အဆိုတော် မေနာ၊ ညီမင်းခိုင်နဲ့ ဝေကြီးတို့ စစ်ကောင်စီရဲ့ ဂီတအစည်းအရုံးမှနှုတ်ထွက်

Unicode

အဆိုတော် မနော၊ ညီမင်းခိုင်နဲ့ ဝေကြီးတို့ စစ်ကောင်စီရဲ့ ဂီတအစည်းအရုံးမှနှုတ်ထွက်

စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း အတည်ပြုဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ယာယီအလုပ်အမှုဆောင်အဖွဲ့မှာ နိုင်ငံကျော် ကျေးလက်အဆိုတော် မနော၊ လူငယ်ကြိုက်အဆိုတော် ညီမင်းခိုင်နဲ့ နာမည်ကျော် တေးရေးတေးဆို ဝေကြီး (ခ) ငြိမ်းချမ်းသော်တို့ကို ထည့်သွင်းဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။

အဆိုတော် မနောကတော့ အဲဒီအဖွဲ့မှာ သူ့နာမည်ကို ထည့်သွင်းထားတာ ဒီနေ့မနက်မှ သိရပြီး သိသိချင်းပဲ စာပို့ပြီး သူမလုပ်နိူင်ကြောင်းကို မေတ္တာရပ်ခံ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

“ဒီမနက်ကမှ သိရတာဖြစ်ပါတယ်။ ကျနော် သိသိချင်းပဲ မေတ္တာရပ်ခံစာ ပို့ထားပါတယ်”လို့ မနောက သူ့ရဲ Facebook မှာ ရေးသားထားပါတယ်။

အလားတူ အဆိုတော် ညီမင်းခိုင်ကလည်း အဲဒီအဖွဲ့မှာ သူမလုပ်နိုင်လို့ နှုတ်ထွက်ပါတယ်လို့ ထုတ်ပြန်ပါတယ်။

“ကိုယ့်ချစ်သူတောင် မစည်းရုံးနိုင်တာဗျာ၊ လူကြမင်းများအားလုံး နားလည်ပေးကြပါ။ လေးစားစွာဖြင့် နှုတ်ထွက်အပ်ပါသည်”လို့ ညီမင်းခိုင်က သူ့ Facebook မှာ ရေးသားထားပါတယ်။

နာမည်ကျော် တေးရေးတေးဆို ဝေကြီး (ခ) ငြိမ်းချမ်းသော်ကလည်း သူဟာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ဝင် လုံးဝမဟုတ်ကြောင်း သူ့ရဲ့ Facebook ကနေ ရေးသားပြောဆိုပါတယ်။

စစ်ကောင်စီက ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) (ယာယီ)မှာ အဆိုတော် ကိုင်ဇာက ဥက္ကဌအဖြစ် တာဝန်ယူထားပါတယ်။

အဆိုပါ အဖွဲ့အစည်းရဲ့နာယကတွေအဖြစ် ဗိုလ်ကလေးတင့်အောင်၊ အဆိုတော် တင်တင်မြ၊ ဟင်္သာတ မြင့်ငွေ၊ တင်ဦးလေး၊ မြန်မာပြည် သိန်းတန်တို့က တာဝန်ယူထားပါတယ်။

အလုပ်အမှုဆောင်အဖွဲ့မှာ အဆိုတော် ကိုင်ဇာက ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ဦးကြည်မင်းသိန်း၊ အဆိုတော် S ကဲနက်တို့အပါအဝင် မြန်မာသံနဲ့ ခေတ်ပေါ်တေးရေး၊ တေးဂီတ တီးခတ်သူပညာရှင်အချို့က အလုပ်အမှုဆောင်အဖွဲ့ဝင်များအဖြစ် ပါဝင်နေကြောင်း သိရပါတယ်။
credit Ayeyarwaddy_Times

Zawgyi

အဆိုေတာ္ မေနာ၊ ညီမင္းခိုင္နဲ႕ ေဝႀကီးတို႔ စစ္ေကာင္စီရဲ႕ ဂီတအစည္းအ႐ုံးမွႏႈတ္ထြက္

စစ္ေကာင္စီက ယခုရက္ပိုင္းအတြင္း အတည္ျပဳဖြဲ႕စည္းခဲ့တဲ့ ျမန္မာနိုင္ငံ ဂီတအစည္းအ႐ုံး (ဗဟို) ယာယီအလုပ္အမႈေဆာင္အဖြဲ႕မွာ နိုင္ငံေက်ာ္ ေက်းလက္အဆိုေတာ္ မေနာ၊ လူငယ္ႀကိဳက္အဆိုေတာ္ ညီမင္းခိုင္နဲ႕ နာမည္ေက်ာ္ ေတးေရးေတးဆို ေဝႀကီး (ခ) ၿငိမ္းခ်မ္းေသာ္တို႔ကို ထည့္သြင္းဖြဲ႕စည္းခဲ့ေၾကာင္း သိရပါတယ္။

အဆိုေတာ္ မေနာကေတာ့ အဲဒီအဖြဲ႕မွာ သူ႕နာမည္ကို ထည့္သြင္းထားတာ ဒီေန႕မနက္မွ သိရၿပီး သိသိခ်င္းပဲ စာပို႔ၿပီး သူမလုပ္နိူင္ေၾကာင္းကို ေမတၱာရပ္ခံ အေၾကာင္းၾကားထားတယ္လို႔ ဆိုပါတယ္။

“ဒီမနက္ကမွ သိရတာျဖစ္ပါတယ္။ က်ေနာ္ သိသိခ်င္းပဲ ေမတၱာရပ္ခံစာ ပို႔ထားပါတယ္”လို႔ မေနာက သူ႕ရဲ Facebook မွာ ေရးသားထားပါတယ္။

အလားတူ အဆိုေတာ္ ညီမင္းခိုင္ကလည္း အဲဒီအဖြဲ႕မွာ သူမလုပ္နိုင္လို႔ ႏႈတ္ထြက္ပါတယ္လို႔ ထုတ္ျပန္ပါတယ္။

“ကိုယ့္ခ်စ္သူေတာင္ မစည္း႐ုံးနိုင္တာဗ်ာ၊ လူၾကမင္းမ်ားအားလုံး နားလည္ေပးၾကပါ။ ေလးစားစြာျဖင့္ ႏႈတ္ထြက္အပ္ပါသည္”လို႔ ညီမင္းခိုင္က သူ႕ Facebook မွာ ေရးသားထားပါတယ္။

နာမည္ေက်ာ္ ေတးေရးေတးဆို ေဝႀကီး (ခ) ၿငိမ္းခ်မ္းေသာ္ကလည္း သူဟာ ျမန္မာနိုင္ငံ ဂီတအစည္းအ႐ုံး အလုပ္အမႈေဆာင္အဖြဲ႕ဝင္ လုံးဝမဟုတ္ေၾကာင္း သူ႕ရဲ႕ Facebook ကေန ေရးသားေျပာဆိုပါတယ္။

စစ္ေကာင္စီက ဦးေဆာင္ၿပီး ဖြဲ႕စည္းခဲ့တဲ့ ျမန္မာနိုင္ငံ ဂီတအစည္းအ႐ုံး (ဗဟို) (ယာယီ)မွာ အဆိုေတာ္ ကိုင္ဇာက ဥကၠဌအျဖစ္ တာဝန္ယူထားပါတယ္။

အဆိုပါ အဖြဲ႕အစည္းရဲ႕နာယကေတြအျဖစ္ ဗိုလ္ကေလးတင့္ေအာင္၊ အဆိုေတာ္ တင္တင္ျမ၊ ဟသၤာတ ျမင့္ေငြ၊ တင္ဦးေလး၊ ျမန္မာျပည္ သိန္းတန္တို႔က တာဝန္ယူထားပါတယ္။

အလုပ္အမႈေဆာင္အဖြဲ႕မွာ အဆိုေတာ္ ကိုင္ဇာက ဥကၠဌအျဖစ္ တာဝန္ယူထားၿပီး ဦးၾကည္မင္းသိန္း၊ အဆိုေတာ္ S ကဲနက္တို႔အပါအဝင္ ျမန္မာသံနဲ႕ ေခတ္ေပၚေတးေရး၊ ေတးဂီတ တီးခတ္သူပညာရွင္အခ်ိဳ႕က အလုပ္အမႈေဆာင္အဖြဲ႕ဝင္မ်ားအျဖစ္ ပါဝင္ေနေၾကာင္း သိရပါတယ္။
credit Ayeyarwaddy_Times

Add a Comment

Your email address will not be published. Required fields are marked *