Masterchef US ကြည့်တိုင်း တခြား အာရှနိုင်ငံက လူတွေပြိုင်တာမြင်တိုင်းဗမာတွေ ဝင်ပြိုင်တာကို အရမ်း ကြည့်ချင်ခဲ့တာ… )
Unicode
Masterchef US ကြည့်တိုင်း တခြား အာရှနိုင်ငံက လူတွေပြိုင်တာမြင်တိုင်းဗမာတွေ ဝင်ပြိုင်တာကို အရမ်း ကြည့်ချင်ခဲ့တာ
(ကိုယ်မကြည့်ရသေးတဲ့ Season တွေမှာ ပါခဲ့လားတော့ မသိဘူးပေါ့)
မနေ့က အသစ် ထွက်တဲ့ Masterchef (US) Legend ကိုကြည့်တော့မှ ဒီ contestant က I was born and raised in Burma ဆိုတော့ Wow လို့တောင် ဖြစ်သွားတယ်
ဗမာပြည်ဆိုတာ ဒိုင်တွေ ကြားဖူးပါ့မလားလို့ အားငယ်မိတာ
ဒါပေမဲ့ Joe က ဗမာအစားအစာတွေအကြောင်းကို US က ဘာတွေ သိဖို့လိုလဲလို့ အရေးတယူမေးပေးတာ အားတက်ရတယ်
စုက မြန်မာအစားအသောက်တွေဟာ အိန္ဒိယ၊ တရုတ်နဲ့ အရှေ့တောင်အာရှရဲ့ လွှမ်းမိုးမှုတွေ ပါတယ်
သူ့ ချက်ပြမယ့် ဟင်းထဲမှာ ဒါတွေကို ဖော်ဆောင်ပြမယ်လို့ ဖြေခဲ့တယ်
ဒိုင်တွေရှေ့မှာ ဟင်းကို ချပြတော့အရွေးခံရပါစေ ဗမာအုန်းနို့ခေါက်ဆွဲကို ဒိုင်တွေကြိုက်ပါစေ လို့ ဆုတောင်းရင်း ရင်တမမ နဲ့ ကြည့်ရတယ် ကိုယ့်မှာ
Audition ထဲ ဝင်ဖို့ဆိုတာ အင်မတန်ခက်လို့ပါပြီးတော့ ဒီနှစ်က ၁၅ ယောက်ပဲ ရွေးမှာပါ
ဒိုင်လေးယောက်လုံးက Yes ပေးရုံမက အုန်းနို့ခေါက်ဆွဲကို အလုအယက်စားကြတာကြည့်ပြီး မျက်ရည်တောင် ကျတယ် ဝမ်းသာလို့
အရမ်းတင်းကြပ်ပြီး Yes ပေးခဲတဲ့ Joe ကလည်း Yes ပေးတယ် ကျမ အချစ်ကြီး Gordon ကလည်း အခုထိ ပြိုင်သမျှထဲ စားလို့အကောင်းဆုံးပဲတဲ့..
ဒိုင်တွေရဲ့ မှတ်ချက်ကို ဘာသာပြန်ထားတာ ကူးယူလာပါတယ်
(အစ်မ Suu က သူ့ရဲ့မြန်မာအုန်းနို့ခေါက်ဆွဲကို ဒိုင်လေးယောက်ကို တည်ခင်းတော့ သူ့ရဲ့ တည်ခင်းပုံကို အာရွန်က ချီးကျူးတယ်။ နောက် တစ်ယောက်ချင်းစီ မြည်းကြတယ်။
Emeril ကြီးကပြောတယ် ” ဒီဟင်းပွဲဟာ အချစ်တွေနဲ့ပြည့်နှက်နေတဲ့ ဟင်းပွဲတစ်ခုပါ။ ကျေးဇူးတင်ပါတယ် ” တဲ့။
Aaron ကတော့ ဒီဟင်းပွဲဟာ တကယ့်ကို ကောင်းကြောင်း ချီးကျူးတယ်။
Joe က ” ဒီဟင်းပွဲက မြန်မာ့ဟင်းပွဲတစ်ပွဲအနေနဲ့ အနက်ရှိုင်းဆုံး ဖော်ကျူးထားတာပဲ ” လို့ ပြောသွားတယ်။
နောက်ဆုံး Gordon ကတော့ ” ဒီနေ့ည ငါ မြည်းခဲ့သမျှထဲမှာ ဒီဟင်းပွဲက အကောင်းဆုံးပဲ” လို့ကို ပြောသွားပြီး တစ်ယောက်ချင်းစီအနေနဲ့ Yes ပြောစရာမလိုဘဲနဲ့ကို အစ်မ Suu အနေနဲ့ Apron ရသွားတယ်။
Crd to Nga Khant)
Sue ရေ White Apron ရလို့ အရမ်းဂုဏ်ယူပါတယ်
ပွဲစဉ်တလျှောက်အကောင်းဆုံးကြိုးစားပါနော်
အခုလို့ ကမ္ဘာ့အကြီးဆုံး World Biggest Culinary Competition ကနေ တစ်ဆင့်မြန်မာအစားအစာတွေကို ကမ္ဘာသိအောင် ပြနိုင်ပါစေ
အခု Top 15 ကနေ Top 10 ပြီးတော့Top 5 နောက်ဆုံး Winner ပါ ဖြစ်ပါစေလို့ ဆုတောင်းအားပေးနေမယ်နော်
(ရုပ်သံကြည့်ရန်)
Zawgyi
Crd to Nga Khant)
Add a Comment
Your email address will not be published. Required fields are marked *