဆိုတဲ့ လူငယ်လေး(၃)ဦး

Unicode

ရှိတာလေးနဲ့ ဖြစ်သလိုအာဏာရှင်စနစ်ကိုဆက်ပြီး တော်လှန်နေအုံးမှာဆိုတဲ့ လူငယ်လေး(၃)ဦး

အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် နည်းမျိုးစုံဖြင့် ဆန္ဒပြ လှုပ်ရှားနေကြတဲ့အပြင် ပြည်သူ့ကိုယ်စားပြု NUG အစိုးက PDF တပ်မတော်ကိုဖွဲ့စည်းတည်ထောင်ဖို့အတွက်

စိတ်အားထက်သန်တဲ့ GZ လူငယ်တွေကို လွတ်မြောက်နယ်မြေဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ သင်ကြားပြသပေးမှုဖြင့် စစ်.ပညာများနည်းစနစ်တကျသင်ယူနေတာကိုလည်းတွေ့ရပါတယ်။

ဒီလို လွတ်မြောက်နယ်မြေဒေသတွေမှာ စစ်ပညာများကိုသင်ယူနေကြတဲ့ GZ လူငယ်များဟာ ၎င်းတို့ရဲ့တော်လှန်းရေးလမ်းစဉ်တွေနဲ့

ခက်ခက်ခဲခဲနေထိုင်စားသောက်ရတဲ့ ပုံစံတွေကိုမကြာခဏဆိုသလို ပြည်သူတွေအတွက်လူမှုကွန်မှာချပြတာတွေရှိပါတယ်။

ယခုမှာလည်း လက်ရှိအာဏာရှင်တော်လှန်ရေးအတွက်လွတ်မြောက်နယ်မြေမှာရောက်ရှိနေတဲ့ GZလူငယ်(၃)ဦးရဲ့ရင်တွင်းခံစားချက်ပြောပြလာလာခဲ့ပါတယ်။

GZ လူငယ်(၃)ဦးဟာတေးရေးတေးဆို ၊ဓာတ်ပုံဆရာ နဲ့ပုံမှန်နေထိုင်နေတဲ့သူတွေဖြစ်ကြပြီးသူတို့ရဲ့အေးချမ်းတဲ့ဘဝတွေကို

စွန့်လွှတ်ကာအနေအထိုင်၊အစားအသောက် အခက်အခဲဖြစ်တဲ့ တောတောင်တွေထဲမှာ အာဏာရှင်ကိုတော်လှန်ဖို့အတွက်ရောက်ရှိနေကြတာဖြစ်ပါတယ်။

Zawgyi







