အမှန်တရားအတွက်တိုက်ပွဲ၀င်ရင်း သူမရဲ့လုံခြုံမှုအတွက် ဘေးကင်းရာကို တိမ်းရှောင်နေရတဲ့တွက် မိသားစုကိုသတိရကြောင်းရင်ဖွင့်လာတဲ့ အေးမြတ်သူ

Unicode

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ မှန်ကန်တဲ့ ဘက်ကနေ ရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်များ ထဲတွင် သရုပ်ဆောင် အေးမြတ်သူလည်း တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။

နေ့စဉ်လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်တွေကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး လိုအပ်တဲ့နေရာတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ် ။ အခုလို ဓမ္မဘက်ကနေ ရပ်တည်ပေးခဲ့တာကြောင့်အေးမြတ်သူအား ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူထားတာဖြစ်ပါတယ်။

အရေးယူခံထားရတဲ့ အနုပညာရှင်များကတော့ သူတို့ရဲ့ လုံခြုံမှုအတွက် ဘေးကင်းရာသို့ တိမ်းရှောင်နေကြရ တာဖြစ်ပါတယ်။ သို့သော်ည်း အမှန်တရား အတွက် ရောက်ရာနေရာကနေ တော်လှန်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။

ပရိသတ်များကလည်း သူတို့ချစ်ခင်အားပေးခဲ့ရတဲ့ အနုပညာရှင်တွေ အခုလိုတိမ်းရှောင်နေရတဲ့အတွက် စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ်။ မနေ့ညက အေးမြတ်သူ ရဲ့Instagram Story တွင် ပုံလေးတစ်ပုံတင်ထားတာဖြစ်ပါတယ်။

ဒါကတော့ သူမရဲ့ မိသားစုဝင် ပုံလေးကို တင်ထားကာ သတိရနေတဲ့အကြောင်း “ Missing….” ဆိုပြီးရေးသား ထားတာ ဖြစ်ပါတယ်။ မိသားစုကို အရိပ်တကြည့်ကြည့်နဲ့ အမြဲဂရုစိုက်တတ်တဲ့ မမြတ်လေးတစ်ယောက် သူမချစ်ရတဲ့သူတွေနဲ့ အခုလိုအချိန်အကြာကြီးခွဲခွာနေရတာ တော်တော်လေးကို စိတ်မကောင်းဖြစ်နေမှာ သေချာပါတယ်။

အခြေအနေအရပ်ရပ်ကြောင့် မိသားစုတွေနဲ့ခွဲခွာပြီး တိမ်းရှောင်နေရသူများအားလုံး အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်းဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။
Source and Photo Crd-MyatLay8686’s Instagram Account
Credit

Zawgyi

ျမန္မာနိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႕အတူ မွန္ကန္တဲ့ ဘက္ကေန ရပ္တည္ခဲ့ၾကတဲ့ အႏုပညာရွင္မ်ား ထဲတြင္ သ႐ုပ္ေဆာင္ ေအးျမတ္သူလည္း တစ္ေယာက္အပါအဝင္ပဲျဖစ္ပါတယ္။

ေန႕စဥ္လမ္းေပၚထြက္ကာ ရင္ထဲက ဆႏၵအမွန္ေတြကိုလည္း ထုတ္ေဖာ္ျပသခဲ့ၿပီး လိုအပ္တဲ့ေနရာေတြကိုလည္း တတ္နိုင္သေလာက္ လႉဒါန္းမႈေတြ ပါဝင္ေဆာင္႐ြက္ခဲ့တာျဖစ္ပါတယ္ ။ အခုလို ဓမၼဘက္ကေန ရပ္တည္ေပးခဲ့တာေၾကာင့္ေအးျမတ္သူအား ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုအေရးယူထားတာျဖစ္ပါတယ္။

အေရးယူခံထားရတဲ့ အႏုပညာရွင္မ်ားကေတာ့ သူတို႔ရဲ႕ လုံၿခဳံမႈအတြက္ ေဘးကင္းရာသို႔ တိမ္းေရွာင္ေနၾကရ တာျဖစ္ပါတယ္။ သို႔ေသာ္ည္း အမွန္တရား အတြက္ ေရာက္ရာေနရာကေန ေတာ္လွန္တိုက္ပြဲဝင္ေနၾကဆဲ ျဖစ္ပါတယ္။

ပရိသတ္မ်ားကလည္း သူတို႔ခ်စ္ခင္အားေပးခဲ့ရတဲ့ အႏုပညာရွင္ေတြ အခုလိုတိမ္းေရွာင္ေနရတဲ့အတြက္ စိတ္မေကာင္းျဖစ္ေနရတာ ျဖစ္ပါတယ္။ မေန႕ညက ေအးျမတ္သူ ရဲ႕Instagram Story တြင္ ပုံေလးတစ္ပုံတင္ထားတာျဖစ္ပါတယ္။

ဒါကေတာ့ သူမရဲ႕ မိသားစုဝင္ ပုံေလးကို တင္ထားကာ သတိရေနတဲ့အေၾကာင္း “ Missing….” ဆိုၿပီးေရးသား ထားတာ ျဖစ္ပါတယ္။ မိသားစုကို အရိပ္တၾကည့္ၾကည့္နဲ႕ အၿမဲဂ႐ုစိုက္တတ္တဲ့ မျမတ္ေလးတစ္ေယာက္ သူမခ်စ္ရတဲ့သူေတြနဲ႕ အခုလိုအခ်ိန္အၾကာႀကီးခြဲခြာေနရတာ ေတာ္ေတာ္ေလးကို စိတ္မေကာင္းျဖစ္ေနမွာ ေသခ်ာပါတယ္။

အေျခအေနအရပ္ရပ္ေၾကာင့္ မိသားစုေတြနဲ႕ခြဲခြာၿပီး တိမ္းေရွာင္ေနရသူမ်ားအားလုံး အျမန္ဆုံး ျပန္လည္ဆုံဆည္းနိုင္ပါေစလို႔ ဆုေတာင္းေပးရင္းဒီသတင္းကို တင္ဆက္ေပးလိုက္ရပါတယ္။
Source and Photo Crd-MyatLay8686’s Instagram Account
Credit

Add a Comment

Your email address will not be published. Required fields are marked *