တောထဲတောင်ထဲကိုရောက်ရှိနေပေမယ့် အိမ်လေးဆောက်နေရင်း သူ့ရဲ့ခံစားချက်ဆန္ဒအမှန်ကိုပြသလိုက်တဲ့ လူရွှင်တော်တိုင်းကျော်(ဟား ၅ကောင်)

Unicode

လူရွှင်တော် တိုင်းကျော်ကတော့ ပြည်သူချစ် သရုပ်ဆောင် တစ်ဦးဖြစ်သလို ဟားငါးကောင်အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ် တိုင်းကျော်က လူထုလှုပ်ရှားမှုတွေ စတင်ပြုလုပ်တဲ့ အချိန်ကတည်းက လမ်းပေါ်ထွက်ပြီး တစ်တပ်တစ်အား ပါဝင်အားဖြည့်ခဲ့သူ ဖြစ်ပါတယ်

လက်ရှိမှာဆိုရင်လည်း တိုင်းကျော်က ပြည်သူတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် ဗီဒီယိုလေးတွေဖန်တီးရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် မျှဝေပေးနေတာဖြစ်ပါတယ်

အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့ လူရွှင်တော် တိုင်းကျော်က အခုလည်း သူ့ရဲ့ Facebook Account မှာ ဓာတ်ပုံတစ်ချို့ကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ တိုင်းကျော်က “အရေးတော်ပုံအောင်ရမည်” ဆိုပြီး တောထဲတောင်ထဲကို ရောက်ရှိနေတဲ့ပုံရိပ်တွေကို တင်ထားတာဖြစ်ပါတယ်

လက်သုံးချောင်းထောင်ပြီး သူ့ရဲ့ရင်တွင်းဆန္ဒအမှန်ကို ဖော်ထုတ်ပြသနေတဲ့ တိုင်းကျော်က ရောက်ရာနေရာကနေ တာဝန်ကျေပွန်ကြောင်း ပြသခဲ့တာဖြစ်ပါတယ်

ဓာတ်ပုံထဲမှာတော့ တိုင်းကျော်က တောတွင်းတစ်နေရာကို ရောက်ရှိနေတာဖြစ်ပြီး နေထိုင်ဖို့အတွက် အိမ်ဆောက်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ပြည်သူတွေကတော့ ရဲရင့်တဲ့စိတ်ဓာတ်အပြည့်ရှိတဲ့ လူရွှင်တော်တိုင်းကျော်ကို လေးစားချီးကျူးနေကြပြီး ဘေးကင်းစေဖို့အတွက်လည်း ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တိုင်းကျော်က သူ့အတွက်စိုးရိမ်နေတဲ့ ပရိသတ်တွေကို စိတ်မပူဖို့ပြောပြီး သူ့အနေနဲ့ ဘေးကင်းလုံခြုံကြောင်း ပြောပြခဲ့သေး တာပဲဖြစ်ပါတယ် ။
Credit

Zawgyi






Credit

Add a Comment

Your email address will not be published. Required fields are marked *