ညနေစောစောပြန်လာခဲ့မယ်ဆိုပြီး ဘယ်တော့မှပြန်မလာတော့တာ (၃)လပြည့်သွားပြီဖြစ်တဲ့ မိခင်ကို သတိရတမ်းတပြီး ဝမ်းနည်းပူဆွေးနေတဲ့ သမီးလေး

Unicode

ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ပြည်သူတွေကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့တဲ့ လက်ရှိအခြေအနေကြီးကတော့ ယနေ့အချိန်ထိလည်း မပြီးမြောက်သေးတာဖြစ်ပါတယ်။

ကျဆုံးသွားတဲ့သူရဲကောင်းတွေကိုလည်း ပြည်သူလူထုက အမြဲအောက်မေ့သတိရကြပြီး သူတို့အတွက် ကောင်းမှူကုသိုလ်တွေလည်း တတ်နိုင်သလောက်လုပ်ဆောင်ပေးနေကြတာဖြစ်ပါတယ်။

တချို့အိမ်ထောင်စုတွေခမျာ မိသားစုဝင်မစုံလင်တော့တာကြောင့် နေ့စဉ်ရက်ဆက် ဝမ်းနည်းပူဆွေးနေကြရတာဖြစ်ပါတယ် 

အခုဆိုရင်တော့ မိခင်တစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတဲ့ သမီးဖြစ်သူက သူမရဲ့ခံစားချက်တွေကို ရေးသားထားတာဖြစ်ပါတယ်။သူမရဲ့ မိခင်ကတော့ ကလေးတွေကို စာသင်ပြပေးနေတဲ့ ကျောင်းဆရာမတစ်ယောက်ဖြစ်ပါတယ်။

ဆရာမဒေါ်တင်နွဲ့ရီက ဖေဖော်ဝါရီလ (၂၈)ရက်နေ့မှာ ဆရာ၊ဆရာမတွေ ထိုင်သပိတ်ပြုလုပ်တာကိုသွားရောက်အားဖြည့်ခဲ့ပြီး ဖြိုခွင်းခံရချိန် လက်မောင်းကို 

ကျည်ထိမှန်သွားကာ နှလုံးရောဂါအခံနဲ့ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။မိခင်ဆုံးပါးသွားပြီးနောက်မှာ သမီးဖြစ်သူကလည်း လူထုလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားနေဆဲဖြစ်ပါတယ်။

ဒီနေ့လေးဟာဆိုရင် သူမရဲ့မိခင် ကျဆုံးသွားခဲ့တာ (၃)လပြည့်သွားတဲ့ နေ့လေးဖြစ်လို့ ရင်ထဲကပူဆွေးသောကတွေကို ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။သမီးဖြစ်သူက မိခင်ကို နေ့တိုင်းသတိရနေပြီး အခုချိန်ထိ ဒီဖြစ်ရပ်ကို လက်မခံနိုင်သေးတာဖြစ်ပါတယ်။

သူမတို့သားအမိနှစ်ယောက်က ညီအစ်မလိုမျိုး၊သူငယ်ချင်းလိုမျိုး အရာရာကို ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံကြတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် သမီးဖြစ်သူအနေနဲ့ အရင်းနှီးဆုံးမိခင်ကို တစ်သက်လုံးခွဲခွါလိုက်ရလို့ ဝမ်းနည်းနာကျင်နေတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
crd-original

Zawgyi

ေဖေဖာ္ဝါရီလ(၁)ရက္ေန႕မွာ ျပည္သူေတြကို ထိတ္လန႔္တုန္လႈပ္သြားေစခဲ့တဲ့ လက္ရွိအေျခအေနႀကီးကေတာ့ ယေန႕အခ်ိန္ထိလည္း မၿပီးေျမာက္ေသးတာျဖစ္ပါတယ္။

က်ဆဳံးသြားတဲ့သူရဲေကာင္းေတြကိုလည္း ျပည္သူလူထုက အၿမဲေအာက္ေမ့သတိရၾကၿပီး သူတို႔အတြက္ ေကာင္းမႉကုသိုလ္ေတြလည္း တတ္နိုင္သေလာက္လုပ္ေဆာင္ေပးေနၾကတာျဖစ္ပါတယ္။

တခ်ိဳ႕အိမ္ေထာင္စုေတြခမ်ာ မိသားစုဝင္မစုံလင္ေတာ့တာေၾကာင့္ ေန႕စဥ္ရက္ဆက္ ဝမ္းနည္းပူေဆြးေနၾကရတာျဖစ္ပါတယ္ 

အခုဆိုရင္ေတာ့ မိခင္တစ္ေယာက္လုံးကို ဆုံးရႈံးလိုက္ရတဲ့ သမီးျဖစ္သူက သူမရဲ႕ခံစားခ်က္ေတြကို ေရးသားထားတာျဖစ္ပါတယ္။သူမရဲ႕ မိခင္ကေတာ့ ကေလးေတြကို စာသင္ျပေပးေနတဲ့ ေက်ာင္းဆရာမတစ္ေယာက္ျဖစ္ပါတယ္။

ဆရာမေဒၚတင္ႏြဲ႕ရီက ေဖေဖာ္ဝါရီလ (၂၈)ရက္ေန႕မွာ ဆရာ၊ဆရာမေတြ ထိုင္သပိတ္ျပဳလုပ္တာကိုသြားေရာက္အားျဖည့္ခဲ့ၿပီး ၿဖိဳခြင္းခံရခ်ိန္ လက္ေမာင္းကို 

က်ည္ထိမွန္သြားကာ ႏွလုံးေရာဂါအခံနဲ႕က်ဆဳံးသြားခဲ့ရတာျဖစ္ပါတယ္။မိခင္ဆုံးပါးသြားၿပီးေနာက္မွာ သမီးျဖစ္သူကလည္း လူထုလႈပ္ရွားမႈေတြမွာ ပါဝင္လႈပ္ရွားေနဆဲျဖစ္ပါတယ္။

ဒီေန႕ေလးဟာဆိုရင္ သူမရဲ႕မိခင္ က်ဆဳံးသြားခဲ့တာ (၃)လျပည့္သြားတဲ့ ေန႕ေလးျဖစ္လို႔ ရင္ထဲကပူေဆြးေသာကေတြကို ဖြင့္ဟလာခဲ့တာျဖစ္ပါတယ္။သမီးျဖစ္သူက မိခင္ကို ေန႕တိုင္းသတိရေနၿပီး အခုခ်ိန္ထိ ဒီျဖစ္ရပ္ကို လက္မခံနိုင္ေသးတာျဖစ္ပါတယ္။

သူမတို႔သားအမိႏွစ္ေယာက္က ညီအစ္မလိုမ်ိဳး၊သူငယ္ခ်င္းလိုမ်ိဳး အရာရာကို ပြင့္ပြင့္လင္းလင္းေျပာဆိုဆက္ဆံၾကတာျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ သမီးျဖစ္သူအေနနဲ႕ အရင္းႏွီးဆုံးမိခင္ကို တစ္သက္လုံးခြဲခြါလိုက္ရလို႔ ဝမ္းနည္းနာက်င္ေနတဲ့အေၾကာင္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
crd-original

Add a Comment

Your email address will not be published. Required fields are marked *