သမိုင်း အစဉ်အလာကြီးတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့မြေးမလေး ဘမျိုးဘိုးတူ အိန္ဒြာကျော်ဇင်

Unicode

၂၀၀၁ ခုနှစ်မှာ ပြင်သစ်နိုင်ငံမှာ ပြုလုပ်သော Pan-Asia Film Festival မှာ ထိုင်းရုပ်ရှင် ဒါရိုက်တာ ရိုက်တဲ့ ထိုင်း သမိုင်းကြောင်းဆိုင်ရာ ဇာတ်ကားတစ်ကားပြပါတယ်နော်။ ၁၈ ရာစုမှာ ဗမာဘုရင်တွေ ယိုးဒယားကို စစ်ချီတဲ့ပြကွက်တွေ ပိုပိုသာသာ ရိုက်ပြထားတဲ့ ဇာတ်ကားပါ။

ဇာတ်ကားပြနေတုန်း မပြီးခင်ဘဲ သိပ်လှတဲ့ မင်းသမီးတစ်ယောက်က ရုပ်ရှင်ပြခန်းထဲက ထထွက်သွားပါတယ်။အဲဒီ ထိုင်းဒါရို က်တာဟာ ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံး ဒါရိုက်တာဆုကိုဆွတ်ခူးခဲ့ပြီးတော့ ထိုင်းနိုင်ငံပြန်ရောက်တဲ့အခါ

ထိုင်းမီဒီယာတွေမှာ ပြင်သစ်ရုပ်ရှင်ပွဲတော် အကြောင်း ဖြေကြားတဲ့အခါ သူ့ရုပ်ရှင် မပြီးခင်ထ ထွက်သွားတဲ့ မင်းသမီးဟာ မြန်မာမင်းသမီး အိန္ဒြာကျော်ဇင်ဖြစ်တဲ့အကြောင်း၊

အိန္ဒြာကျော်ဇင်နဲ့စကားခဏပြောခဲ့ရကြောင်း၊ ဖော်ရွေပြီးတော့ သိပ်လှတဲ့ အရည်အချင်းရှိတဲ့ မင်းသမီးတစ်လက် ဖြစ်ကြောင်း၊အိန္ဒြာကျော်ဇင်က သူရိုက်တဲ့ ထိုင်းသမိုင်း ရုပ်ရှင်အကြောင်း မေးကြောင်း၊ အိန္ဒြာကျော်ဇင်နဲ့ အနုပညာလုပ်ငန်းတွေလက်တွဲလုပ်ဆောင်ချင်လို့ ထပ်ပြီးတော့ ဆက်သွယ်ခဲ့ပေမယ့် သူမက ငြင်းခဲ့ကြောင်းတွေ ပြန်ပြောပြခဲ့တာပါ။

အဲဒီလို ပြတ်သားတဲ့ ရွှေမင်းသမီးဟာ သမိုင်းအစဉ်အလာကြီးတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ မြေးမလေးတစ်ယောက်ပါ။အိန္ဒြာကျော်ဇင်ရဲ့ အမေ ဒေါ်ဂျူလီဇေယျ ခေါ် ဒေါ်မြသီတာ ဟာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ သမီး ၅ ယောက်ထဲက အဖေဖြစ်သူ ဗိုလ်ဇေယျနဲ့ အတူဆုံး သမီးပါတဲ့။

သမိုင်း အစဉ်အလာ ကြီးမားတဲ့ ရဲဘော်သုံးကျိပ်မှာ ဗိုလ်အောင်ဆန်း ပြီးရင် ဗိုလ်လကျာ်နဲ့ ဗိုလ်ဇေယျက ဒုတိယနဲ့ တတိယခေါင်းဆောင်လို့ ဗိုလ်ကျော်ဇော သမီး ဒေါက်တာ လှကျော်ဇောက ရေးဖူးပါတယ်တဲ့။

၁၉၃၈ ခုနှစ် ရန်ကုန်မြို့မှာ ဗိုလ်အောင်ကျော် အရေးအခင်း မဖြစ်ခင် ရက်ပိုင်းအလို ဒီဇင်ဘာလ ၁၅ ရက်နေ့က နယ်ချဲ့အစိုးရကို ပထမဆုံးအကြိမ် လမ်းပေါ်ထွက် ဆန္ဒပြခဲ့တဲ့ကျောင်းသားခေါင်းဆောင်တွေထဲက ကိုဌေးမြိုင် (ဒဂုန်တာရာ) ကလည်း အိန္ဒြာကျော်ဇင်ရဲ့ ဦးကြီး တော်စပ်ပါတယ်နော်။

အဲဒီတုန်းက နယ်ချဲ့အစိုးရဟာ အခုလိုပဲ ပုဒ်မ ၁၄၄ ထုတ်ထားပြီး၊ မြို့ထဲမှာ သံချပ်ကားတွေနဲ့ အင်အားပြနေတဲ့ကြားက အာဏာဖီ ဆန်ပြီး လမ်းပေါ်ထွက်ခဲ့ကြတယ်လို့ ဒဂုန်တာရာကပြန်ရေးခဲ့ပါတယ်။

ဗိုလ်ဇေယျဟာ မိသားစုနဲ့ တကွဲတပြား တောခိုရင်း ကျဆုံးခဲ့ရသလို၊ ဗိုလ်ဇေယျညီ ဦးစိုးဝင်းဟာလည်း ၁၉၈၈ အရေးအခင်းမှာ အဖမ်းခံရပြီးတော့ ထောင်ထဲမှာပဲ ကွယ် လွန်ခဲ့ပါတယ်။ကျန်ခဲ့တဲ့ မိသားတစုလုံး အမှန်တရားကို လိုလားလို့ ဒုက္ခသုက္ခ မျိုးစုံခံစားနေရတာ ဒီကနေ့အထိပါဘဲနော်။
crd-original

Zawgyi

၂၀၀၁ ခုႏွစ္မွာ ျပင္သစ္နိုင္ငံမွာ ျပဳလုပ္ေသာ Pan-Asia Film Festival မွာ ထိုင္း႐ုပ္ရွင္ ဒါရိုက္တာ ရိုက္တဲ့ ထိုင္း သမိုင္းေၾကာင္းဆိုင္ရာ ဇာတ္ကားတစ္ကားျပပါတယ္ေနာ္။ ၁၈ ရာစုမွာ ဗမာဘုရင္ေတြ ယိုးဒယားကို စစ္ခ်ီတဲ့ျပကြက္ေတြ ပိုပိုသာသာ ရို က္ျပထားတဲ့ ဇာတ္ကားပါ။

ဇာတ္ကားျပေနတုန္း မၿပီးခင္ဘဲ သိပ္လွတဲ့ မင္းသမီးတစ္ေယာက္က ႐ုပ္ရွင္ျပခန္းထဲက ထထြက္သြားပါတယ္။အဲဒီ ထိုင္းဒါရို က္တာဟာ ႐ုပ္ရွင္ပြဲေတာ္ရဲ႕ အေကာင္းဆုံး ဒါရိုက္တာဆုကိုဆြတ္ခူးခဲ့ၿပီးေတာ့ ထိုင္းနိုင္ငံျပန္ေရာက္တဲ့အခါ

ထိုင္းမီဒီယာေတြမွာ ျပင္သစ္႐ုပ္ရွင္ပြဲေတာ္ အေၾကာင္း ေျဖၾကားတဲ့အခါ သူ႕႐ုပ္ရွင္ မၿပီးခင္ ထ ထြက္သြားတဲ့ မင္းသမီးဟာ ျမန္မာမင္းသမီး အိႏၵျာေက်ာ္ဇင္ ျဖစ္တဲ့အေၾကာင္း၊

အိႏၵျာေက်ာ္ဇင္နဲ႕စကားခဏေျပာခဲ့ရေၾကာင္း၊ ေဖာ္ေ႐ြၿပီးေတာ့ သိပ္လွတဲ့ အရည္အခ်င္းရွိတဲ့ မင္းသမီးတစ္လက္ ျဖစ္ေၾကာင္း၊အိႏၵျာေက်ာ္ဇင္က သူရိုက္တဲ့ ထိုင္းသမိုင္း ႐ုပ္ရွင္အေၾကာင္း ေမးေၾကာင္း၊ အိႏၵျာေက်ာ္ဇင္နဲ႕ အႏုပညာလုပ္ငန္းေတြလက္တြဲလုပ္ေဆာင္ခ်င္လို႔ ထပ္ၿပီးေတာ့ ဆက္သြယ္ခဲ့ေပမယ့္ သူမက ျငင္းခဲ့ေၾကာင္းေတြ ျပန္ေျပာျပခဲ့တာပါ။

အဲဒီလို ျပတ္သားတဲ့ ေ႐ႊမင္းသမီးဟာ သမိုင္းအစဥ္အလာႀကီးတဲ့ ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္ေဇယ်ရဲ႕ ေျမးမေလးတစ္ေယာက္ပါ။အိႏၵျာေက်ာ္ဇင္ရဲ႕ အေမ ေဒၚဂ်ဴလီေဇယ် ေခၚ ေဒၚျမသီတာ ဟာ ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္ေဇယ်ရဲ႕ သမီး ၅ ေယာက္ထဲက အေဖျဖစ္သူ ဗိုလ္ေဇယ်နဲ႕ အတူဆုံး သမီးပါတဲ့။

သမိုင္း အစဥ္အလာ ႀကီးမားတဲ့ ရဲေဘာ္သုံးက်ိပ္မွာ ဗိုလ္ေအာင္ဆန္း ၿပီးရင္ ဗိုလ္လက်ာ္နဲ႕ ဗိုလ္ေဇယ်က ဒုတိယနဲ႕ တတိယေခါင္းေဆာင္လို႔ ဗိုလ္ေက်ာ္ေဇာ သမီး ေဒါက္တာ လွေက်ာ္ေဇာက ေရးဖူးပါတယ္တဲ့။

၁၉၃၈ ခုႏွစ္ ရန္ကုန္ၿမိဳ႕မွာ ဗိုလ္ေအာင္ေက်ာ္ အေရးအခင္း မျဖစ္ခင္ ရက္ပိုင္းအလို ဒီဇင္ဘာလ ၁၅ ရက္ေန႕က နယ္ခ်ဲ့အစိုးရကို ပထမဆုံးအႀကိမ္ လမ္းေပၚထြက္ ဆႏၵျပခဲ့တဲ့ေက်ာင္းသားေခါင္းေဆာင္ေတြထဲက ကိုေဌးၿမိဳင္ (ဒဂုန္တာရာ) ကလည္း အိႏၵျာေက်ာ္ဇင္ရဲ႕ ဦးႀကီး ေတာ္စပ္ပါတယ္ေနာ္။

အဲဒီတုန္းက နယ္ခ်ဲ့အစိုးရဟာ အခုလိုပဲ ပုဒ္မ ၁၄၄ ထုတ္ထားၿပီး၊ ၿမိဳ႕ထဲမွာ သံခ်ပ္ကားေတြနဲ႕ အင္အားျပေနတဲ့ၾကားက အာဏာဖီ ဆန္ၿပီး လမ္းေပၚထြက္ခဲ့ၾကတယ္လို႔ ဒဂုန္တာရာကျပန္ေရးခဲ့ပါတယ္။

ဗိုလ္ေဇယ်ဟာ မိသားစုနဲ႕ တကြဲတျပား ေတာခိုရင္း က်ဆဳံးခဲ့ရသလို၊ ဗိုလ္ေဇယ်ညီ ဦးစိုးဝင္းဟာလည္း ၁၉၈၈ အေရးအခင္းမွာ အဖမ္းခံရၿပီးေတာ့ ေထာင္ထဲမွာပဲ ကြယ္ လြန္ခဲ့ပါတယ္။က်န္ခဲ့တဲ့ မိသားတစုလုံး အမွန္တရားကို လိုလားလို႔ ဒုကၡသုကၡ မ်ိဳးစုံခံစားေနရတာ ဒီကေန႕အထိပါဘဲေနာ္။
crd-original

Add a Comment

Your email address will not be published. Required fields are marked *