နေပူမရှောင်၊မိုးရွာမရှောင်စျေးရောင်းနေရတဲ့ အသက်၈၀အရွယ်အဖိုးအဖွားလင်မယားကို ပျော်ပျော်ရွှင်ရွှင်အိမ်ပြန်နိုင်အောင် ကူညီပေးလိုက်တဲ့ ပြည်သူတစ်ဦး

Unicode

ဖေဖော်ဝါရီ၁ရက်နေ့အာဏာသိမ်းလိုက်တဲ့ ဖြစ်ရပ်ကြောင့် မြန်မာပြည်သူတွေရဲ့စီးပွားရေး၊ပညာရေး၊လူမှုရေး၊ကျန်းမားရေးစတဲ့ ကဏ္ဍတွေများစွာ ထိခိုက်ခဲ့ရပါတယ်။

အာဏာသိမ်းလိုက်တဲ့ အကျိုးဆက်ကို အများဆုံးခံစားနေရတာက အခြေခံပြည်သူတွေပဲဖြစ်ပါတယ်။အခုလိုစီးပွားရေးတွေကျဆင်းနေတဲ့အချိန်မှာ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ အခြေလက်လုပ်လက်စားတွေအဖို့ စားဝတ်နေရေးပြသနာကိုတောင် အနိုင်နိုင်ရင်ဆိုင်ဖြေရှင်းနေရပါတယ်။

အခုအလိုအခြေအနေမှာ အသက်ကြီးနေပြီဖြစ်ပေမယ့်ဝမ်းစာအတွက် ရုန်းကန်ရှာဖွေနေရတဲ့အဖိုးအဖွားတွေဟာလည်း အခက်အခဲတွေကြုံတွေ့နေရပါတယ်။

ပြည်သူတွေကတော့ဝမ်းစာရှာဖွေနေရတဲ့ သက်ကြီးရွယ်အိုတွေဆီကနေ မုန့်တွေ၊ရောင်းတဲ့ပစ္စည်းတွေဝယ်ယူတာမျိုး၊အလှူငွေတွေပေးအပ်တာမျိုးတွေပြုလုပ်ပြီးတတ်နိုင်သလောက်ကူညီပေးနေကြပါတယ်။

ယနေ့မှာလည်း ပြည်သူတစ်ယောက်ဟာ နေပူမရှောင်၊မိုးရွာမရှောင်စျေးရောင်းနေရတဲ့ အသက်၈၀အရွယ်အဖိုးအဖွားလင်မယားထံမှ လက်လုပ်မုန့်တွေအကုန်လုံးဝယ်ယူလိုက်တဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

ပြည်သူတစ်ဦးက ” ပျော်လိုက်တာ အဖေကြီးရယ်​​ကျမတို့ ဒီသားလေးကြောင့် လျှောက်မပတ်ရတော့ဘူးလာအိမ်ပြန်ကြမယ်

အဖေကြီးရေ အဖိုးက အသက် (၈၀)ရှိပီတဲ့ အဖွားက (၇၈) ရှိပြီတဲ့လင်မယား(၂)ယောက်မနက်ဆိုတွံ့တေး ခရမ်းဘက်ကနေရန်ကုန် တက်လာကြ

တယ်တစ်လမ်းဝင် တစ်လမ်းထွက် ပဲကောက်ညှင်းထုပ် ငှက်ပျော်ကောက်ညှင်းထုပ်လေးတွေ လိုက်ရောင်းကြတယ်ကျွန်တော်လဲအပြင်သွားရင်းဗိုက်ဆာအဖိုးအဖွားတို့နှင့် ကွက်တိတိုး အဖိုးအဖွားဘယ်လိုရောင်း အသေး ၃ထုပ် 1,000 Ks အကြီး၁ ထုပ် 500 Ksဟုတ်

အဖွားဘယ်နှထုပ် ရှိတုန်းအများကြီးပဲ သားလေးဟုတ်အဲ့ အများကြီး အကုန်သားယူမယ်အဖွား တွက်ကြည့်လိုက်နော်အကုန်23,000Ksသားရေ

ဟုတ် အဖွားရော့ဒါက မုန့်တွက် 25,000Ksနော်ဒါက အဖိုးနဲ့အဖွားလိုရာသုံးဖို့ 25,000Ksနော် အဖွားတို့မိုးရွာနေပြီနော်အိမ်ပြန်တော့နော်။

ကျေးဇူးတင်လိုက်တာသားလေးရယ်အဖွားတို့ လျှောက်မပတ်ရတော့ဘူး.ဖေကြီရေလက်ဖက်ရည်လေးသောက်ပြီကျမတို့ ပြန်ကြမယ် ကျွန်တော်တို့တွေ အေးဆေးလက်ဖက်ရည်ဆိုင် ထိုင် မုန့်စားနိုင်ပေမဲ

တချို့ အဖိုးအဖွားတွေနေပူမရှောင် မိုးရွာမရှောင်တလမ်းဝင် တလမ်းထွက် နဖူးမှ ချွေးခြေမကျတဲ့ထိရောင်းမှ

လက်ဖက်ရည်လေးသောက်နိုင်ကြတာအဖိုးအဖွားတွေအတွက် အမြဲ ကူညီနိုင်တဲ့သူ ဖြစ်ရပါစေ “ဆိုပြီးရေးသားထားခဲ့ပါတယ်။

အဖိုးအဖွားလင်မယား၂ယောက်ဆီကနေ မုန့်တွေအကုန်လုံးဝယ်ယူပေးနေတဲ့ ပြည်သူတစ်ဦးရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source -Original Uploader

Zawgyi






ယနေ့မှာလည်း ပြည်သူတစ်ယောက်ဟာ နေပူမရှောင်၊မိုးရွာမရှောင်ဈေးရောင်းနေရတဲ့အသက်၈၀အရွယ်အဖိုးအဖွားလင်မယားထံမှ လက်လုပ်မုန့်တွေအကုန်လုံးဝယ်ယူလိုက်တဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။










Add a Comment

Your email address will not be published. Required fields are marked *