ကလေးတစ်ဖတ်နဲ့ နိုင်ငံရပ်ခြားရောက်နေတာတောင် ကိုယ့်မြန်မာပြည်သူတွေအတွက်ကူညီပေးတဲ့ ချမ်းချမ်း

Unicode

အဆိုတော် ချမ်းချမ်းကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေရရှိထားတဲ့ သူတစ်​ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှုကိုလည်း များစွာရရှိထားတဲ့သူဖြစ်ပါတယ်။

ဆယ်စုနှစ်တစ်ခုကြာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ သူမက အချစ် သီချင်းတွေသာမကပဲ အဆွေးသီချင်းတွေကိုလည်း စိတ်ခံစားချက်အပြည့်နဲ့ သီဆိုလေ့ရှိတဲ့သူတစ်ယောက်ပါ။

အခုလိုအောင်မြင်မှုတွေရရှိခဲ့တဲ့ချမ်းချမ်းဟာ လက်ရှိမှာဆိုရင် ခင်ပွန်းသည်ရှိရာအီတလီမှာသွားရောက်နေထိုင်နေတာဖြစ်ပါတယ်။

အီတလီမှာနေထိုင်နေပေမယ့် ချမ်းချမ်းက အခုလက်ရှိမြန်မာပြည်မှာတွေ့ကြုံခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအ‌တွက် တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အားပါဝင်ကူညီနေတာဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ “မနေ့က စစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ် အစားတွေအတွက် အလှူခံပေးတာ 2ရက်နေ့နောက်ဆုံးထားပို့ပေးလို့ရပါတယ်နော်။

တချို့လဲ ချက်ချင်းပို့ဖို့အဆင်မပြေကြသေးဘူးကြားလို့ပါဒီလိုအခြေအနေမှာကူညီလှူဒါန်းလိုတဲ့အလှူရှင်တွေရဲ့ရက်ရောမှုကိုပဲကျေးဇူးတင်လှပါပီရှင်

ကိုယ်တိုင်ခံစားနေရမှဒုက္ခလိူ့မမြင်စေချင်ပါဘူး ကိုယ်ချင်းစာစိတ်လေးတွေနဲ့လှူတဲ့ အလှူမို့ထိရောက်စွာလှူဒါန်းပေးမှာပါ

အချိန်ကန့်သတ်တယ်ဆိုတာကလဲ အလှူရှင်တွေလှုလိုက်တဲ့ပစ္စည်းတွေကိုစစ်ဘေးရှောင်စခန်းတွေဆီပို့ပေးနိုင်ဖို့ အချိန်မီရောက်ဖို့လဲလိုတာမို့ အခုလို 2ရက်နေ့နောက်ဆုံးလို့ ပြောရတာပါဒီတသုတ်မမီလိုက်တဲ့အလှူရှင်တေလဲနောက်ထပ်တစ်ခါ

ထပ်ပီးအလှူခံပိုစ့်တင်တဲ့အခါ အားတက်သရောပါဝင်ပေးကြပါဦးလို့ပြည်သူအချင်းချင်းကူညီမှသာအဆင်ပြေမယ့်အခြေအနေမို့ ကျေးဇူးပြုပြီး စိတ်ရှည်သည်းခံ ဆက်သွယ်လှူဒါန်းပေးကြပါနော်

နယ်ဝေးမှအလှူရှင်များကိုလဲအချိန်ရစေချင်လို့ပါနိုင်ငံရပ်ခြားမှအလှူရှင်များကိုလဲ ကျေးဇူးအထူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင့်….” ဆိုပြီးရေးသားကာ

စစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အစားတွေအလှူခံပေးနေတာဖြစ်ပါတယ်။ ပရိသတ်တွေလည်း တတ်နိုင်တဲ့ဘက်ကနေပါဝင်လှူဒါန်းပေးနိုင်ဖို့အတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Zawgyi







ကိုယ်တိုင်ခံစားနေရမှဒုက္ခလို့မမြင်စေချင်ပါဘူး ကိုယ်ချင်းစာစိတ်လေးတွေနဲ့လှူတဲ့ အလှူမို့ထိရောက်စွာလှူဒါန်းပေးမှာပါ





Add a Comment

Your email address will not be published. Required fields are marked *