ငွေကြေးနှင့် ရိက္ခာ စစ်ကောင်စီထံမှ မယူချင်၍ ရှေ့နေအဖွဲ့ထံ ဒေါ်အောင်ဆန်းစုကြည် တောင်းခံ

Unicode

ငွေကြေးနှင့် ရိက္ခာစစ်ကောင်စီထံမှမယူချင်၍ရှေ့နေအဖွဲ့ထံ ဒေါ်အောင်ဆန်းစုကြည်တောင်းခံ

ဧရာဝတီ၊ ဇွန် ၇၊ ၂၀၂၁

အာဏာသိမ်း စစ်ကောင်စီ၏အကူအညီကိုမလိုချင်၍စားဝတ်နေရေးအတွက် အသုံးလိုသောငွေကြေးနှင့်ရိက္ခာများကို

ထောက်ပံ့ပေးရန် ၎င်း၏ရှေ့နေအဖွဲ့ထံသို့ တတ်နိုင်ပါကကူညီပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတောင်းခံခဲ့ကြောင်းသိရသည်။

“နှစ်ပတ်တခါ လိုအပ်တာတွေဝယ်ရတာရှိတယ်။လက်ထဲမှာလည်းငွေသားကမကျန်တော့ဘူး။မကျန်တော့တဲ့အခါကျတော့

ဖြစ်နိုင်ရင် ရှေ့နေတွေကတဆင့်ပဲလုပ်ပေးပါလို့တောင်းဆိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေတဦးဖြစ်သူဒေါ်မင်းမင်းစိုးကပြောသည်။

ယနေ့ နေပြည်တော်တွင်ပြုလုပ်သည့်တရားရုံးထုတ်စစ်ဆေးမှုတခုတွင်ရှေ့နေအဖွဲ့ကို

အထက်ပါအတိုင်း အကူအညီတောင်းခံခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေထိုင်သူ ၉ဦးအတွက်ဖြစ်ကြောင်းသိရသည်။

“ကျမတို့ ဆောင်ရွက်ပေးနိုင်ရင်လည်းဆောင်ရွက်ပေးပါပေါ့။ နောက် လိုအပ်တဲ့ ဆေးလေးတွေ၊နောက်နှစ်ပတ်တခါ သက်ဆိုင်ရာဌာနကတော့ပြောပါတယ်တဲ့။

သူတို့ စီစဉ်ပေးမယ်လို့ပြောပါတယ် ဒါပေမယ့်သူတို့စီစဉ်တာ မလိုချင်ဖူးပေါ့နော်။

ကိုယ့်ဘာသာကိုယ်ပဲ ကျမတို့တတ်နိုင်ရင်လုပ်ပေးပါလို့ပြောပါတယ်”ဟု ဒေါ်မင်းမင်းစိုးကပြောပြသည်။

ယခု အစီအစဉ်ကိုသက်ဆိုင်ရာနှင့်ညှိနှိုင်း၍လုပ်ဆောင်ပေးရန် ပြောဆိုသဖြင့် အတတ်နိုင်ဆုံး

ကူညီမည်ဟု ရှေ့နေအဖွဲ့ကကတိပြုခဲ့ကြောင်း၊ထို့ကြောင့် ယင်းလုပ်ငန်းများ စတင်နိုင်ရန်သက်ဆိုင်ရာနှင့်ဆွေးနွေးရန်ရှိကြောင်းသိရသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က သမတ္တဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့နှင့်လည်း

တွေ့ဆုံ စကားပြောဆိုချင်ကြောင်း နေပြည်တော်ရှိတရားခွင် ကျင်းပသည့်နေရာတွင်ပြောဆိုခဲ့သည်ဟုသိရသည်။

နေပြည်တော်တွင် အမှု၅မှုဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏

ရုံးချိန်များကို အပတ်စဉ်တနလာင်္နေ့တိုင်းပြုလုပ်သွားရန်ရှိပြီး ရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်ဆေးမည်ဟုသိရသည်။
Source: ဧရာဝတီ

Zawgyi

ေငြေၾကးႏွင့္ ရိကၡာစစ္ေကာင္စီထံမွမယူခ်င္၍ ေရွ႕ေနအဖြဲ႕ထံ ေဒၚေအာင္ဆန္းစုၾကည္ ေတာင္းခံ

ဧရာဝတီ၊ ဇြန္ ၇၊ ၂၀၂၁

အာဏာသိမ္း စစ္ေကာင္စီ၏အကူအညီကိုမလိုခ်င္၍ စားဝတ္ေနေရးအတြက္ အသုံးလိုေသာ ေငြေၾကးႏွင့္ ရိကၡာမ်ားကို

ေထာက္ပံ့ေပးရန္ ၎၏ ေရွ႕ေနအဖြဲ႕ထံသို႔တတ္နိုင္ပါက ကူညီေပးရန္နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေတာင္းခံခဲ့ေၾကာင္းသိရသည္။

“ႏွစ္ပတ္တခါ လိုအပ္တာေတြ ဝယ္ရတာ ရွိတယ္။ လက္ထဲမွာလည္း ေငြသား က မက်န္ေတာ့ဘူး။မက်န္ေတာ့တဲ့အခါက်ေတာ့

ျဖစ္နိုင္ရင္ ေရွ႕ေနေတြက တဆင့္ပဲ လုပ္ေပးပါလို႔ ေတာင္းဆိုပါတယ္”ဟု ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနတဦး ျဖစ္သူ ေဒၚမင္းမင္းစိုးက ေျပာသည္။

ယေန႕ ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ တရား႐ုံးထုတ္ စစ္ေဆးမႈတခုတြင္ ေရွ႕ေနအဖြဲ႕ကို

အထက္ပါအတိုင္း အကူအညီေတာင္းခံျခင္း ျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အတူ ေနထိုင္သူ ၉ ဦးအတြက္ ျဖစ္ေၾကာင္း သိရသည္။

“က်မတို႔ ေဆာင္႐ြက္ေပးနိုင္ရင္လည္း ေဆာင္႐ြက္ေပးပါေပါ့။ ေနာက္ လိုအပ္တဲ့ ေဆးေလးေတြ၊ ေနာက္ႏွစ္ပတ္တခါ သက္ဆိုင္ရာဌာနကေတာ့ ေျပာပါတယ္တဲ့။

သူတို႔ စီစဥ္ေပးမယ္လို႔ ေျပာပါတယ္။ဒါေပမယ့္ သူတို႔ စီစဥ္တာ မလိုခ်င္ဖူးေပါ့ေနာ္။

ကိုယ့္ဘာသာကိုယ္ပဲ က်မတို႔တတ္နိုင္ရင္ လုပ္ေပးပါလို႔ ေျပာပါတယ္”ဟု ေဒၚမင္းမင္းစိုးက ေျပာျပသည္။

ယခု အစီအစဥ္ကိုသက္ဆိုင္ရာႏွင့္ညွိႏွိုင္း၍လုပ္ေဆာင္ေပးရန္ ေျပာဆိုသျဖင့္ အတတ္နိုင္ဆုံး

ကူညီမည္ဟု ေရွ႕ေနအဖြဲ႕က ကတိျပဳခဲ့ေၾကာင္း၊ထို႔ေၾကာင့္ ယင္းလုပ္ငန္းမ်ား စတင္နိုင္ရန္သက္ဆိုင္ရာႏွင့္ ေဆြးေႏြးရန္ရွိေၾကာင္းသိရသည္။

ထို႔ျပင္ ေဒၚေအာင္ဆန္းစုၾကည္က သမၼတဦးဝင္းျမင့္၊ ေဒါက္တာမ်ိဳးေအာင္တို႔ႏွင့္လည္း

​ေတြ႕ဆုံ စကားေျပာဆိုခ်င္ေၾကာင္း ေနျပည္ေတာ္ရွိ တရားခြင္ က်င္းပသည့္ ေနရာတြင္ ေျပာဆိုခဲ့သည္ဟု သိရသည္။

ေနျပည္ေတာ္တြင္ အမႈ ၅ မႈျဖင့္ တရားစြဲဆိုခံထားရသည့္ နိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏

႐ုံးခ်ိန္မ်ားကို အပတ္စဥ္တနလာေနၤ့တိုင္း ျပဳလုပ္သြားရန္ရွိၿပီး ရက္ေပါင္း ၁၈၀အတြင္းအၿပီး စစ္ေဆးမည္ဟုသိရသည္။
Source: ဧရာဝတီ

Add a Comment

Your email address will not be published. Required fields are marked *