သရုပ်ဆောင် ခွန်းဆင့်နေခြည်ရဲ့ မိခင်ဖြစ်သူ ကွယ်လွန်
Unicode
အဆိုတော် ခွန်းဆင့်နေခြည်ကတော့ လက်ရှိမှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် နေထိုင်နေတာ ဖြစ်ပါတယ်။သူမကတော့ ကိုဗစ်ရောဂါ Second Wave စဖြစ်လောက်ကတည်းက ပြည်ပနိုင်ငံသို့ ရောက်ရှိနေတာဖြစ်ပါတယ်။..
မနေ့ညက သူမအတွက် ဝမ်းနည်းစရာကောင်းတဲ့သတင်းကို ပရိသတ်တွေအား ပြန်လည်ဝေမျှပေးခဲ့တာဖြစ်ပါတယ်။ဒါကတော့ ပိုးမွေးသလို မွေးပြီးဂရုစိုက်နေတဲ့ကြားက ကွယ်လွန်သွားခဲ့တဲ့အတွက်ဝမ်းနည်းနေတာဖြစ်ပါတယ်
သရုပ်ဆောင် ခွန်းဆင့်နေခြည်ရဲ့ မိခင်ဖြစ်သူဒေါ်ဆွေဆွေသန်း (အသက် ၆၈ နှစ်)ဟာ ဇွန်လ၁ ရက်နေ့၊ ညနေ ၅ အချိန်ခန့်က ရန်ကုန်မြို့နေအိမ်မှာ နှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။
ခွန်းဆင့်နေခြည်က မိသားစုနဲ့အဝေး အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရောက်ရှိနေတာကြောင့်ပြန်လာလို့ မရတဲ့အတွက် ပူဆွေးဝမ်းနည်းနေရတယ်လို့ဆိုပါတယ်။
“ပိုးမွေးသလိုမွေးပြီး လိုအပ်ချက် မရှိရလေအောင် အကုန်လုပ်ပေးတယ်။မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ကြားမှာအမေကျန်းမာနေပါတယ်။ ဒါပေမဲ့ နှလုံးဖောက်ပြီးဇွန်လ ၁ ရက်နေ့ ညနေ ၅ ဝန်းကျင်က…
ရန်ကုန်မှာ အမေဆုံးသွားပါပြီ”“အဝေးရောက်နေတဲ့ သမီးရင်တွေကွဲရပါပြီ။ပြန်လာလို့လည်းမရဘူး။နေမထိထိုင်မသာနဲ့ အသည်းအသန်တွေငိုကျွေးနေရပါတယ်”လို့ ခွန်းဆင့်နေခြည်က စိတ်မကောင်းစွာဆိုထားပါတယ်။
Zawgyi
Add a Comment
Your email address will not be published. Required fields are marked *