အဆိုတော် Benjamin Sum ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရ

Unicode

အဆိုတော် Benjamin Sum ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရ

ခိုနှုမ်းသုန်သတင်း၊ ၀၂ ဇွန် ၂၀၂၁။
ရစ်ချက်

မိခင်ကျန်းမာရေးကြောင့် မီဇိုရမ်ပြည်နယ်တွင်ရောက်ရှိနေသော Myanmar Idol season 4 runner-up Benjamin Sum သည် ဇွန်လ ၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံနေရကြောင်း သိရသည်။

Benjamin Sum ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိကြောင်းနှင့် အိမ်တွင် Quarantine ဝင်နေတယ်လို့ မြန်မာစစ်ဘေးရှောင်ကူညီရေးအဖွဲက Myanmar Refugee Relief Committee အတွင်းရေးမှူး Salai Hu Lian က ယခုလို ပြောပါသည်။

“ဟုတ်တယ်၊ သူဒီကနေ့ဘဲ ကိုဗစ်သွားစစ်တာ positive ဖြစ်တယ်။ စိုးရိမ်စရာမရှိဘူး၊ သန်သန်မာမာပါဘဲ၊ အခု Luangmual ရပ်ကွက် အိမ်မှာ Quarantine ဝင်နေတယ်။” လို့ ပြောသည်။

Benjamin Sum သည် မိခင်၏ကျန်းမာရေးကြောင့် အိန္ဒိယနိုင်ငံအရှေ့မြောက် မီဇိုရမ်ပြည်နယ်ကို ရောက်ရှိလာပြီး မြန်မာနိုင်ငံ ပြည်တွင်းပြည်ပရှိ မြန်မာစစ်ဘေးရှောင်များအတွက် အလှူငွေများ တတ်အားသရွေ့ ရှာဖွေလှူဒါန်းခဲ့သော အနုပညာရှင်တစ်ဦးဖြစ်သည်။

Benjamin Sum သည် အခု သူရောက်ရှိနေထိုင်သည့် မီဇိုရမ်ပြည်နယ်တွင် မီဇိုးသီချင်းများဖန်တီးသီဆိုကာ ရရှိလာ သော အလှူငွေများကို မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့ခဲ့သူလည်းဖြစ်သည်။

Zawgyi

အဆိုေတာ္ Benjamin Sum ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံရ

ခိုႏႈမ္းသုန္သတင္း၊ ၀၂ ဇြန္ ၂၀၂၁။
ရစ္ခ်က္

မိခင္က်န္းမာေရးေၾကာင့္ မီဇိုရမ္ျပည္နယ္တြင္ေရာက္ရွိေနေသာ Myanmar Idol season 4 runner-up Benjamin Sum သည္ ဇြန္လ ၁ ရက္ေန႕က ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံေနရေၾကာင္း သိရသည္။

Benjamin Sum ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံရမႈနဲ႕ပတ္သက္ၿပီး စိုးရိမ္စရာမရွိေၾကာင္းႏွင့္ အိမ္တြင္ Quarantine ဝင္ေနတယ္လို႔ ျမန္မာစစ္ေဘးေရွာင္ကူညီေရးအဖြဲက Myanmar Refugee Relief Committee အတြင္းေရးမႉး Salai Hu Lian က ယခုလို ေျပာပါသည္။

“ဟုတ္တယ္၊ သူဒီကေန႕ဘဲ ကိုဗစ္သြားစစ္တာ positive ျဖစ္တယ္။ စိုးရိမ္စရာမရွိဘူး၊ သန္သန္မာမာပါဘဲ၊ အခု Luangmual ရပ္ကြက္ အိမ္မွာ Quarantine ဝင္ေနတယ္။” လို႔ ေျပာသည္။

Benjamin Sum သည္ မိခင္၏က်န္းမာေရးေၾကာင့္ အိႏၵိယနိုင္ငံအေရွ႕ေျမာက္ မီဇိုရမ္ျပည္နယ္ကို ေရာက္ရွိလာၿပီး ျမန္မာနိုင္ငံ ျပည္တြင္းျပည္ပရွိ ျမန္မာစစ္ေဘးေရွာင္မ်ားအတြက္ အလႉေငြမ်ား တတ္အားသေ႐ြ႕ ရွာေဖြလႉဒါန္းခဲ့ေသာ အႏုပညာရွင္တစ္ဦးျဖစ္သည္။

Benjamin Sum သည္ အခု သူေရာက္ရွိေနထိုင္သည့္ မီဇိုရမ္ျပည္နယ္တြင္ မီဇိုးသီခ်င္းမ်ားဖန္တီးသီဆိုကာ ရရွိလာ ေသာ အလႉေငြမ်ားကို ျမန္မာစစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ကူညီေထာက္ပံ့ခဲ့သူလည္းျဖစ္သည္။

Add a Comment

Your email address will not be published. Required fields are marked *