မြန်မာ့အာဏာသိမ်းမှု ဖြေရှင်းရာတွင် UN ရဲ့ ကိုင်တွယ်မှုအကြပ်ရိုက်နေသည့် အချက်ကြောင့် ကမ္ဘာ့နိုင်ငံတချို့ကလည်း မြန်မာနည်းတူ အာဏာသိမ်းနေ

Unicode

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ဖေဖော်ဝါရီ ၁ရက်နေ့မှာ လူထုရွေးချယ်တင်မြောက်ထားတဲ့

သမ္မတ နဲ့နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးပြီ စစ်တပ်က အာဏာသိမ်းကြောင်း မြန်မာကိုရောကမ္ဘာကိုပါ ကြေညာခဲ့ပါတယ်။

အာဏာမသိမ်းခင်ရက်ပိုင်းအလိုမှာ ကုလသမဂ္ဂမှာ ဗီတိုအာဏာရရှိထားတဲ့ တရုတ်နိုင်ငံကနိုင်ငံခြားရေးဝန်ကြီးဝမ်းယိက

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်ပြီး အာဏာသိမ်း စစ်တပ်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးခဲ့သလို ရုရှားကာကွယ်ရေးဝန်ကြီးနဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီလိုတွေ့ဆုံဆွေးနွေးပြီးနောက်ရက်ပိုင်းအတွင်း မှာပဲ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က

အရပ်သားအစိုးရကိုဖြုတ်ချကာ အခြေခံဥပဒေကို ဆန့်ကျင်ပြီး နိုင်ငံအာဏာကို မတရားနည်းလမ်းနဲ့ရယူခဲ့ပါတယ်။

စစ်တပ်အာဏာတည်မြဲရေးအတွက် ဆန္ဒပြ ပြည်သူ ၉၀၀နီးပါး ကို စစ်တပ်က တ်ဖြတ်နေဆဲဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၃ကြိမ်ထက်မနည်း ခေါ်ယူခဲ့ပေမယ့်

တရုတ် နဲ့ ရုရှာရဲ့ကန့်ကွက်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ဆောင်ရွက်ချက်တွေက ထိရောက်မှု မရှိခဲ့ပါဘူး ။

ဒီအခြေအနေတွေကို ကမ္ဘာ့အကြီးဆုံး ကုလသမဂ္ဂအဖွဲ့အစည်းက တာဆီးနိုင်စွမ်းလည်းမရှိသလို အိမ်နီချင်းနိုင်ငံတွေကလည်း တားဆီးနိုင်စွမ်းမရှိခဲ့တာကြောင့် မြန်မာအာဏာသိမ်းမှုကို

စောင့်ကြည်နေတဲ့ ကမ္ဘာ့နိုင်ငံတစ်ချို့မှာလည်း မြန်မာနည်းတူ အာဏာသိမ်းမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။

အနောက်အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မာလီနိုင်ငံဟာ အရပ်သားအစိုးရအုပ်ချုပ်တဲ့နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့တနင်္လာနေ့မှာ ၉လတာအုပ်ချုပ်ခွင့်ရခဲ့တဲ့ ကြားဖြတ်အစိုးရအဖွဲ့ သမ္မတ၊ ဝန်ကြီးချုပ်နဲ့

ကာကွယ်ရေးဝန်ကြီးတွေကို ဖမ်းဆီးလိုက်ပြီး မာလီစစ်တပ်က အာဏာကိုသိမ်းယူလိုက်တာပဲဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာလည်း ကုလသမဂ္ဂ (UN)က အရေးပေါ်အစည်းအဝေးခေါ်ယူပြီး မာလီသမ္မတ Bah Ndaw ကိုချက်ချင်းလွှတ်ပေးရန်ကုလသမဂ္ဂကတောင်းဆိုလိုက်တယ်လို့ BBC World News ဖော်ပြချက်အရသိရပါတယ်။

မာလီစစ်တပ်အနေနဲ့ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုမှာ ကုလသမဂ္ဂ (UN)ရဲ့လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာကိုကောင်းစွာသိရှိနားလည်သဘောပေါက်ခဲ့တာကြောင့် တုန်လှုပ်မှု ရှိမယ့် ဟန်မပေါ်ဘူးလို့သုံသပ်ရနိုင်ပါတယ်။

ဒါကြောင့် လက်ရှိမှာ မြန်မာအရေး နဲ့ မာလီအရေးကို ကုလသမဂ္ဂ (UN)အနေနဲ့ဘာတွေဆက်လက်ဆောင်ရွက်သွားမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
CRD_Burmese Press

Zawgyi

မင္းေအာင္လွိုင္ ဦးေဆာင္တဲ့ စစ္တပ္က ေဖေဖာ္ဝါရီ ၁ရက္ေန႕မွာ လူထုေ႐ြးခ်ယ္တင္ေျမာက္ထားတဲ့

သမၼတ နဲ႕နိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ဖမ္းဆီးၿပီ စစ္တပ္က အာဏာသိမ္းေၾကာင္း ျမန္မာကိုေရာကမာၻကိုပါ ေၾကညာခဲ့ပါတယ္။

အာဏာမသိမ္းခင္ရက္ပိုင္းအလိုမွာ ကုလသမဂၢမွာ ဗီတိုအာဏာရရွိထားတဲ့ တ႐ုတ္နိုင္ငံကနိုင္ငံျခားေရးဝန္ႀကီးဝမ္းယိက

ျမန္မာနိုင္ငံကို ပထမဆုံးအႀကိမ္လာေရာက္ၿပီး အာဏာသိမ္း စစ္တပ္ေခါင္းေဆာင္နဲ႕ေတြ႕ဆုံေဆြးေႏြးခဲ့သလို ႐ုရွားကာကြယ္ေရးဝန္ႀကီးနဲ႕လည္းေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။

ဒီလိုေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ရက္ပိုင္းအတြင္း မွာပဲ မင္းေအာင္လွိုင္ဦးေဆာင္တဲ့ စစ္တပ္က

အရပ္သားအစိုးရကိုျဖဳတ္ခ်ကာ အေျခခံဥပေဒကို ဆန႔္က်င္ၿပီး နိုင္ငံအာဏာကို မတရားနည္းလမ္းနဲ႕ရယူခဲ့ပါတယ္။

စစ္တပ္အာဏာတည္ၿမဲေရးအတြက္ ဆႏၵျပ ျပည္သူ ၉၀၀နီးပါး ကို စစ္တပ္က တ္ျဖတ္ေနဆဲျဖစ္ပါတယ္။

အာဏာသိမ္းၿပီးေနာက္ ျမန္မာအေရးနဲ႕ပတ္သက္ၿပီး ကုလသမဂၢ လုံၿခဳံေရးေကာင္စီက ၃ႀကိမ္ထက္မနည္း ေခၚယူခဲ့ေပမယ့္

တ႐ုတ္ နဲ႕ ႐ုရွာရဲ႕ကန႔္ကြက္မႈေၾကာင့္ ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ေဆာင္႐ြက္ခ်က္ေတြက ထိေရာက္မႈ မရွိခဲ့ပါဘူး ။

ဒီအေျခအေနေတြကို ကမာၻ႔အႀကီးဆုံး ကုလသမဂၢအဖြဲ႕အစည္းက တာဆီးနိုင္စြမ္းလည္းမရွိသလို အိမ္နီခ်င္းနိုင္ငံေတြကလည္း တားဆီးနိုင္စြမ္းမရွိခဲ့တာေၾကာင့္ ျမန္မာအာဏာသိမ္းမႈကို

ေစာင့္ၾကည္ေနတဲ့ ကမာၻ႔နိုင္ငံတစ္ခ်ိဳ႕မွာလည္း ျမန္မာနည္းတူ အာဏာသိမ္းမႈေတြျဖစ္ေပၚလာခဲ့ပါတယ္။

အေနာက္အာဖရိက နိုင္ငံတစ္နိုင္ငံျဖစ္တဲ့ မာလီနိုင္ငံဟာ အရပ္သားအစိုးရအုပ္ခ်ဳပ္တဲ့နိုင္ငံျဖစ္ၿပီး ၿပီးခဲ့တဲ့တနလၤာေန႕မွာ ၉လတာအုပ္ခ်ဳပ္ခြင့္ရခဲ့တဲ့ ၾကားျဖတ္အစိုးရအဖြဲ႕ သမၼတ၊ ဝန္ႀကီးခ်ဳပ္နဲ႕

ကာကြယ္ေရးဝန္ႀကီးေတြကို ဖမ္းဆီးလိုက္ၿပီး မာလီစစ္တပ္က အာဏာကိုသိမ္းယူလိုက္တာပဲျဖစ္ပါတယ္။

ဒီျဖစ္စဥ္မွာလည္း ကုလသမဂၢ (UN)က အေရးေပၚအစည္းအေဝးေခၚယူၿပီး မာလီသမၼတ Bah Ndaw ကိုခ်က္ခ်င္းလႊတ္ေပးရန္ကုလသမဂၢကေတာင္းဆိုလိုက္တယ္လို႔ BBC World News ေဖာ္ျပခ်က္အရသိရပါတယ္။

မာလီစစ္တပ္အေနနဲ႕ ျမန္မာနိုင္ငံစစ္အာဏာသိမ္းမႈမွာ ကုလသမဂၢ (UN)ရဲ႕လုပ္ေဆာင္နိုင္တဲ့ အတိုင္းအတာကိုေကာင္းစြာသိရွိနားလည္သေဘာေပါက္ခဲ့တာေၾကာင့္ တုန္လႈပ္မႈ ရွိမယ့္ ဟန္မေပၚဘူးလို႔သုံသပ္ရနိုင္ပါတယ္။

ဒါေၾကာင့္ လက္ရွိမွာ ျမန္မာအေရး နဲ႕ မာလီအေရးကို ကုလသမဂၢ (UN)အေနနဲ႕ဘာေတြဆက္လက္ေဆာင္႐ြက္သြားမလဲဆိုတာ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။
CRD_Burmese Press

Add a Comment

Your email address will not be published. Required fields are marked *