ကမ္ဘာ့အပျင်းဆုံးလူတွေအတွက် ပွဲကျင်းပပေးခဲ့တဲ့ နိုင်ငံ

Unicode

ကိုလံဘီယာနိုင်ငံ ၊ Itagui မြို့ရဲ့ နေ့ခင်းလေးကတော့ အတော်လေးကို တိတ်ဆိတ်နေကြတာပါ

အကြောင်းကတော့ လူတွေဟာ လမ်းမပေါ်မှာ ကုတင်တွေထားရှိပြီး စောင်တွေ ၊အခင်းတွေ ၊ခေါင်းအုံးတွေနဲ့ တစ်ကယ့် ကိုယ့်ရဲ့နေအိမ်လို အိပ်စက်ပြီး အနားယူနေကြလို့ပါပဲ

အဆိုပါ အပျင်းဆုံးလူတွေအတွက် ပွဲကို 1985 ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ကြပြီး ၊အလုပ်ဒဏ်ကြောင့် လူပင်ပန်း ၊စိတ်ပင်ပန်းနေကြသူတွေကို အားပေးလိုတဲ့သဘောမျိုး နဲ့ အဆိုပါပွဲကိုကျင်းပခဲ့ကြတာပါ ။

အလုပ်ရဲ့ဖိအားအရမ်းများလွန်းလို့ အချို့ဆိုရင် စိတ်ရောဂါရပြီး ၊အသက်သေစေနိုင်လောက်တဲ့အဖြစ်မျိုးထိကြုံတွေ့တတ်ကြပါတယ် ။

အခုလိုပွဲကျင်းပခြင်းဖြင့် လုပ်ငန်းများအနေနဲ့ဝန်ထမ်းတွေကို အားလပ်ချိန်ပိုတိုးပေးပြီး ၊စိတ်အေးလက်အေး နေထိုင်ခွင့်ရစေလို၍ဖြစ်ကြောင်းသိရပါတယ်

အဆိုပါပွဲမှာတော့ လူတွေဟာ ညအိပ်ဝတ်စုံတွေနဲ့ လမ်းပေါ်မှာ လဲလျောင်းကာ အိပ်စက်နေကြပြီး ၊ဂီတဖျော်ဖြေပွဲ ၊ဓာတ်ပုံပြိုင်ပွဲ ၊ပန်းချီပွဲ နှင့်ပြဇာတ်တွေလည်းပါရှိသေးကြောင်းသိရှိရပါတယ်

အလုပ်ရဲ့ဖိအားတွေဟာ လူတွေရဲ့အသက်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်ပြီး ၊အထူးသဖြင့်နှလုံးရောဂါအခံရှိနေသူတို့အတွက် ပိုဆိုးရွားစေနိုင်ပါတယ်

ဒါကြောင့် တစ်နေ့တာအပျင်းဆုံးနေ့လေးလည်း ရှိသင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပွဲကျင်းပခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ် ။
Jasmine (Mckzone Daily)
Source : elitereaders

Zawgyi

ကိုလံဘီယာနိုင္ငံ ၊ Itagui ၿမိဳ႕ရဲ႕ ေန႕ခင္းေလးကေတာ့ အေတာ္ေလးကို တိတ္ဆိတ္ေနၾကတာပါ

အေၾကာင္းကေတာ့ လူေတြဟာ လမ္းမေပၚမွာ ကုတင္ေတြထားရွိၿပီး ေစာင္ေတြ ၊အခင္းေတြ ၊ေခါင္းအုံးေတြနဲ႕ တစ္ကယ့္ ကိုယ့္ရဲ႕ေနအိမ္လို အိပ္စက္ၿပီး အနားယူေနၾကလို႔ပါပဲ

အဆိုပါ အပ်င္းဆုံးလူေတြအတြက္ ပြဲကို 1985 ခုႏွစ္ကတည္းက စတင္က်င္းပခဲ့ၾကၿပီး ၊အလုပ္ဒဏ္ေၾကာင့္ လူပင္ပန္း ၊စိတ္ပင္ပန္းေနၾကသူေတြကို အားေပးလိုတဲ့သေဘာမ်ိဳး နဲ႕ အဆိုပါပြဲကိုက်င္းပခဲ့ၾကတာပါ ။

အလုပ္ရဲ႕ဖိအားအရမ္းမ်ားလြန္းလို႔ အခ်ိဳ႕ဆိုရင္ စိတ္ေရာဂါရၿပီး ၊အသက္ေသေစနိုင္ေလာက္တဲ့အျဖစ္မ်ိဳးထိႀကဳံေတြ႕တတ္ၾကပါတယ္ ။

အခုလိုပြဲက်င္းပျခင္းျဖင့္ လုပ္ငန္းမ်ားအေနနဲ႕ဝန္ထမ္းေတြကို အားလပ္ခ်ိန္ပိုတိုးေပးၿပီး ၊စိတ္ေအးလက္ေအး ေနထိုင္ခြင့္ရေစလို၍ျဖစ္ေၾကာင္းသိရပါတယ္

အဆိုပါပြဲမွာေတာ့ လူေတြဟာ ညအိပ္ဝတ္စုံေတြနဲ႕ လမ္းေပၚမွာ လဲေလ်ာင္းကာ အိပ္စက္ေနၾကၿပီး ၊ဂီတေဖ်ာ္ေျဖပြဲ ၊ဓာတ္ပုံၿပိဳင္ပြဲ ၊ပန္းခ်ီပြဲ ႏွင့္ျပဇာတ္ေတြလည္းပါရွိေသးေၾကာင္းသိရွိရပါတယ္

အလုပ္ရဲ႕ဖိအားေတြဟာ လူေတြရဲ႕အသက္ဆုံးရႈံးတဲ့အထိျဖစ္ေစနိုင္ၿပီး ၊အထူးသျဖင့္ႏွလုံးေရာဂါအခံရွိေနသူတို႔အတြက္ ပိုဆိုး႐ြားေစနိုင္ပါတယ္

ဒါေၾကာင့္ တစ္ေန႕တာအပ်င္းဆုံးေန႕ေလးလည္း ရွိသင့္တယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႕ပြဲက်င္းပခဲ့ၾကတာျဖစ္ေၾကာင္း သိရွိရပါတယ္ ။
Jasmine (Mckzone Daily)
Source : elitereaders

Add a Comment

Your email address will not be published. Required fields are marked *