မွန်လူထုအကြိုက် သံလွင်တံတားဟု အမည်ပြောင်းသော်လည်း စစ် .ကောင် .စီကို ဆက်ဆန့်ကျင်မည်ဟု မွန်ပြည်သူများကဆို

Unicode

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သည့် အစိုးရလက်ထက်က အမည်ပေးခဲ့သည့် မွန်ပြည်နယ် မော်လမြိုင်နှင့် ချောင်းဆုံကို

ဆက်သွယ် ဆောက်လုပ်ထားသော ဗိုလ်ချုပ်အောင်ဆန်း တံတား (ဘီလူးကျွန်း) ကို မူလအမည် သံလွင်တံတား (ချောင်းဆုံ) ဟု အာ .ဏာ .သိမ်း စစ်ကောင်စီကယနေ့တွင် အမည် ပြောင်းလိုက်ကြောင်းသိရသည်။

မေလ ၃၀ ရက်က ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ဟု ဆေးနီသုတ်ထားသည့် ဆိုင်းဘုတ်အားအောက်ခံဆေး အစိမ်းရောင်ဖြင့်

သံလွင်တံတား (ချောင်းဆုံ) ဟု ရေးထားသည်ကိုတွေ့ရှိခဲ့ကြောင်း ဘီလူးကျွန်းဒေသခံများကဆိုသည်။

အဆိုပါ တံတားအမည်ပြန်လည်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ဒေသခံများမှာခံစားချက်မရှိတော့ကြောင်း၊

လက်ရှိတွင် နိုင်ငံရေးအခင်းအကျင်းအရဘုံရန်သူ စစ် .ကောင် .စီကို ကန့်ကွက်လျက်သာရှိကြောင်းဒေသခံများကပြောဆိုကြသည်။

“တံတားနဲ့ ပတ်သက်ပြီးတော့က ဘာမှ ဝမ်းသာဝမ်းနည်းမှမရှိတာ။ အစကတည်းက စိတ်ခံစားချက်တွေ သူတို့ရဲ့အထင်ကရ အသိအမှတ်ပြုမှုတွေ

ရိုက်ချိုးခံပြီးသားပဲလေ။လက်ရှိ နိုင်ငံရေးအခင်းအကျင်းကတော့ ဘုံရန်သူကိုအားလုံးက ကန့်ကွက်နေတယ်” ဟု ယင်း ဒေသခံကဆိုသည်။

ဗိုလ်ချုပ် အောင်ဆန်းတံတား (ဘီလူးကျွန်း) ကို သံလွင်တံတား (ချောင်းဆုံ) အမည်ဖြင့်စတင်တည်ဆောက်ခဲ့ သော်လည်း ပြည်သူ့လွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ကို

အဆို အတည်ပြုခဲ့ခြင်းကြောင့် ဒေသခံမွန်တိုင်းရင်းသားများမှ သံလွင်တံတား (ချောင်းဆုံ) ဟု

သတ်မှတ်ရန်၂၀၁၇ ခုနှစ်တွင် ဆန္ဒပြခြင်းနှင့်အမည် ပြောင်းလဲမှုအပေါ် လက်မှတ်စုဆောင်းခြင်းများပြုလုပ်ခဲ့ကြသည်။

“အရင်ကတည်းက သိက္ခာရှိရှိနဲ့ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြတယ်။ ဒီဟာကို ငါတို့ မကြိုက်ပါဘူးဆိုပြီးတော့။အဲဒါကိုဘယ်သူမှ နားမထောင်ခဲ့ကြဘူး။

အဲဒီကတည်းက တခါနာထားဖူးသွားပြီလေ။ဒေသခံတွေရဲ့လူထုတွေက မလိုချင်တဲ့အကြောင်း တုံ့ပြန်ခဲ့ပြီးသွားပြီ” ဟု မွန်တိုင်း ရင်းသား လူငယ်တဦးကပြောသည်။

မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်မိကွန်ချမ်း၏ ဗိုလ်ချုပ်အောင်ဆန်းတံတားဟုအမည်ပေးရန် အဆိုအား

၂၀၁၇ ခုနှစ် ၁၄ ရက်တွင် ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ရာ ထောက် ခံမဲ၂၁၇ မဲ၊ ကန့်ကွက်မဲက ၄၃ မဲ၊ ကြားနေ ၁၁၆ မဲဖြင့် အဆိုအနိုင်ရခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင်လည်း မွန်ပြည်နယ်ရှိ တိုင်းရင်းသား ပြည်သူများကလည်း စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မှုများကို နေ့စဉ်ရက်ဆက်ပြုလုပ်နေကြလျက်ရှိသည်။
ဓာတ်ပုံ – CJ
Credit

Zawgyi

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ပါတီဦးေဆာင္သည့္ အစိုးရလက္ထက္က အမည္ေပးခဲ့သည့္မြန္ ျပည္နယ္ ေမာ္လၿမိဳင္ႏွင့္ ေခ်ာင္းဆုံကို

ဆက္သြယ္ ေဆာက္လုပ္ထားေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း တံတား (ဘီလူးကြၽန္း)ကိုမူလအမည္

သံလြင္တံတား (ေခ်ာင္းဆုံ) ဟု အာဏာသိမ္း စစ္ေကာင္စီကယေန႕တြင္အမည္ ေျပာင္းလိုက္ေၾကာင္းသိရသည္။

ေမလ ၃၀ ရက္က ဗိုလ္ခ်ဳပ္ ေအာင္ဆန္းတံတား (ဘီလူးကြၽန္း) ဟု ေဆးနီသုတ္ထားသည့္ ဆိုင္းဘုတ္အား ေအာက္ခံေဆး အစိမ္းေရာင္ျဖင့္

သံလြင္တံတား (ေခ်ာင္းဆုံ)ဟု ေရးထားသည္ကို ေတြ႕ရွိခဲ့ေၾကာင္းဘီလူးကြၽန္း ေဒသခံမ်ားကဆိုသည္။

အဆိုပါ တံတား အမည္ျပန္လည္ ေျပာင္းလဲျခင္းႏွင့္ ပတ္သက္၍ ေဒသခံမ်ားမွာ ခံစားခ်က္ မရွိေတာ့ေၾကာင္း၊ လက္ရွိတြင္

နိုင္ငံေရး အခင္းအက်င္းအရဘုံရန္သူစစ္ေကာင္စီကိုကန႔္ကြက္လ်က္သာ ရွိေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကသည္။

“တံတားနဲ႕ ပတ္သက္ၿပီးေတာ့က ဘာမွဝမ္းသာဝမ္းနည္းမွ မရွိတာ။ အစကတည္းကစိတ္ခံစားခ်က္ေတြသူတို႔ရဲ႕ အထင္ကရ

အသိအမွတ္ျပဳမႈေတြ ရိုက္ခ်ိဳးခံၿပီးသားပဲေလ။ လက္ရွိနိုင္ငံေရး အခင္းအက်င္းကေတာ့ဘုံရန္သူကိုအားလုံးကကန႔္ကြက္ေနတယ္” ဟုယင္း ေဒသခံကဆိုသည္။

ဗိုလ္ခ်ဳပ္ ေအာင္ဆန္းတံတား (ဘီလူးကြၽန္း) ကိုသံလြင္တံတား (ေခ်ာင္းဆုံ) အမည္ျဖင့္ စတင္တည္ေဆာက္ခဲ့ ေသာ္လည္း ျပည္သူ႕ လႊတ္ေတာ္တြင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းတံတားအမည္ကို

အဆို အတည္ျပဳခဲ့ျခင္းေၾကာင့္ ေဒသခံမြန္တိုင္းရင္းသားမ်ားမွ သံလြင္တံတား (ေခ်ာင္းဆုံ)ဟုသတ္မွတ္ရန္၂၀၁၇ ခုႏွစ္တြင္ ဆႏၵျပျခင္းႏွင့္ အမည္ ေျပာင္းလဲမႈအေပၚ လက္မွတ္ စုေဆာင္းျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။

“အရင္ကတည္းက သိကၡာရွိရွိနဲ႕ဆႏၵျပပြဲေတြလုပ္ခဲ့ၾကတယ္။ ဒီဟာကိုငါတို႔မႀကိဳက္ပါဘူးဆိုၿပီးေတာ့။အဲဒါကိုဘယ္သူမွ နားမေထာင္ခဲ့ၾကဘူး။

အဲဒီကတည္းက တခါနာထားဖူးသြားၿပီေလ။ ေဒသခံေတြရဲ႕လူထုေတြကမလိုခ်င္တဲ့အေၾကာင္းတုံ႕ျပန္ခဲ့ၿပီးသြားၿပီ” ဟု မြန္တိုင္းရင္းသားလူငယ္တဦးက ေျပာသည္။

မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္ စားလွယ္ ေဒၚမိကြန္ခ်မ္း၏ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းတံတားဟုအမည္ေပးရန္

အဆိုအား၂၀၁၇ ခုႏွစ္ ၁၄ရက္တြင္ ျပည္သူ႕လႊတ္ေတာ္တြင္ မဲခြဲဆုံးျဖတ္ အတည္ျပဳခဲ့ရာ ေထာက္ ခံမဲ၂၁၇ မဲ၊ကန႔္ကြက္မဲက ၄၃ မဲ၊ ၾကားေန ၁၁၆မဲျဖင့္အဆိုအနိုင္ရခဲ့ျခင္း ျဖစ္သည္။

လက္ရွိအခ်ိန္တြင္လည္းမြန္ျပည္နယ္ရွိ တိုင္းရင္းသား ျပည္သူမ်ားကလည္း စစ္အာဏာရွင္ကိုဆန႔္က်င္ေၾကာင္းဆႏၵေဖာ္ထုတ္မႈမ်ားကို ေန႕စဥ္ ရက္ဆက္ ျပဳလုပ္ေနၾကလ်က္ရွိသည္။
ဓာတ္ပုံ – CJ
Credit

Add a Comment

Your email address will not be published. Required fields are marked *