သေနတ်ကိုင်ပြီး ပြန်လာမယ် (ဂစ်တာတီးသင်မယ်ဆိုတဲ့ စိတ်ကူးကို သေနတ်ပစ်သင်ရင်း အာသာဖြေလိုက်ပြီ အမေ )

Unicode

သေနတ်ကိုင်ပြီး ပြန်လာမယ်

ရည်းစားထားဖို့ပဲသိတယ်ဆိုတဲ့ ကောင်ပါ အမေ။

တိရစ္ဆာန်လေးလို့ အမေ ချစ်စနိုးခေါ်တတ်တဲ့
တိရစ္ဆာန်လေးပါ အမေ။

ဖက်ရွက်ပေါ် ကျောခင်းပြီး
ငှက်ပျောအူကို စုပ်ရင်း ဒီစာကို ရေးလိုက်တာပါ။

ညဆို မိုးပေါ်က ကြယ်တွေကို ရေတွက်ရင်း
အမေ့ကို လွမ်းရ
နေ့ဆို အာဏာရှင်ကိုတိုက်ဖို့ သေနတ်ပစ်လေ့ကျင့်ရင်း
အားသစ်တွေ မွေးရပေါ့။

လေဟာ ဘာနဲ့မှ ပိတ်လို့မရသလို
တော်လှန်ရေး စိတ်ဟာ ဘာနဲ့မှ တားလို့မရဘူးအမေ။

အမေ့ကိုမှ ကျောမခိုင်းရက်ရင်
သေသွားတဲ့ လိပ်ပြာတွေကို
ကျနော် ဘယ်လို မျက်နှာပြရမလဲ အမေ။

အသက်တချောင်းပဲ ပါတယ်
အဲဒီအသက်တချောင်းဟာ တော်လှန်ရေးအတွက်ပဲ

ဆေးလိပ်တွေ ခိုးမသောက်နဲ့လို့
အမေ ကျနော့်ကို ဆုံးမသလိုမျိုး
အာဏာကို ခိုးမယူနဲ့ လို့
သူတို့ကို ဆုံးမလို့ မရဘူးအမေ။

လမ်းမပေါ်ရဲနေတဲ့ သွေးတွေဟာ
လူ့သွေး စစ်စစ်တွေပါ။

ဂစ်တာတီးသင်မယ်ဆိုတဲ့ စိတ်ကူးကို
သေနတ်ပစ်သင်ရင်း အာသာဖြေလိုက်ပြီ အမေ။

အိပ်မပျော်လည်း မဖြစ်နဲ့၊
စားမဝင်လည်း မဖြစ်နဲ့၊

မြေခွေးစစ်စစ်တွေအတွက်
သီချင်းစစ်စစ်တွေ မလိုလို့
သေနတ်စစ်စစ် ကိုင်ပြီး ကျနော်ပြန်လာမယ် အမေ။
GZ များသို့ ဂုဏ်ပြုရေးသားပါသည်
လူခါး
၂၀၂၁၊ ၀၅၊ ၂၁ (ဂျပန်)

Zawgyi

ေသနတ္ကိုင္ၿပီး ျပန္လာမယ္

ရည္းစားထားဖို႔ပဲသိတယ္ဆိုတဲ့ ေကာင္ပါ အေမ။

တိရစာၦန္ေလးလို႔ အေမ ခ်စ္စနိုးေခၚတတ္တဲ့
တိရစာၦန္ေလးပါ အေမ။

ဖက္႐ြက္ေပၚ ေက်ာခင္းၿပီး
ငွက္ေပ်ာအူကို စုပ္ရင္း ဒီစာကို ေရးလိုက္တာပါ။

ညဆို မိုးေပၚက ၾကယ္ေတြကို ေရတြက္ရင္း
အေမ့ကို လြမ္းရ
ေန႕ဆို အာဏာရွင္ကိုတိုက္ဖို႔ ေသနတ္ပစ္ေလ့က်င့္ရင္း
အားသစ္ေတြ ေမြးရေပါ့။

ေလဟာ ဘာနဲ႕မွ ပိတ္လို႔မရသလို
ေတာ္လွန္ေရး စိတ္ဟာ ဘာနဲ႕မွ တားလို႔မရဘူးအေမ။

အေမ့ကိုမွ ေက်ာမခိုင္းရက္ရင္
ေသသြားတဲ့ လိပ္ျပာေတြကို
က်ေနာ္ ဘယ္လို မ်က္ႏွာျပရမလဲ အေမ။

အသက္တေခ်ာင္းပဲ ပါတယ္
အဲဒီအသက္တေခ်ာင္းဟာ ေတာ္လွန္ေရးအတြက္ပဲ

ေဆးလိပ္ေတြ ခိုးမေသာက္နဲ႕လို႔
အေမ က်ေနာ့္ကို ဆုံးမသလိုမ်ိဳး
အာဏာကို ခိုးမယူနဲ႕ လို႔
သူတို႔ကို ဆုံးမလို႔ မရဘူးအေမ။

လမ္းမေပၚရဲေနတဲ့ ေသြးေတြဟာ
လူ႕ေသြး စစ္စစ္ေတြပါ။

ဂစ္တာတီးသင္မယ္ဆိုတဲ့ စိတ္ကူးကို
ေသနတ္ပစ္သင္ရင္း အာသာေျဖလိုက္ၿပီ အေမ။

အိပ္မေပ်ာ္လည္း မျဖစ္နဲ႕၊
စားမဝင္လည္း မျဖစ္နဲ႕၊

ေျမေခြးစစ္စစ္ေတြအတြက္
သီခ်င္းစစ္စစ္ေတြ မလိုလို႔
ေသနတ္စစ္စစ္ ကိုင္ၿပီး က်ေနာ္ျပန္လာမယ္ အေမ။
GZ မ်ားသို႔ ဂုဏ္ျပဳေရးသားပါသည္
လူခါး
၂၀၂၁၊ ၀၅၊ ၂၁ (ဂ်ပန္)

Add a Comment

Your email address will not be published. Required fields are marked *