သူမခံစားခဲ့ရတဲ့ အခက်အခဲတွေကို ဝမ်းနည်းစွာ ပြောပြနေရင်း မျက်ရည်တွေပါ စီးကျလာတဲ့ ထားထက်ထက်ရဲ့ ဗီဒီယိုဖိုင်

Unicode

မော်ဒယ်သရုပ်ဆောင် ထားထက်ထက်ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာပြည်သူတွေနဲ့အတူတက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သောအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

အခုလို ပါဝင်ခဲ့တဲ့အတွက်လည်း ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုအရေးယူခံထားရတာဖြစ်ပါတယ်။ 

ဒါ့ကြောင့်ဘေးကင်းရာသို့တိမ်းရှောင်ရင်း ပြည်သူတွေရဲ့ အန္တရာယ်တွေကို ရှေ့ဆုံးကနေကာကွယ်ရန်တတ်နိုင်သလောက်ကြိုးစားနေသူဖြစ်ပါတယ်။

လက်ရှိမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာတွင် တော်လှန်ရေးအတွက် စစ်သင်တန်းတက်ရောက်သင်ကြားနေတာဖြစ်ပါတယ်။ 

သူမရောက်ရှိနေသောနေရာတွင် စားနပ်ရိက္ခာလိုအပ်မှုများရှိနေတာကြောင့် တတ်နိုင်သမျှပါဝင်လှူဒါန်းပေးကြဖို့ကိုလည်း အမြဲတိုက်တွန်းနေတာလည်းဖြစ်ပါတယ်။ 

မနေ့ကဖြေထားတဲ့ အင်တာဗျူးတစ်ခုမှာလည်း သူမရဲ့ လက်ရှိခံစားချက်တွေကို ဝမ်းနည်းစွာဖြင့်ဖွင့်ဟပြောပြထားတာဖြစ်ပါတယ်။

သူမရဲ့ မိသားစုဝင်များနဲ့သူငယ်ချင်းများအားလုံးကိုသတိရနေပြီး သူတို့တွေ ဘေးကင်းစွာနေကြဖို့မျှော်လင့်ကြောင်းကိုလည်းပြောထားတာဖြစ်ပါတယ်။

ထားထက်ထက်ကတော့ ဧပြီလကတည်းက တောထဲတွင် စစ်ပညာသင်ကြားနေတာဖြစ်ပြီးတတ်နိုင်တဲ့ဘက်ကနေ အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက်လုပ်ဆောင်နေတာပါ။ 

ဖေဖော်ဝါရီလကတည်းကစတင်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သော်လည်း တစ်ဖက်မှအင်အားသုံးချေမှုန်းခဲ့တာ ဖြစ်တဲ့အတွက်အပြစ်မဲ့တဲ့လူပေါင်းများစွာကျဆုံးခဲ့ရလို့ဝမ်းနည်းရပြီးနောက်ဆုံးမှာတော့ 

တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေသို့ သွားရောက်ဖို့ အခုလိုဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

ဒီရောက်ရှိနေစဉ်အတွင်း နေ့စဉ်လုပ်ဆောင်ရတဲ့လုပ်ငန်းဆောင်တာတွေကိုလည်း ပရိသတ်တွေသိရှိရအောင်ပြောပြထားပါသေးတယ်။

ထားထက်ထက်ရဲ့ မိသားစုဝင်များမှသူမရဲ့ပါဝင်ဆောင်ရွက်မှုတွေကို Facebookမှမြင်တွေ့ကာပြန်လာဖို့ပြောသော်လည်း သူတို့နဲ့ အဆက်အသွယ်မလုပ်ဘဲနေခဲ့ကြောင်းကိုလည်းပြောပြထားပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ပြန်ဖြစ်သွားတဲ့အခါသူမလုပ်ချင်တဲ့ အရာလေးတွေကိုလည်း 

ပြောပြထားတာဖြစ်တဲ့အတွက် ပရိသတ်တွေလည်းကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ရပါတယ်။
Source and Photo Crd-Htar Htet Htet’s Facebook Page and Original Uploader

Zawgyi

ေမာ္ဒယ္ သ႐ုပ္ေဆာင္ ထားထက္ထက္ကေတာ့ ျမန္မာနိုင္ငံတြင္ လက္ရွိ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာျပည္သူေတြနဲ႕အတူတက္ႂကြစြာပူးေပါင္းပါဝင္ခဲ့ေသာအႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။ 

အခုလို ပါဝင္ခဲ့တဲ့အတြက္လည္း ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆို အေရးယူခံထားရတာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ေဘးကင္းရာသို႔တိမ္းေရွာင္ရင္း ျပည္သူေတြရဲ႕ အႏၲရာယ္ေတြကို ေရွ႕ဆုံးကေနကာကြယ္ရန္ တတ္နိုင္သေလာက္ ႀကိဳးစားေနသူျဖစ္ပါတယ္။

လက္ရွိမွာေတာ့ လြတ္ေျမာက္နယ္ေျမတစ္ေနရာတြင္ ေတာ္လွန္ေရးအတြက္ စစ္သင္တန္းတက္ေရာက္သင္ၾကားေနတာ ျဖစ္ပါတယ္။ 

သူမေရာက္ရွိေနေသာ ေနရာတြင္ စားနပ္ရိကၡာလိုအပ္မႈမ်ားရွိေနတာေၾကာင့္ တတ္နိုင္သမွ်ပါဝင္လႉဒါန္းေပးၾကဖို႔ကိုလည္းအၿမဲတိုက္တြန္းေနတာလည္း ျဖစ္ပါတယ္။ 

မေန႕က ေျဖထားတဲ့အင္တာဗ်ဴးတစ္ခုမွာလည္းသူမရဲ႕ လက္ရွိ ခံစားခ်က္ေတြကိုဝမ္းနည္းစြာျဖင့္ ဖြင့္ဟ ေျပာျပထားတာ ျဖစ္ပါတယ္။

သူမရဲ႕ မိသားစုဝင္မ်ားနဲ႕သူငယ္ခ်င္းမ်ားအားလုံးကိုသတိရေနၿပီးသူတို႔ေတြ ေဘးကင္းစြာ ေနၾကဖို႔ ေမွ်ာ္လင့္ေၾကာင္းကိုလည္း ေျပာထားတာ ျဖစ္ပါတယ္။

ထားထက္ထက္ကေတာ့ ဧၿပီလကတည္းက ေတာထဲတြင္ စစ္ပညာသင္ၾကားေနတာ ျဖစ္ၿပီးတတ္နိုင္တဲ့ဘက္ကေန အာဏာရွင္ကိုတိုက္ထုတ္ဖို႔အတြက္ လုပ္ေဆာင္ေနတာပါ။ 

ေဖေဖာ္ဝါရီလကတည္းကစတင္ကာ ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္ခဲ့ေသာ္လည္းတစ္ဖက္မွအင္အားသုံး ေခ်မႈန္းခဲ့တာ ျဖစ္တဲ့အတြက္ အျပစ္မဲ့တဲ့လူေပါင္းမ်ားစြာက်ဆဳံးခဲ့ရလို႔ဝမ္းနည္းရၿပီး ေနာက္ဆုံးမွာေတာ့ 

ေတာ္လွန္ေရးအတြက္ လြတ္ေျမာက္နယ္ေျမသို႔ သြားေရာက္ဖို႔ အခုလို ဆုံးျဖတ္ခ်က္ ခ်ခဲ့တာ ျဖစ္ပါတယ္။

ဒီေရာက္ရွိေနစဥ္အတြင္း  ေန႕စဥ္လုပ္ေဆာင္ရတဲ့လုပ္ငန္းေဆာင္တာေတြကိုလည္း ပရိသတ္ေတြသိရွိရေအာင္ ေျပာျပထားပါေသးတယ္။

ထားထက္ထက္ရဲ႕မိသားစုဝင္မ်ားမွသူမရဲ႕ပါဝင္ေဆာင္႐ြက္မႈေတြကို Facebookမွ ျမင္ေတြ႕ကာ ျပန္လာဖို႔ ေျပာေသာ္လည္း သူတို႔နဲ႕ အဆက္အသြယ္ မလုပ္ဘဲေနခဲ့ေၾကာင္းကိုလည္း ေျပာျပထားပါတယ္။

စစ္မွန္တဲ့ဒီမိုကေရစီနိုင္ငံေတာ္သစ္ႀကီး ျပန္ျဖစ္သြားတဲ့အခါသူမလုပ္ခ်င္တဲ့ အရာေလးေတြကိုလည္း

 ေျပာျပထားတာ ျဖစ္တဲ့အတြက္ ပရိသတ္ေတြလည္းၾကည့္ရႈနိုင္ေအာင္တင္ဆက္ေပးလိုက္ ရပါတယ္။
Source and Photo Crd-Htar Htet Htet’s Facebook Page and Original Uploader

Add a Comment

Your email address will not be published. Required fields are marked *