(၈၈)က စောက်ချိုးတွေ (၂၁)မှာ လာမချိုးနဲ့ဆိုပြီးသူမနဲ့ပတ်သတ်ပြီး ကောလဟာလ သတင်းလွှင့်တဲ့သူတွေကို ဒဲ့ပြန်ဖဲ့လိုက်တဲ့ ထားထက်ထက်

Unicode

(၈၈)က စောက်ချိုးတွေ (၂၁)မှာ လာမချိုးနဲ့ဆိုပြီးသူမနဲ့ပတ်သတ်ပြီး ကောလဟာလ သတင်းလွှင့်တဲ့သူတွေကို ဒဲ့ပြန်ဖဲ့လိုက်တဲ့ ထားထက်ထက်

ပရိသတ်ကြီးရေ ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ကာ တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားခဲ့သူကတော့မော်ဒယ် သရုပ်ဆောင် ထားထက်ထက်ပဲဖြစ်ပါတယ်

လူထုလှုပ်ရှား မှုတွေမှာလည်း တက်ကြွ စွာပူးပေါင်း ပါဝင်ခဲ့ ရုံသာမကဘဲ လှူတန်းမှုတွေလည်း ပါဝင်အားဖြည့် လုပ်ဆောင်ပေးခဲ့တာလည်းပဲဖြစ်ပါတယ်

လက်ရှိမှာတော့ အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်ရင်း လွတ်မြောက် နယ်မြေသို့ ရောက်ရှိနေတာပဲဖြစ်ပါတယ်။

ဒါ့အပြင် စစ်သင်တန်း လေ့ကျင့်နေတဲ့ စခန်းတိုင်းကိုလည်း လိုအပ်တဲ့ စားနပ်ရိက္ခာများ လှူဒါန်းပေးကြဖို့ ရေးသားတိုက် တွန်းထားခဲ့ပါသေးတယ်

သူမနဲ့ပတ်သတ်ပြီး မဟုတ်မမှန်သတင်းလွှင့်တဲ့သူတွေ ဒဲ့ပြန်ဖဲ့ ထားတာကိုပရိသတ်ကြီး အတွက်မျှဝေပေးလိုက်ပါတယ်။

မေလ ၂၆ ရက်က တင်ထားတဲ့ပိုစ့်ကို သတင်းအမှန်တွေ ပြည်သူတွေသိပြီး ပျံ့မှာစိုးရိမ်လို့ ပိုစ့်ကို Reportထုတယ်။

ပြီးတော့ အခုသတင်းအတုထပ်လုပ်ပြီးမျက်မြင်​တစ်ဦးမှ တိတိကျကျ ပြောကြားခဲ့ပါတယ်တောင်ဆိုသေးထပ်ဖြန့်တယ်။

EAO တွေဟာ မင်းအောင်လှိုင်ရဲ့ စစ်ကျွန် ဖက်ဆစ်တပ် မဟုတ်လို့ ပြည်သူကို ဒုက္ခမပေးပါဘူးရှင်

သတင်းအမှောင်ချလိုက်ရုံ နဲ့ ပြည်သူတွေကစစ်ခွေးတွေ တင်သမျှကို ယုံနေတယ်ထင်ရင်တော့ မှားပါလိမ့်မယ်

မြဝတီ နဲ့ MRTV ပဲကြည့်ခွင့်ရတဲ့ စစ်ခွေးတွေပဲယုံချင်ယုံလိမ့်မယ် ပြည်သူတွေက ရှင်တို့ထင်တာထက် အများကြီးပိုပါးနပ် ပိုတော်ကြတယ် အဲ့တော့လိုက်ဆိုကြည့်

၈၈ က စောက်ချိုးတွေ ၂၁ မှာ လာမချိုးနဲ့ဆိုပြီးပြောထားတာ တွေကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi












Add a Comment

Your email address will not be published. Required fields are marked *