နာမည်ကြီးနေတဲ့ ဖိုးလပြည့်နဲ့စုံတွဲပုံဟာ အကောင့် ဟက်ခံရတာမဟုတ်ဘဲ ပရိတ်သတ်တွေအနေနဲ့ သူမအပေါ် ဘယ်လောက်ယုံကြည်မှုရှိလည်း စမ်းသပ်ရုံပါပဲလို့ ဆိုလာတဲ့ အဆိုတော်ရေဗက္ကာဝင်း.

Unicode

နာမည်ကြီးနေတဲ့ ဖိုးလပြည့်နဲ့စုံတွဲပုံဟာ အကောင့် ဟက်ခံရတာမဟုတ်ဘဲ ပရိတ်သတ်တွေအနေနဲ့ သူမအပေါ် ဘယ်လောက်ယုံကြည်မှုရှိလည်း စမ်းသပ်ရုံပါပဲလို့ ဆိုလာတဲ့ အဆိုတော်ရေဗက္ကာဝင်း.

မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် အနုပညာရှင်တစ်ချို့လည်းပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

အခုလိုတက်ကြွစွာနဲ့ လူထုလှုပ်ရှားမှုတွေကိုလုပ်ဆောင်နေကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် ရေဗက္ကာ၀င်းတစ်ယောက်လည်းအပါအ၀င်ပဲဖြစ်ပါတယ်။ ရေဗက္ကာ၀င်းက ဖေဖော်ဝါရီလအစပိုင်းတည်းက စတင်ကာ ပြည်သူတွေကို အခြေခံစားသောက်ကုန်တွေအပါအ၀င်လှူဒါန်းမှုတွေပြုလုပ်နေတာပါ

ရေဗက္ကာ၀င်းက မကြာသေးခင်ကသူမရဲ့ Facebookစာမျက်နှာမှာ နေရွှေသွေးအောင်နဲ့အတူ တွဲဖက်ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကိုတင်ခဲ့တာဖြစ်ပါတယ်။ ဒီဓာတ်ပုံနဲ့ပက်သက်ပြီး ပြည်သူပရိသတ်တွေဆီကနေ ထင်မြင်ချက်အမျိုးမျိုးပေးခံခဲ့ရပြီး အထင်လွဲမှုတွေနဲ့ကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။

ဒီဓာတ်ပုံနဲ့ပက်သက်ပြီး ရေဗက္ကာ၀င်းက သူမရဲ့ Facebookစာမျက်နှာမှာပြန်လည်ရှင်းပြထားခဲ့ပါတယ်။ ရေးသားထားတဲ့အကြောင်းအရာကတော့” ကျွန်မ account heck ခံရတာလုံးဝမဟုတ်ပါဘူးရှင်

ကျွန်မအနေနဲ့ ပြည်သူလူထုကို ၁၇နှစ်လုံးလုံး တတ်နိုင်တဲ့ဘက်က စေတနာမေတ္တာနဲ့ အလုပ်အကျွေးပြုခဲ့ပါတယ် ကျွန်မအပေါ်ဘယ်လောက် ယုံကြည်မှုရှိလဲသိချင်လို့ စမ်းသပ်ခြင်းသက်သက်သာဖြစ်ပါတယ်ရှင်…။

“ကျွန်မအပေါ်မပြောင်းမလဲဘဲ ယုံကြည်ပေးကြတဲ့သူများကို အထူးကျေးဇူးတင်ရသလို မိမိအထင်နဲ့ဆဲတဲ့သူများကိုလဲ သိမြင်ရပါတယ်

ကျွန်မတို့ ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဖြစ်ပြီး အားလုံး ဆက်စပ်ခင်မင်နေကြတာ အဆန်းမဟုတ်သလို ဖုံးကွယ်စရာလဲမဟုတ်ဘူးလို့မြင်ပါတယ်ကျွန်မAccountထဲမှာ ကချင်လူမျိုးချည်း ရှိမနေသလို ဗမာလူမျိုးချည်းလဲရှိမနေပါဘူး…

ကျွန်မအနေနဲ့ ခရစ်ယာန်ဘာသာဝင်ဆိုပေမယ့် တခြားဘာသာဝင်များလဲ friend ဖြစ်နေကြပါတယ်…ကျွန်မကို အထင်အမြင်လွဲ အယုံအကြည်ကင်းမဲ့ရင် unfriend or block လုပ်သွားနိုင်ပါတယ်

ကျွန်မအနေနဲ့တော့ ကျွန်မလုပ်နေကျအတိုင်း လူသားခြင်းစာနာထောက်ထားတဲ့ အကူအညီပေးမှုတွေဆက်လုပ်သွားမယ်လို့ အသိပေးချင်ပါတယ်ကောင်းသောညဖြစ်ကြပါစေရှင် ..” ဆိုပြီးရှင်းပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi











Add a Comment

Your email address will not be published. Required fields are marked *