ခုလိုကာလမှာ စားဝတ်နေရေး အခက်အခဲ ကြောင့် မျက်စဉ်းဆေး မဝယ်နိုင်လို့ မျက်စိ ကွယ်နိုင် လော က်တဲ့ အခြေနေကို ရင်ဆိုင်နေရတဲ့ လူကြမ်း သရုပ် ဆောင်ကြီး ဦးဘဂျမ်း
Unicode
ပရိတ်သတ်ကြီးရေ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်
အနုပညာရှင်တွေလည်း အလုပ်တွေရပ်နားထားရကာ စီးပွားရေးကြပ်တည်းမှုတွေနဲ့ တွေ့ကြုံခံစားနေကြရတာဖြစ်ပါတယ်။ဇာတ်ပို့၊ဇာတ်ရံ
တွေနဲ့လူကြမ်းသရုပ်ဆောင်တွေဆိုရင်လည်းပဲ အနုပညာ အလုပ်တွေမလုပ်ရတော့တာကြောင့် အတော်လေးခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့သိရပါတယ်။မြန်မာ့အနုပညာလောက မှာ လူကြမ်းသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်
သရုပ်ဆောင်တဲ့ ဦးဘဂျမ်းတစ်ယောက်လည်း စီးပွားရေး မပြေလည်မှုတွေကြောင့်တိမ်စွဲနေတဲ့မျက်လုံးကုသဖို့ အတွက် ဆေးဖိုးပင်မတတ်နိုင်ဘူးလို့သိရပါတယ်။အခုလိုအခက်အခဲဖြစ်နေတဲ့ ဦးဘဂျမ်းတွက် သရုပ်ဆောင်မေနွယ်ထွန်း
က သူတတ်နိုင်တဲ့ဘက်ကနေ ကူညီခဲ့တာပါ မေနွယ်ထွန်းက သူမရဲ့ Facebookစာမျက်နှာမှာ “ ဒီ ဦးလေးကိုတော်တော် များများကတော့ သိကြမယ်လို့ထင်ပါတယ်ရှင် သူကအနုပညာလောကမှာ လူကြမ်းမင်းသားကြီးအဖြစ်နဲ့ ရပ်တည်ခဲ့
တာကြာပါပြီ မနေ့ကဆွိကို ဦးဆွေကနေတဆင့် အကူ ညီတောင်းလာပါတယ်။ ဦးဆေဆွေကကြားကကူညီပြီးပြောပေးတာပါ။ ဦးဘဂျမ်းမျက်လုံးတဖက်ကတိမ်ဖုံးပြီးမမြင်ရတော့ပါဘူး။ မျက်စဉ်းဆေးဖိုးမတတ်နိုင်တော့ မျက်စဥ်း ဆေးဖိုး
လေးပဲလှူဖို့သူအကူညီတောင်းရှာတာပါ။ ဆွိကတော့ ဒီချိန်မှာ အနုပညာသမားတွေလဲအလုပ်တွေလုပ်လို့မရတော့
မျက်စဉ်းဖိုးအပြင်စားဝတ်နေရေးအတွက်ပါ ဆွိရှာထားတဲ့ ပိုက်ဆံထဲကလှူလိုက်ပါတယ်ရှင်။ ဆွိ အကောင့်ထဲ မှာရှိတဲ့
ချစ်ခင်ရသော အနုပညာညီအကို မောင်နှမများလဲ ဦးဘဂျမ်းအတွက်အလှူငွေလေးထည့်ဝင်ချင်ရင် တထောင်ကစပြီး အနည်းအများမဟုတ်ပါဘူးရှင်ပါဝင် လှူဒါန်းပေးကြပါဦးနော် မေတ္တာရပ်ခံပါရစေရှင်……” ဆိုပြီး မျှဝေထားခဲ့ပါတယ်။
ပရိသတ် တွေလည်း တတ်နိုင်သရွေ့လှူဒါန်းချင်ရင် သရုပ်ဆောင် မေနွယ်ထွန်းနဲ့ ဆက်သွယ် ပြီးလှူဒါန်းလို့ ရတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ Photo credit- May Nwe Htun’s Facebook acc
Zawgyi
Add a Comment
Your email address will not be published. Required fields are marked *