မွေးဖွားသည့်အချိန်မှစ၍ ဘဝတလျှောက်လုံး စစ်ပြေးဘဝဖြင့်သာ ဖြတ်သန်းနေရသည့်အဖွားအို

သခင်စိတ်နှင့်ကျွန်စိတ်

သူ့နာမည်က ဖီးဝါးပါ။သူ့အသက်ကတော့ (၇၀) ကျော်လာပါပြီး။သို့သော် ယနေ့အချိန်ထိ ဗမာစစ်သားတွေရဲ့ သ.တ်.ဖြ.တ်မှုမှလွတ်မြောက်ရန် စ.စ်ပြေးနေရတုန်းပါ။

သူ့ကို မွေးဖွားသည့်အချိန်မှစ၍ ဘဝတလျှောက်လုံး စ.စ်ပြေးဘဝဖြင့်သာ ဖြတ်သန်းနေရသည်။ယခုလည်း အကြ.မ်းဖ.က်.စ.စ်ကောင်စီ၏ တိုက်လေယာဉ်များက သူတို့ကျေးရွာဘက်သို့ နေ့စဉ်ဗုံ.းကြဲတို.က်ခိုက်ခြင်းကြောင့် စ.စ်ပြေးနေရသည်မှာ တလကျော်နေပြီးဖြစ်သည်။

ဗမာစ.စ်လေယာဉ်တွေ မလာတော့ဘူးဆိုပါက သူ့အိမ်သို့ပြန်သွားရန် အခြေအနေကြည့်၍ နေ့စဉ်စောင့်နေလျက်ရှိသည်။တကယ်တော့ သူမဘဝကရိုးရှင်းပါတယ်။

ကျောင်းမတက်ရပါ

စာမဖတ်တတ်ပါ၊

မည်သည့်နိုင်ငံသားမှတ်ပုံတင်မှမရှိပါ၊

မည်သည့်ပါတ်စပို့မှမရှိပါ၊

ဘာစည်းစိမ်ဥစ္စာမရှိဘဲ တနေ့လုပ်မှတနေ့ စားဘဝပါ၊

ဘာကိုမှမက်မောလိုစိတ်မရှိပါ၊

သစ်ရွက်မိုးထားသည့် ဝါးအိမ်ဖြင့်သာနေထိုင်သည်။

ထိုသို့ဖြစ်ရခြင်းမှာလည်း အကြောင်းရှိသည်။ အထူးသဖြင့် ၁၉၉၀ ကျော်ကာလမှ ၂၀၁၀ ဝန်းကျင်အထိ ဗမာစ.စ်သားများက သူတို့၏နေအိမ်များ၊ ကျေးရွာများ၊တောင်ရာများကို

တနှစ်အတွင်း (၂) ကြိမ်၊(၃) ကြိမ်ခန့် လာရောက်မီးရှို့ဖျ.က်ဆီးသည့် အတွေ့အကြုံများကြောင့် စည်းစိမ်ဥစ္စာထက် အသ.က်ဘေ.းမှလွတ်မြောက်ရေးကိုသာ အမြဲအဆင်သင့် ရှိနေရပါသည်။

ထို့ကြောင့် သူမအနေဖြင့် စည်းစိမ်ဥစ္စာဖြင့် ဇိမ်ခံရေးထက် အေးချမ်းစွာနေထိုင်နိုင်ရေးကိုသာ လိုလားသည်။စ.စ်ပြေးရသူအချင်းချင်း သံလွင်မြစ်ကမ်းတနေရာတွင်ဆုံကြသောအခါ သူမနှင့်စကားစမြည်ပြောဖြစ်သည်။

ထိုအခါ သူမ၏စိတ်ဓာတ်ကို တကယ်ပင်အသိအမှတ်ပြု လေးစားရသည်။လူငယ်ဖြစ်သောကိုယ်က ဘဝတလျှောက် စစ်ပြေးနေရသောသူမကို အားမလိုအားမရဖြင့် ထိုင်းနိုင်ငံဘက်တွင် ဖွင့်ထားသော ကရင်စစ်ဘေးဒုက္ခသည်စခန်းများတွင် ဘာကြောင့် အေးအေးဆေးဆေးသွားမနေတာလဲ?

ဖွံ့ဖြိုးတိုးတက်လျက်ရှိသော အမေရိက၊ဥရောပနိုင်ငံများက ဒုက္ခသည်များကိုခေါ်တော့ ဘာလို့ သွားဖို့မလုပ်တာလဲ? ဟိုမှာဆို အေးဆေးနေရမှာပေါ့၊ အာမခံချက်လည်းရှိတယ်၊ ထောက်ပံ့မှုလည်းပေးတယ် စသည်ဖြင့် အားမနာဘဲ တရစပ်မေးခွန်းမေးမိသည်။

ထိုအခါ သူမက ပြုံးပြုံးဖြင့် အဲ့လိုမျိုးတွေလုပ်ဖို့ မိသားစုအ တွင်းမှာရော ပတ်ဝန်းကျင်မှာမှာ ခဏ ခဏခေါ်သည်၊တိုက်တွန်းသည်။သို့သော် သူမလုပ်ခဲ့ပါ။

သူမဆက်ပြောလိုက်သည်မှာ ဒုက္ခသည်စခန်းများတွင် သွားနေမည်ဆိုပါက ထိုင်းနိုင်ငံက ငါတို့ကိုနှိမ်မည်ဖြစ်သလို နိုင်ငံ တကာကလည်း ငါတို့ကို နှိမ်မည်ဖြစ်သည်။

ဘဝတလျှောက်လုံး ဗမာတွေရဲ့ဖိနှိပ်အနိုင်ကျင့်မှုကို ခံနေရပြီးဖြစ်သည့်အတွက် ထိုင်းနိုင်ငံနှင့် နိုင်ငံတကာတို့၏နှစ်ထပ်ကွမ်း၊သုံးထပ်ကွမ်း ထပ်ပြီးဖိနှိပ်မှုအတွက် ထပ်မခံချင်တော့လို့ ထိုနေရာများသို့ မသွားတာပါ။

နောက်ပြီး ထိုကဲ့သို့ထွက်သွားလိုက်မည်ဆိုပါက ငါတို့နေရာကို ဗမာတွေလာလုယူမယ်၊လာနေမယ်၊ငါတို့ဘိုးဘွားပိုင်မြေတွေ ပျောက်ဆုံးမယ်၊ရန်သူလက်ထဲကျမယ်။အဲ့ဒါကြောင့် မသွားတာပါတဲ့။

သူများမြေမှာ မျက်နှာ ငယ်လေးနဲ့ သက်သောင့်သက်သာစွာ ဇိမ်နဲ့နေရခြင်းထက် ကိုယ့်ဘိုးဘွားတွေပေးထားသည့် ဤမွေးရပ်မြေမှာပဲနေပြီး သေရတာက ပိုပြီးဂုဏ်ရှိပါတယ်။

ဒီမြေဟာ ငါတို့ရဲ့ဘိုးဘွားပိုင်တဲ့ ငါတို့ရဲ့မြေဖြစ်တဲ့အတွက် မည်သည့်အကြောင်းနဲ့မှ ကိုယ့်အိမ်ပေါ်ကဆင်း၊ကိုယ့်ဘိုးဘွားအမွေစွန့်ပြီး အိမ်ယာမဲ့ဘဝကို ခံယူစရာအကြောင်းမရှိပါ။

ကိုယ်နဲ့ဆိုင်တဲ့ကိုယ့်အိမ်ကို စွန့်လွှတ်စရာအကြောင်းလည်း မရှိပါ။တကယ်တမ်း တခြားကမ္ဘာမှာ သွားနေသင့်သူက ကိုယ်တွေမဟုတ်ပါတဲ့။

သူမစကားဆုံးသွားသည့်အချိန်တွင် သူမ၏စိတ်ဓာတ်ကို နား လည်လိုက်သည်။ တကယ်တော့ ဖီးဝါး၏ပိုင်ဆိုင်မှုဆိုတာ စ.စ်ပြေးခြင်းတောင်းတလုံးပဲရှိတာပါ။

ခြင်းတောင်းထဲမှာ ကွမ်းထုပ်၊ ယကရင်သင်တိုင်းရှည်(၂)ထည်၊ပုခက်(၁)လုံး၊မိုးကာ(၁)လက်၊ရေနွေးအိုး(၁)လုံး၊အိုးသေး(၁)လုံးနဲ့ ရိက္ခာခြောက် နည်းနည်းပဲရှိတာပါ။ သို့သော် သူမသည် သခင်စိတ်အပြည့်ရှိသူတဦးဖြစ်သည်။

သူ့ဆီမှာ သင်ခန်းစာရသည့်အရာတခုမှာ သခင်စိတ်နှင့်ကျွန်စိတ်သည် ကိုယ့်မြေ၊ ကိုယ့်ယာ၊ ကိုယ့်နေရာကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းသည့်စိတ်နှင့်သာဆိုင်သည် ဟူ၍ဖြစ်သည်။