အချင်းချင်း မလုပ်သင့်တာကို လုပ်သွားတဲ့ လူရွှင်တော် စံလင်းကို Public ပို့စ်တင်ပြီး အနုပညာသမားလို့ပြောရမှာ ရှက်ဖို့ကောင်းတယ်လို့ ဆိုလိုက်တဲ ချစ်စု…

Unicode

ပရိသတ်ကြီးရေ ဒီကာလမှာ အားလုံးလိုလို အခက်အခဲတွေနဲ့ ရင်ဆိုင်ဖြတ်ကျော်နေကြရတာပါနော်။

အချင်းချင်းအခက်အခဲဖြစ်နေတာကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးကြတဲ့ သူငယ်ချင်းကောင်းတွေလည်း ရှိကြပါတယ်နော်။ ဒီလိုရှိကြပေမယ့်လည်း နောက်ကျောကို ဓားနဲ့ထိုးတဲ့သူကတော့ ရှိကြစမြဲပါပဲနော်။

လူရွှင်တော် ပေါ်လေးရဲ့သား ချစ်စုကတော့ သူ့ဆီက ချေးထားတဲ့ ပိုက်ဆံဆယ်သိန်းပြန်မပေးဘဲ ပတ်ရှောင်ပြေးနေတဲ့ လူရွှင်တော် စံလင်းရဲ့အကြောင်းတွေကို ဖွင့်ချလိုက်ပါပြီနော်။ ” လူတိုင်းအဆင်မပြေတာကိုလက်ခံတယ်

ငွေဆယ်သိန်းနီးပါး ချက်ခြင်းပြန်ပေးဖို့လည်းမပြောပါဘူး ဖုန်းလေးတော့ကိုင် အဆက်အသွယ်လေးလုပ်ပြီးအကျိုးသင့်အကြောင်းသင့်လေးပြောပေါ့….ပွဲတွေလည်းထွက် အလှူတွေတောင်လုပ်နေသေးတာပဲဗျာ…

ကိုယ်ချင်းစာတရားလေးထားပြီး နည်းနည်းခြင်းဖဲ့ပေးတာတောင်ရတယ်… တကယ်အံဩတယ် ခင်ဗျားနားကခင်ဗျားတပည့်တွေကပါဝိုင်းလိမ်ပေးကြသေးတယ်… တရားကျဖို့အတော်ကောင်းသဗျာ….

ယုံစားမိတဲ့ကျူပ်တို့အမှားပါပဲ ပြေးထား နေတိုင်းတင်ပေးမယ် အနုပညာသမားလို့ပြောရမှာတောင်အတော်ရှက်စရာကောင်းတယ်….” လို့ အကြောင်းစုံကိုအကုန်ပြောပြထားပါတယ်နော်။
Crd : cele lucky

Zawgyi






Crd : cele lucky

Add a Comment

Your email address will not be published. Required fields are marked *