ရေးတတ်လိုက်တာ မင်းကိုနိုင်ရယ် ပါးကြော နားကြောတွေပါ ထောင်တက်လာတယ်

Unicode

” ပင်လယ်ဟေ့ “

ရေးတတ်လိုက်တာ မင်းကိုနိုင်ရယ်
ပါးကြော နားကြောတွေပါ ထောင်တက်လာတယ်

မင်းကိုနိုင်

“ဆင်စွယ်အပြည့်နဲ့ပင်လယ်”

တာလွှတ်ဒိုင်သေနတ်မဖောက်ခင်
ကြိုပြေးပြီး
ရှေ့ဆုံးက လူလုံးပြတယ်
မသမာမှုက မသမာမှုပဲ…

အမှန်တရားရဲ့အင်္ကျီကို
မတော်မတည့်ယူဝတ်ပြီး
အရပ်တကာ ဇာတ်နာပြတယ်
မုသားကမုသားပဲ…

မှန်သားပြင်တွန့်ခေါက်မှာ
ကြောက်စရာပုံရိပ် ထင်ချင်ထင်မယ်
(အရှိတရားမှာ)
နတ်မိမယ်ကနတ်မိမယ်ပဲ…

ကောင်းကင်ပြည့်ဘယ်လောက်ရွာရွာ
မိုးခါးရေမသောက်တော့
ပင်လယ်ရေ အမြဲငန်တယ်…

တရားစီရင်ဖို့ဘယ်လောက်ကြာကြာ
ပိုးစားမှာမကြောက်တဲ့
ဆင်စွယ်မှန် သက်သေခံတယ်…

စိန်ခေါ်သံကို
အမှန်တရားက ပြန်ထူးလိုက်ရဲ့
“ဆင်စွယ်အပြည့်၊ ပင်လယ်ဟေ့ ” တဲ့

#မင်းကိုနိုင်
Crd.

Zawgyi

” ပင္လယ္ေဟ့ “

ေရးတတ္လိုက္တာ မင္းကိုနိုင္ရယ္
ပါးေၾကာ နားေၾကာေတြပါ ေထာင္တက္လာတယ္

မင္းကိုနိုင္

“ဆင္စြယ္အျပည့္နဲ႕ပင္လယ္”

တာလႊတ္ဒိုင္ေသနတ္မေဖာက္ခင္
ႀကိဳေျပးၿပီး
ေရွ႕ဆုံးက လူလုံးျပတယ္
မသမာမႈက မသမာမႈပဲ…

အမွန္တရားရဲ႕အကၤ်ီကို
မေတာ္မတည့္ယူဝတ္ၿပီး
အရပ္တကာ ဇာတ္နာျပတယ္
မုသားကမုသားပဲ…

မွန္သားျပင္တြန့္ေခါက္မွာ
ေၾကာက္စရာပုံရိပ္ ထင္ခ်င္ထင္မယ္
(အရွိတရားမွာ)
နတ္မိမယ္ကနတ္မိမယ္ပဲ…

ေကာင္းကင္ျပည့္ဘယ္ေလာက္႐ြာ႐ြာ
မိုးခါးေရမေသာက္ေတာ့
ပင္လယ္ေရ အၿမဲငန္တယ္…

တရားစီရင္ဖို႔ဘယ္ေလာက္ၾကာၾကာ
ပိုးစားမွာမေၾကာက္တဲ့
ဆင္စြယ္မွန္ သက္ေသခံတယ္…

စိန္ေခၚသံကို
အမွန္တရားက ျပန္ထူးလိုက္ရဲ႕
“ဆင္စြယ္အျပည့္၊ ပင္လယ္ေဟ့ ” တဲ့

#မင္းကိုနိုင္
Crd.

Add a Comment

Your email address will not be published. Required fields are marked *