ဒီကနေ့မှာပဲ ရုပ်ရှင်အစည်းအရုံးအဖွဲ့၀င်အဖြစ်မှ သားအဖသုံးယောက်လုံး နှုတ်ထွက်ကြောင်း အသိပေးပြောကြားလိုက်တဲ့ သဇင်ထူးမြင့်

Unicode

ဒီနေ့မှာပဲ သားအဖသုံးယောက်လုံး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်မှ နှုတ်ထွက်ကြောင်းကို အသိပေးပြောကြားလိုက်တဲ့ သဇင်ထူးမြင့်

သဇင်ထူးမြင့်ကတော့ တတ်သစ်စအနုပညာရှင် တစ်ယောက်ဖြစ်ပေမယ့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ ရယူထားနိုင်တဲ့မင်းသမီးချောလေးပဲဖြစ်ပါတယ်။

ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ ခင်လှိုင်ရဲ့သမီးအငယ်ဆုံးလေးဖြစ်တဲ့ သူမကတော့ အနုပညာပိုးအပြည့်ပါပြီး အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်လျက်ရှိနေပါတယ်။

ချိုသာလွန်းပြီး ချစ်စရာကောင်းတဲ့ စကားပြောဟန်လေးတွေ အသည်းယား ယစရာကောင်းတဲ့ ပုံစံလေးတွေကြောင့်ပရိသတ်တွေ အချစ်ပိုရတဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။

သဇင်ထူးမြင့်တို့ သားအဖသုံးယောက်လုံး ကတော့ လတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေမှာပါဝင်ခဲ့တာကြောင့် ခြိမ်းခြောက်ခံရမှုတွေရှိနေပြီးထွက်ပြေးတိမ်ရှောင်နေရတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် လူမှုကွန်ယက်စာမျက်နှာထက်မှာတော့ ပြည်သူတွေနဲ့ တစ်သားတည်း ရှိနေကြောင်းအမြဲဖော်ပြလျက်ရှိပါတယ်။ ဒီနေ့မှာတော့သားအဖသုံးယောက်လုံး

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်မှနှုတ်ထွက်ကြောင်းကို အသိပေးပြောကြားလာပါတယ်။ပရိသတ်ကြီးလည်း ဒီသတင်းလေးကို သိရှိနိုင်စေရန်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
Credit:Cele Zone
Photo – Thazin Htoo Myint

Zawgyi




ချိုသာလွန်းပြီး ချစ်စရာ ကောင်းတဲ့စကားပြောဟန်လေးတွေ အသည်းယားစရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့အနုပညာရှင် တစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။



Credit:Cele Zone

Add a Comment

Your email address will not be published. Required fields are marked *