နွေဦးတော်လှန်ရေး အောင်ပွဲအတွက် တောထဲမှာ ခက်ခဲကြမ်းတမ်းစွာနေထိုင် ရပေမယ့်လည်း ပြည်သူတွေ အတွက် အပြင်းအထန်လေ့ကျင့်နေကြ တဲ့သူရဲကောင်းတွေရဲ့ ပုံရိပ်တချို့

Unicode

လက်ရှိအချိန်မှာဆိုရင်တော့ လူငယ်သူရဲကောင်းတွေများစွာထွက်ပေါ်လာပြီး အသက်ကိုစွန့်လွှတ်ရမယ်ဆိုရင်တောင် ဝန်မလေးတဲ့စိတ်ဓာတ်နဲ့ အရမ်းရဲရင့်နေကြတာဖြစ်ပါတယ်။

ဒီကာလကြီးမှာ ပြည်သူအချင်းချင်းကဖေးမကူညီကြပြီး ကြုံတွေ့လာရတဲ့အခက်အခဲတွေကိုလည်း  စည်းစည်းလုံးလုံးနဲ့ဖြေရှင်းနေကြတာဖြစ်ပါတယ်။

တချို့လူငယ်လေးတွေဆိုရင် မိဘရဲ့အရိပ်အောက်မှာ အေးအေးချမ်းချမ်းနေထိုင်ရပေမယ့် အခုချိန်မှာတော့ တောထဲမှာ ပင်ပန်းမှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ပြည်သူတွေကိုကာကွယ်ပေးဖို့အတွက်

လူငယ်သူရဲကောင်းတွေကတော့ တောထဲမှာအပြင်းအထန်လေ့ကျင့်နေကြတာဖြစ်ပါတယ်။

နေဒဏ်၊လေဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး တစ်ရက်မှမနားဘဲ ကြိုးစားနေကြတဲ့ လူငယ်တွေရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတွေ့မြင်နေရတာပဲဖြစ်ပါတယ်။

အခုဆိုရင်တော့ ပြည်သူတစ်ဦးက PDF အဖွဲ့တွေအတွက် ကျည်နဲ့ဒိုင်းကာတွေစုပြီးဝယ်ဖို့

အလှူငွေကောက်ခံနေတာပဲဖြစ်ပါတယ်။စေတနာရှင်တွေကလည်းလူငယ်တွေကိုပံ့ပိုးပေးဖို့အတွက် တတ်နိုင်သလောက်ပါဝင်လှူဒါန်းကြတာဖြစ်ပါတယ်။

အခုလိုမျိုး ပြည်သူတွေကိုကာကွယ်စောင့်ရှောက်ပေးကြတဲ့  PDFအဖွဲ့တွေကို ပြည်သူလူထုကလည်းဘေးအန္တရာယ်ကင်းပါစေလို့ ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။

အခုရက်ပိုင်းတွေမှာတော့ တချို့ပြည်နယ်လေးတွေမှာ တိုက်ပွဲတွေဖြစ်ပွါးနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း ကြိုးစားပမ်းစားနဲ့ ခုခံနေကြတာဖြစ်ပါတယ်။

တောတောင်ထဲမှာ ခက်ခဲပင်ပန်းစွာနေထိုင်ပြီး ပြည်သူတွေအတွက် အပြင်းအထန်လေ့ကျင့်နေကြတဲ့လူငယ်သူရဲကောင်းတွေရဲ့ ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
CRD_khityoeyar

Zawgyi










CRD_khityoeyar

Add a Comment

Your email address will not be published. Required fields are marked *