အပစ်.ရပ်ကာလ ၁ လ သက်တမ်းတိုးကြောင်း စစ်. ကောင် .စီ ကြေညာ

Unicode

အပစ် .ရပ်ကာလ ၁ လ သက်တမ်းတိုးကြောင်း စစ် .ကောင်. စီကြေညာ

တိုင်းရင်းသားလက်နက်. ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ လာမယ့် ဇွန်လ ၃၀ ရက်နေ့အထိ အပစ်ရပ်ကာလ

တစ်လထပ်မံသက်တမ်းတိုးမြင့်လိုက်တယ်လို့ မေလ ၃၀ရက်နေ့ နေ့စွဲနဲ့ အာဏာ.သိမ်းစစ်.ကောင်စီက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အပစ်ရပ်ကာလအတွင်း NCA ထိုးထားတဲ့အဖွဲ့တွေ၊ NCA မထိုးရသေးတဲ့

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးနိုင်အောင်

ထိတွေ့ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့တိုက်တွန်းကြောင်းလည်း စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်မှာဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လာမယ့် ဇွန်လ၁ရက်နေ့မှာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်မှာဖြစ်လို့ နိုင်ငံတော်လုံခြုံရေးနဲ့

အုပ်ချုပ်ရေး ယန္တရားကိုထိပါးနှောင့်ယှက်ချိန်ကလွဲပြီး စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းသွားမယ်လို့ဆိုပါတယ်။

လက်ရှိမှာ အာ. ဏာ. သိမ်းစစ်.ကောင်စီ.တပ်တွေနဲ့ NCA ထိုးတားတဲ့ KNU တို့အကြားတိုက်ပွဲတွေဖြစ်ပွားနေသလို

NCAမထိုးရသေးတဲ့ KIAထိန်းချုပ်နယ်မြေမှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။

Zawgyi


မဇ္ဈိမ








Add a Comment

Your email address will not be published. Required fields are marked *