ကိုယ်ဝန်နေ့စေ့လစေ့နဲ့ မွေးခါနီးတောင် ဆိုင်ကယ်မောင်းကာပန်းရောင်းပြီး ခက်ခက်ခဲခဲလုပ်ကိုင်စားသောက်နေရတဲ့ မိခင်လောင်းတစ်ဦး

Unicode

ပြည်သူတွေအနေနဲ့ ကိုဗစ်ကာလမှာစီးပွားရေးတွေ ကြပ်တည်းကာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ကြရသလို

အခုလိုဆိုးရွားနေတဲ့ ပြည်တွင်းရေးအခြေအနေတွေကြောင့်လည်း ဒုက္ခဆင်းရဲတွေအမျိုးမျိုးကြုံတွေ့နေကြရပါတယ်

တော်လှန်ရေးတိုက်ပွဲကြီးမှာ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရှာဖွေစားသောက်နေကြရသူတွေအတွက်လည်း ပြည်သူတွေက အချင်းချင်းလှူဒါန်းမှုတွေပြုလုပ်နေကြတာလည်းတွေ့ရပါတယ်

အခုတစ်ခါမှာလည်း မန္တလေးက ကိုယ်ဝန်နေ့စေ့လစေ့ မိခင်လောင်းတစ်ဦးကလည်း ကလေးမွေးခါနီးတောင် ဆိုင်ကယ်စီးပြီးပန်းရောင်းကာ

ခက်ခက်ခဲခဲလုပ်ကိုင်စားသောက်နေရတဲ့အတွက် စေတနာရှင်တချို့က ကူညီလှူဒါန်းမှုတွေပြုလုပ်ခဲ့တာတွေ့ရပါတယ်

ကလေးမီးဖွားခါနီးအချိန်မှာတောင် စားဝတ်နေရေးနဲ့ မွေးဖွားစရိတ်အတွက် ကိုယ်တိုင်ပင်ပင်ပန်းပန်းနဲ့

ပန်းရောင်းနေရတဲ့ အဆိုပါအမျိုးသမီအတွက်သရုပ်ဆောင်မေနွယ်ထွန်းက ငွေ (၅)သောင်းကို ဖေးမကူညီခဲ့တယ်လို့သိပါတယ်

“ဒီအမက မွေးတော့မှာတောင် ပန်းရောင်းနေတုန်း ခုထိလုပ်ကိုင်စားသောက်ရတာတကယ်မလွယ်ဘူးနော်

ဘဝတွေက မျိုးစုံပဲ

မန်းလေးကအမျိုးတို့ရေ ဒီအမပန်းရောင်းနေတာလေး တွေ့ရင် အားပေးကြပါဦးနော်

မွေးတုန်းလိုအပ်တာလေးဝယ်ရအောင် ဆွိ အလှူငွေလေး ပေးလိုက်ပါတယ်ပျော်နေရှာတာ ။အမအစဉ်ပြေပါစေရှင်

အလှူရှင်များအားလုံး ထပ်တူကုသိုလ်ရပါစေ..” ဆိုပြီး ကူညီပေးခဲ့တဲ့သရုပ်ဆောင်မေနွယ်ထွန်းကပြောပြထားတာ ဖြစ်ပါတယ်

ပြည်သူတွေပင်ပန်းခက်ခဲနေတဲ့အချိန် တစ်ထောင့်တစ်နေရာကနေ အားဖြည့်ကူညီလှူဒါန်းနေတဲ့

အလှူရှင်တွေကတော့ တကယ်ကို ကျေးဇူးတင်စရာကောင်းသလို မွန်မြတ်တဲ့အလှူတွေ ပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်

Zawgyi








ဘဝတွေက မျိုးစုံပဲ


မွေးတုန်းလိုအပ်တာလေးဝယ်ရအောင် ဆွိအလှူငွေလေး ပေးလိုက်ပါတယ် ပျော်နေရှာတာအမအစဉ်ပြေပါစေရှင်




Add a Comment

Your email address will not be published. Required fields are marked *