တချို့တွေ ကလပ်တက်ပျော်ပါးသောက်စားနေချိန်မှာ ကြက်တစ်ကောင်ရလို့ အရမ်းပျော်ပြီး သွေးသစ္စာသီချင်းကို အော်ဟစ်သီဆိုကာ ပျော်ပျော်ပါးပါး ကခုန်နေကြတဲ့ တောထဲက လူငယ်တွေ

Unicode

တချို့တွေ ကလပ်တက်ပျော်ပါးသောက်စားနေချိန်မှာ ကြက်တစ်ကောင်ရလို့ အရမ်းပျော်ပြီး သွေးသစ္စာသီချင်းကို အော်ဟစ်သီဆိုကာ ပျော်ပျော်ပါးပါး ကခုန်နေကြတဲ့တောထဲကလူငယ်တွေ

အခုချိန်မှာဆိုရင် ရဲစွမ်းသတ္တိရှိတဲ့ လူငယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲကို ဝင်ရောက်ပြီး

ကျရာနေရာကနေ တာဝန်ထမ်းဆောင်နေကြတာဖြစ်ပါတယ် မြို့ကြီးပြကြီးတွေကို စွန့်ခွာပြီး တောထဲမှာစစ်ပညာသင်ယူနေတဲ့

လူငယ်တွေက သူတို့ချစ်ရတဲ့သူတွေနဲ့ ခွဲခွာခဲ့ရတာလည်းဖြစ်ပါတယ် ဒါ့အပြင် သူတို့ကဒုက္ခမျိုးစုံကို ခါးစည်းခံပြီး ရှိတာလေးနဲ့ပဲ

အဆင်ပြေအောင် နေထိုင်စားသောက်နေကြတာဖြစ်ပါတယ် အခုလည်း ရဲဘော်တစ်ဦးကကြက်တစ်ကောင်ရလို့ပျော်နေကြတဲ့

တောထဲက လူငယ်တွေဖြစ်ပါတယ်။ “မြို့ပေါ်က လူတစ်ချို့ barတွေ clubတွေတက်ပြီး ပျော်နေကြချိန်မှာတောထဲက

လူငယ်တွေကတော့ ကြက်တစ်ကောင်ရလို့ ပျော်နေခဲ့ကြတယ်…” ဆိုပြီး ရေးသားထားတာလည်းဖြစ်ပါတယ်လူငယ်တွေကတော့ သီချင်းတွေ ပျော်ပျော်ပါးပါးသီဆိုရင်း

စိတ်အပန်းဖြေနေကြတာပဲဖြစ်ပါတယ်ကြက်ကင်ကိုင်ထားတဲ့သူက ပုံစံမျိုးစုံနဲ့ကပြဖျော်ဖြေနေသလိုကျန်တဲ့ရဲဘော်တွေကလည်းတီးဝိုင်းလုပ်ပြီးဘေးကနေအားပေးနေကြတာဖြစ်ပါတယ်

ဒါ့အပြင် သူတို့အဖွဲ့က သွေးသစ္စာသီချင်းကို အားမာန်အပြည့်နဲ့ တညီတညာတည်း သီဆိုနေကြတာလည်း ဖြစ်ပါတယ်

ကြက်တစ်ကောင်ရလို့ ပျော်နေကြတဲ့တောထဲကရဲဘော်တွေကတော့ ဘဝအမောတွေကိုခဏမေ့ထားပြီးရှိတာလေးနဲ့ အဆင်ပြေအောင်နေနေကြတာပဲဖြစ်ပါတယ်
Crd

Zawgyi










Crd