တံတားအမည်ပြောင်းပွဲ စစ် .ခေါင်းဆောင် တက်ရောက်

Unicode

မော်လမြိုင်မြို့နှင့် ဘီလူးကျွန်းကို ဆက်သွယ်ထားတဲ့တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ကနေ

သံလွင်တံတား(ချောင်းဆုံ)အမည်ပြန်ပြောင်းတဲ့အခမ်းအနားကို ဒီကနေ့မနက်မှာ စစ်.ကောင်.စီခေါင်းဆောင်ကတက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

မေလ ၃၀ ရက်နေ့မှာတံတားဆိုင်းဘုတ်အနီရောင်ကိုအစိမ်းရောင်ပြောင်းလဲပြီးနောက်

မေလ ၃၁ ရက်နေ့မှာစာသားကိုပြောင်းလဲခဲ့ပြီးနောက်ဒီကနေ့မှာတော့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

အခမ်းအနားကိုမနက် ၈နာရီ မိနစ်၄၀မှာ စစ်.ခေါင်းဆောင်က စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။

တံတားအမည်ပြောင်းအခမ်းအနားကို စစ်.ခေါင်းဆောင်နှင့်အတူ စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့မန်းငြိမ်းမောင်နဲ့ဒေါက်တာဗညားအောင်မိုးတို့လည်းတက်ရောက်ခဲ့ပါတယ်။

ယင်းတံတားကို ၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းတံတားဟုအမည်ပေးပြီးပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က

ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စစ်.အုပ်စုကတော့ ဒီကနေ့ပြောင်းလဲလိုက်တဲ့ ကဗျည်းမော်ကွန်းမှာ ၂၀၁၇ ခုနှစ်မေလ (၉)ရက်နေ့လို့ ပြောင်းလဲခဲ့ပါတယ်။

မြစ်ကူးတံတားကိုဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည်ပေးခဲ့တာနဲ့ ပတ်သက်ပြီးမွန်ဒေသခံသောင်းနဲ့ချီပြီး

ချီတက်ဆန္ဒပြခဲ့ကြပြီး တဖက်မှာလည်းတံတားအမည်ပေးခြင်းအတွက် ပြည်သူ့လွှတ်တော်အထိမဲခွဲဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

စစ်.အုပ်စုနဲ့ပူးပေါင်းခဲ့တဲ့ မွန်ညီညွတ်ရေးပါတီကဒေါက်တာဗညားအောင်မိုးကတော့

တံတားအမည်ပြောင်းလဲရေးအတွက်ဆောင်ရွက်မယ်လို့ကနဦးမှာပြောဆိုထားခဲ့ပါတယ်။
Credit
သတင်းနှင့် ဓါတ်ပုံ – သံလွင်တိုင်းမ်

Zawgyi



မေလ ၃၀ရက်နေ့မှားတံတားဆိုင်းဘုတ်အနီရောင်ကိုအစိမ်းရောင်ပြောင်းလဲပြီးနောက်










Credit

Add a Comment

Your email address will not be published. Required fields are marked *