“အသက် (၈၀)အရွယ် မိခင်အတွက် ထမင်းဝယ်ချင်လို့ ပန်းရောင်းနေပေမယ့် ဈေးဦးမပေါက်သေးတဲ့ အဘ အတွက် ကယ်တင်ရှင်”

Unicode

၅…၅….၅၀၀ ကျပ်ပဲ ပေးပါ….. ၅၀၀ ရရင် အမေ့ဆီ ထမင်းဝယ်ပြီ ပြန်မယ်

မီးပွိုင့်စိမ်းခါနီး Back မှန်လေးထဲကနေ ရုတ်တရက် တွေ့မြင်လိုက်….

ကားလေး ဘေးချရပ်ပြီး လမ်းလေး လျှောက်ကာ

အဘရေ တစ်ကုံး ဘယ်လောက်တုန်း

၅…၅…၅၀၀ ပဲ ပေးပါကွာ
{ အဘက စကားထစ် မသန်စွမ်းတစ်ယောက်ပါ }

တစ်ကုံးပဲ ရှိတော့တာလား အဘ

မနက်တည်းက ဒီတစ်ကုံးပဲ ရှိတာပါတဲ့

{ အဘက မသန်စွမ်းတော့ သိပ်မဝယ်ကြဘူးထင်တယ်၊ ပန်းကနွမ်းနေပါပြီ၊ မီးစိမ်းပြီဆို ကားတွေက မစောင့်ချင်၊ အဘက ဖြေးဖြေးချင်း မနည်းလမ်းဘေးပြန်လျှောက်နေရတယ်။ Back မှန်ထဲက တွေ့ရတာပါ။ }

သြော် ဟုတ် ကျနော် ယူမယ်နော်

ကျေး ကျေး ကျေးဇူးတင်ပါတယ်ကွာ
အမေ့တွက် ထမင်းဟင်းဝယ်လို့ရပြီ

ဟုတ် ဟုတ် အဘ
ကျနော် ပေးမယ်နော်

အမေက အသက်ဘယ်လောက်ရှိပြီလဲ
အဘေကကာ

အမေက အသက် (၈၀)ကျော်
အဘက (၅၂)နှစ်ရှိပြီတဲ့

ဟုတ် အဘ ရော့ ပန်းဖိုး (၂၀,၀၀၀)Ks

အဘမှာ ပြန်အမ်းဖို့ မရှိဘူး
{ အိတ်လေးထဲ လက်လေးနှိုက်ပြီး ရှာနေရှာတယ် }

မအမ်းနဲ့ အဘ၊ မိုးရွာတော့မယ် အိမ်ပြန်တော့နော်
အဖွားတွက် ထမင်းဟင်း ဝယ်သွားလိုက်နော်

အဖွားအတွက် (၁၀,၀၀၀)Ks
အဘအတွက် (၁၀,၀၀၀)Ks
ယူလိုက်နော်

မပီသတဲ့ လုံးထွေးနေသော ဆုတောင်းသံလေးများနှင့် အဘအိမ်ပြန်သွားတယ်

အဘ ပန်းလေး ကားလေးထဲ ချိတ်ထားလိုက်ပါတယ်

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက –

#ကိုပူတူးနှင့် ဘော်ဒါများ

KBZ Pay – 09 795 405 717

Wave – 09 540 84 37 / 09 795 405 717

CB – 0076 6005 0004 5012

Zawgyi

၅…၅….၅၀၀ က်ပ္ပဲ ေပးပါ….. ၅၀၀ ရရင္ အေမ့ဆီ ထမင္းဝယ္ၿပီ ျပန္မယ္

မီးပြိုင့္စိမ္းခါနီး Back မွန္ေလးထဲကေန ႐ုတ္တရက္ ေတြ႕ျမင္လိုက္….

ကားေလး ေဘးခ်ရပ္ၿပီး လမ္းေလး ေလွ်ာက္ကာ

အဘေရ တစ္ကုံး ဘယ္ေလာက္တုန္း

၅…၅…၅၀၀ ပဲ ေပးပါကြာ
{ အဘက စကားထစ္ မသန္စြမ္းတစ္ေယာက္ပါ }

တစ္ကုံးပဲ ရွိေတာ့တာလား အဘ

မနက္တည္းက ဒီတစ္ကုံးပဲ ရွိတာပါတဲ့

{ အဘက မသန္စြမ္းေတာ့ သိပ္မဝယ္ၾကဘူးထင္တယ္၊ ပန္းကႏြမ္းေနပါၿပီ၊ မီးစိမ္းၿပီဆို ကားေတြက မေစာင့္ခ်င္၊ အဘက ေျဖးေျဖးခ်င္း မနည္းလမ္းေဘးျပန္ေလွ်ာက္ေနရတယ္။ Back မွန္ထဲက ေတြ႕ရတာပါ။ }

ေၾသာ္ ဟုတ္ က်ေနာ္ ယူမယ္ေနာ္

ေက်း ေက်း ေက်းဇူးတင္ပါတယ္ကြာ
အေမ့တြက္ ထမင္းဟင္းဝယ္လို႔ရၿပီ

ဟုတ္ ဟုတ္ အဘ
က်ေနာ္ ေပးမယ္ေနာ္

အေမက အသက္ဘယ္ေလာက္ရွိၿပီလဲ
အေဘကကာ

အေမက အသက္ (၈၀)ေက်ာ္
အဘက (၅၂)ႏွစ္ရွိၿပီတဲ့

ဟုတ္ အဘ ေရာ့ ပန္းဖိုး (၂၀,၀၀၀)Ks

အဘမွာ ျပန္အမ္းဖို႔ မရွိဘူး
{ အိတ္ေလးထဲ လက္ေလးႏွိုက္ၿပီး ရွာေနရွာတယ္ }

မအမ္းနဲ႕ အဘ၊ မိုး႐ြာေတာ့မယ္ အိမ္ျပန္ေတာ့ေနာ္
အဖြားတြက္ ထမင္းဟင္း ဝယ္သြားလိုက္ေနာ္

အဖြားအတြက္ (၁၀,၀၀၀)Ks
အဘအတြက္ (၁၀,၀၀၀)Ks
ယူလိုက္ေနာ္

မပီသတဲ့ လုံးေထြးေနေသာ ဆုေတာင္းသံေလးမ်ားႏွင့္ အဘအိမ္ျပန္သြားတယ္

အဘ ပန္းေလး ကားေလးထဲ ခ်ိတ္ထားလိုက္ပါတယ္

ဆင္းရဲႏြမ္းပါး အဖိုးအဖြားမ်ားအတြက္ အတူအကြ ပူးေပါင္း ကူညီလႉဒါန္းလိုပါက –

#ကိုပူတူးႏွင့္ ေဘာ္ဒါမ်ား

KBZ Pay – 09 795 405 717

Wave – 09 540 84 37 / 09 795 405 717

CB – 0076 6005 0004 5012