နိုင်ငံတကာတရားရုံး ICJ တွင် မြန်မာကိုတရားစွဲထားသည့်အမှု NUG အစိုးရက ထပ်မံ ခုခံချေပရန်မရှိ

Unicode

မြန်မာစစ်တပ်ကို နိုင်ငံတကာတရားရုံး ICJ မှာ စွဲတင်ထားတဲ့အမှုနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထပ်ပြီးခုခံချေပဖို့မရှိတော့ဘူးလို့

NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးက ဇွန်လ ၄ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ၂၀၁၉ နိုဝင်ဘာ ၁၁ရက်နေ့က

နိုင်ငံတကာတရားရုံး ICJ မှာ အမှုဖွင့်ခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ မြန်မာနိုင်ငံအတွက် ခုခံချေပတာတွေ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။ NUG အစိုးရကတော့ နိုင်ငံတကာတရားရုံးက ချမှတ်မယ့် ဆုံးဖြတ်ချက်ကို လက်ခံသွားဖို့ပဲရှိတယ်လို့ ဆိုပါတယ်။

“ICJ ကိုဆက်သွယ်ထားတာမှန်ပါတယ်။ နိုင်ငံတကာမှာ လုပ်လက်စအလုပ်တွေကို ဆက်လုပ်ဖို့ တာဝန်ရှိတယ်လို့ယူဆတဲ့အတွက် ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ICJ မှာ ခုခံချေပမှုတွေကပြီးသွားပါပြီ။

ကျနော်တို့ အနေနဲ့ကတော့ ဒါနဲ့ပတ်သက်ပြီး အထွေအထူးဘာမှဆက်ပြီးပြောစရာမရှိတော့ပါဘူး။တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုလက်ခံသွားမှာဖြစ်ပါတယ်။ ထူးထူးခြားခြားခုခံသွားဖို့မရှိပါဘူး” လို့ ဒုဝန်ကြီး ဦးမိုးဇော်ဦးကပြောပါတယ်။

မြန်မာစစ်တပ်ကို အဖွဲ့ဝင် ၅၇ နိုင်ငံပါတဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင် ငံက တရားစွဲထားတာဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့စွပ်စွဲချက်မှာ မြန်မာစစ်တပ်ရဲ့ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ချက်တွေဟာ ၁၉၄၈ ကုလသမဂ္ဂလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခဲ့တယ် လို့ဆိုပါတယ်။

မြန်မာစစ်တပ်ကတော့ နိုင်ငံတကာတရားရုံးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သွားရောက်ချေပ တုန်းက အန်အယ်လ်ဒီ အစိုးရရဲ့ဆောင်ရွက်ချက်အနောက်က လိုက်မယ်လို့ ဆိုခဲ့ပါတယ်။
Source : DVB

Zawgyi

ျမန္မာစစ္တပ္ကို နိုင္ငံတကာတရား႐ုံး ICJ မွာ စြဲတင္ထားတဲ့အမႈနဲ႕ပတ္သက္ၿပီး အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က ထပ္ၿပီးခုခံေခ်ပဖို႔မရွိေတာ့ဘူးလို႔

NUG နိုင္ငံျခားေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးမိုးေဇာ္ဦးက ဇြန္လ ၄ရက္ေန႕ သတင္းစာရွင္းလင္းပြဲမွာေျပာပါတယ္။

၂၀၁၇ ခုႏွစ္အတြင္းမွာ ရိုဟင္ဂ်ာေတြအေပၚ ျမန္မာစစ္တပ္က လူမ်ိဳးတုံး သတ္ျဖတ္ခဲ့တယ္ဆိုၿပီး ဂမ္ဘီယာနိုင္ငံက ၂၀၁၉ နိုဝင္ဘာ ၁၁ရက္ေန႕က

နိုင္ငံတကာတရား႐ုံး ICJ မွာ အမႈဖြင့္ခဲ့ပါတယ္။ ဒီအမႈနဲ႕ပတ္သက္ၿပီး နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္

နယ္သာလန္နိုင္ငံ သည္ဟိတ္ၿမိဳ႕က ICJ တရား႐ုံးမွာ ျမန္မာနိုင္ငံအတြက္ ခုခံေခ်ပတာေတြ သြားေရာက္ေဆာင္႐ြက္ခဲ့ပါတယ္။ NUG အစိုးရကေတာ့ နိုင္ငံတကာတရား႐ုံးက ခ်မွတ္မယ့္ ဆုံးျဖတ္ခ်က္ကို လက္ခံသြားဖို႔ပဲရွိတယ္လို႔ ဆိုပါတယ္။

“ICJ ကိုဆက္သြယ္ထားတာမွန္ပါတယ္။ နိုင္ငံတကာမွာ လုပ္လက္စအလုပ္ေတြကို ဆက္လုပ္ဖို႔ တာဝန္ရွိတယ္လို႔ယူဆတဲ့အတြက္ ဆက္လက္ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ ICJ မွာ ခုခံေခ်ပမႈေတြကၿပီးသြားပါၿပီ။

က်ေနာ္တို႔ အေနနဲ႕ကေတာ့ ဒါနဲ႕ပတ္သက္ၿပီး အေထြအထူးဘာမွဆက္ၿပီးေျပာစရာမရွိေတာ့ပါဘူး။တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္ကိုလက္ခံသြားမွာျဖစ္ပါတယ္။ ထူးထူးျခားျခားခုခံသြားဖို႔မရွိပါဘူး” လို႔ ဒုဝန္ႀကီး ဦးမိုးေဇာ္ဦးကေျပာပါတယ္။

ျမန္မာစစ္တပ္ကို အဖြဲ႕ဝင္ ၅၇ နိုင္ငံပါတဲ့ အစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ OIC ကိုယ္စား ဂမ္ဘီယာနိုင္ ငံက တရားစြဲထားတာျဖစ္ပါတယ္။

ဂမ္ဘီယာနိုင္ငံရဲ႕စြပ္စြဲခ်က္မွာ ျမန္မာစစ္တပ္ရဲ႕ ရခိုင္ျပည္နယ္အတြင္း ေဆာင္႐ြက္ခ်က္ေတြဟာ ၁၉၄၈ ကုလသမဂၢလူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ဆုံးျဖတ္ခ်က္ကို ခ်ိဳးေဖာက္ခဲ့တယ္ လို႔ဆိုပါတယ္။

ျမန္မာစစ္တပ္ကေတာ့ နိုင္ငံတကာတရား႐ုံးမွာ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္သြားေရာက္ေခ်ပ တုန္းက အန္အယ္လ္ဒီ အစိုးရရဲ႕ေဆာင္႐ြက္ခ်က္အေနာက္က လိုက္မယ္လို႔ ဆိုခဲ့ပါတယ္။
Source : DVB

Add a Comment

Your email address will not be published. Required fields are marked *