တောင်ကိုရီးယားမှာ အဆောက်အဦတစ်လုံးပြိုကျခဲ့ပြီး လူ ၉ ဦး သေဆုံး

Unicode

တောင်ကိုရီးယားမှာ အဆောက်အဦတစ်လုံးပြိုကျခဲ့ပြီး လူ ၉ ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းမှာ ဗုဒ္ဓဟူးနေ့(ဇွန် ၉) ၅ ထပ် အဆောက်အဦတစ်လုံး ပြိုကျခဲ့တာကြောင့် လူ ၉ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့ပြီး အပြိုအပျက်အပိုင်းအစတွေ ဘတ်စ်ကားတစ်စီးပေါ် ဖုံးသွားခဲ့တယ်လို့ ဒေသတွင်း မီဒီယာက ဖော်ပြပါတယ်။

ဖြိုချနေစဉ် ပြိုကျသွားခဲ့တဲ့ အဆောက်အဦမှ ကွန်ကရစ်တွေဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးက ဘတ်စ်ကားဂိတ်မှာ ရပ်ထားတဲ့ ဘတ်စ်ကားတစ်စီးကို ဖုံးအုပ်သွားခဲ့တယ်လို့ ယွန်ဟပ် သတင်းအေဂျင်စီက ဆိုပါတယ်။

တောင်ပိုင်း ဂွမ်ဂျူးမြို့ရှိ အခင်းဖြစ်နေရာကို အရေးပေါ် ကယ်ဆယ်ရေးတာဝန်ရှိသူတွေ သွားရောက်ခဲ့ကြပြီး လူ ၈ ဦး ကိုကယ်တင်ပေးခဲ့ပါတယ်။ ၎င်းတို့ ၈ ဦးစလုံး ဒဏ်ရာရပြင်းထန်စွာ ရထားတယ်လို့လည်း အမျိုးသား မီးသတ်အေဂျင်စီက ထုတ်ပြန်ပါတယ်။

ယင်း ၈ ဦးဟာ ဘတ်စ်ကားပေါ်လိုက်ပါခဲ့သူတွေလား အဆောက်အဦထဲ  ရှိနေသူတွေလားဆိုတာကိုတော့ ပြောဆိုခြင်း မရှိပါဘူး။ အဆောက်အဦ ပြိုကျချိန်မှာ အဆောက်အဦထဲ လူရှိနေသလားဆိုတာကိုလည်း လတ်တလောမှာမသိရသေးဘူးလို့ ဆိုပါတယ်။

ယွန်ဟပ်သတင်းရဲ့ အဆိုအရတော့ သေဆုံး ဒဏ်ရာရသူ အများစုဟာ ဘတ်စ်ကားပေါ်က လူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အခြား ကားနှစ်စီးဟာလည်း အပြိုအပျက်တွေ ဖုံးအုပ်ခံခဲ့ရပုံရတယ်လို့ ယင်း သတင်းက ဖော်ပြခဲ့ပေမယ့်ကားနှစ်စီးဟာ ဘေးရန်ကနေ သီသီလေးလွတ်သွားခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောဆိုခဲ့ပါတယ်။

အပြိုအပျက်တွေအောက် ပိတ်မိနေသူတွေ ရှိနေသေးသလားဆိုတာ သူတို့ ရှာဖွေမှုတွေလုပ်နေကြောင်း မီးသတ်အေဂျင်စီ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်
Credit : Myanmar Cele Tv 

Zawgyi

ေတာင္ကိုရီးယားမွာ အေဆာက္အဦတစ္လုံးၿပိဳက်ခဲ့ၿပီး လူ ၉ ဦး ေသဆုံး

ေတာင္ကိုရီးယားနိုင္ငံ ေတာင္ပိုင္းမွာ ဗုဒၶဟူးေန႕(ဇြန္ ၉) ၅ ထပ္ အေဆာက္အဦတစ္လုံး ၿပိဳက်ခဲ့တာေၾကာင့္ လူ ၉ဦး ေသဆုံးကာ ၈ ဦး ဒဏ္ရာရခဲ့ၿပီး အၿပိဳအပ်က္အပိုင္းအစေတြ ဘတ္စ္ကားတစ္စီးေပၚ ဖုံးသြားခဲ့တယ္လို႔ ေဒသတြင္း မီဒီယာက ေဖာ္ျပပါတယ္။

ၿဖိဳခ်ေနစဥ္ ၿပိဳက်သြားခဲ့တဲ့ အေဆာက္အဦမွ ကြန္ကရစ္ေတြဟာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္အနီးက ဘတ္စ္ကားဂိတ္မွာ ရပ္ထားတဲ့ ဘတ္စ္ကားတစ္စီးကို ဖုံးအုပ္သြားခဲ့တယ္လို႔ ယြန္ဟပ္ သတင္းေအဂ်င္စီက ဆိုပါတယ္။

​ေတာင္ပိုင္း ဂြမ္ဂ်ဴးၿမိဳ႕ရွိ အခင္းျဖစ္ေနရာကို အေရးေပၚ ကယ္ဆယ္ေရးတာဝန္ရွိသူေတြ သြားေရာက္ခဲ့ၾကၿပီး လူ ၈ ဦး ကိုကယ္တင္ေပးခဲ့ပါတယ္။ ၎တို႔ ၈ ဦးစလုံး ဒဏ္ရာရျပင္းထန္စြာ ရထားတယ္လို႔လည္း အမ်ိဳးသား မီးသတ္ေအဂ်င္စီက ထုတ္ျပန္ပါတယ္။

ယင္း ၈ ဦးဟာ ဘတ္စ္ကားေပၚလိုက္ပါခဲ့သူေတြလား အေဆာက္အဦထဲ  ရွိေနသူေတြလားဆိုတာကိုေတာ့ ေျပာဆိုျခင္း မရွိပါဘူး။ အေဆာက္အဦ ၿပိဳက်ခ်ိန္မွာ အေဆာက္အဦထဲ လူရွိေနသလားဆိုတာကိုလည္း လတ္တေလာမွာမသိရေသးဘူးလို႔ ဆိုပါတယ္။

ယြန္ဟပ္သတင္းရဲ႕ အဆိုအရေတာ့ ေသဆုံး ဒဏ္ရာရသူ အမ်ားစုဟာ ဘတ္စ္ကားေပၚက လူေတြျဖစ္တယ္လို႔ ဆိုပါတယ္။ အျခား ကားႏွစ္စီးဟာလည္း အၿပိဳအပ်က္ေတြ ဖုံးအုပ္ခံခဲ့ရပုံရတယ္လို႔ ယင္း သတင္းက ေဖာ္ျပခဲ့ေပမယ့္ကားႏွစ္စီးဟာ ေဘးရန္ကေန သီသီေလးလြတ္သြားခဲ့တယ္လို႔ အာဏာပိုင္ေတြက အတည္ျပဳေျပာဆိုခဲ့ပါတယ္။

အၿပိဳအပ်က္ေတြေအာက္ ပိတ္မိေနသူေတြ ရွိေနေသးသလားဆိုတာ သူတို႔ ရွာေဖြမႈေတြလုပ္ေနေၾကာင္း မီးသတ္ေအဂ်င္စီ တာဝန္ရွိသူေတြက ေျပာဆိုခဲ့ပါတယ္
Credit : Myanmar Cele Tv 

Add a Comment

Your email address will not be published. Required fields are marked *