ဒီမော့ဆို စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာပို့တဲ့ လူငယ် (၃) ဦး အပြန်လမ်းမှာ ပျောက်ဆုံးနေ

Unicode

မေလ (၂၆) ရက်ညနေပိုင်း ဒီမော့ဆို စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာပို့ဖို့ စိုင်းလင်းလင်းဦး ကားဖြင့် စိုင်းလင်းလင်းဦး အပါအဝင် မေဇင်ထူး နှင့် နန္ဒာဦးခင်တို့

ဒီးမော့ဆို ထီးပိုးကလိုးပဲ သွားရောက်ပို့ဆောင်ပြီး ညနေ (၅) နာရီဝန်းကျင် လွိုင်ကော်သို့ ပြန်လာရာ အိမ်သို့မရောက်ရှိပဲ ယနေ့ထိ အဆက်အသွယ်လုံးဝမရရှိတော့ကြောင်း သတင်းရရှိသည်။

“သတင်းကြားရတော့ စိုင်းလင်းလင်းဦးကို စစ်ခွေးတွေ ဖမ်းဆီးထားတယ်လို့ သိရတယ်။ အကယ်၍သာ စိုင်းလင်းလင်းဦး ဖမ်းမိရင် ခလေးမ နှစ်ယောက်လည်း အဲထဲမှာ ပါသွားတာသေချာနေပြီ။

သူတို့ (၃) ယောက် ဘယ်ပဲရောက်ရောက် နေကောင်းကျန်းမာပါစေ လို့ ဆုတောင်းတာကလွဲပြီး ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူး။ သူတို့အတွက် Speakout လုပ်ပေးကြပါ။” ဟု KPDF အဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

စိုင်းလင်းလင်းဦး – ၂၉ နှစ်

နန္ဒာဦးခင် – ၁၉ နှစ်

မေဇင်ထူး – ၂၀ နှစ်

#NBungDatKasa
#nbung_dat_kasa
#WhatsHappenInMyanmar

Zawgyi






နန္ဒာဦးခင် – ၁၉ နှစ်

မေဇင်ထူး – ၂၀ နှစ်

#NBungDatKasa
#nbung_dat_kasa

Add a Comment

Your email address will not be published. Required fields are marked *