ထမင်းငတ်ခဲ့တဲ့နေ့တွေများသလို ရေဆာလွန်းလို့ အကောင်ပလောင်တွေပါတဲ့ ရေတောင်သောက်ခဲ့ရတဲ့ တောထဲက PDF အဖွဲ့ဝင်လူငယ်တွေရဲ့ဘဝများ

Unicode

အသက်ဆုံးရှုံးနေရတဲ့သူတွေ များပြားလာတာနဲ့အမျှ ပြည်သူတွေကို ကာကွယ်ချင်စိတ်ရှိတဲ့ သူရဲကောင်းတွေကလည်း PDF အဖွဲ့တွေမှာ ပါဝင်လာကြတာဖြစ်ပါတယ်

အခုဆိုရင် မြန်မာနိုင်ငံရှိ မြို့နယ်အသီးသီးမှာ ကိုယ့်မြို့ကိုယ့်ရွာကို ကာကွယ်ဖို့အတွက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အများအပြားရှိနေပြီ ဖြစ်ပါတယ်

PDF အဖွဲ့တစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ လူငယ်တစ်ဦးကလည်း သူ့ရဲ့ရည်ရွယ်ချက်နဲ့ဆန္ဒတစ်ချို့ကို ပြောပြခဲ့တာ ဖြစ်ပါတယ်

အသက် (၂၇) နှစ်အရွယ်ရှိတဲ့ အဲ့ဒီလူငယ်လေးကတော့ ဖေဖော်ဝါရီလကတည်းက ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာဖြစ်ပြီး ရှေ့တန်းကနေလည်း ပြည်သူတွေကိုကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ် ။

Defender အဖြစ် တာဝန်ယူရင်းနဲ့ သူ့လက်ပေါ်မှာတင် အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေရှိလာခဲ့တာကြောင့်

“ငါတို့ ဒီလိုပဲ ဆန္ဒလေးပြလိုက် လာဖြိုခွဲရင် ပြန်ပြေးလိုက် ကျန်ရစ်ခဲ့တဲ့သူက သေလိုက်နဲ့ ဆက်သွားလို့ရပါဦးမလားပေါ့” ဆိုပြီး တွေးမိခဲ့တာ ဖြစ်ပါတယ် ။

ဒါကြောင့် သူ့အနေနဲ့ နောက်ဆုံးမှာတော့ အခုလို တောထဲတောင်ထဲမှာ အပင်ပန်းခံပြီး လေ့ကျင့်ရေးဆင်းနေတဲ့ PDF အဖွဲ့ဝင်တစ်ယောက် ဖြစ်လာကြောင်း ဖွင့်ဟထားတာ ဖြစ်ပါတယ်

ဒီလိုအခြေအနေ ရောက်သွားတဲ့အခါမှာတော့ သူချစ်ရတဲ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ခွဲခွာပြီး အလုပ်တွေလည်းရပ်နားလိုက်ရတာ ဖြစ်ပါတယ် ။

ဒါ့အပြင် “တောထဲမှာ ဒဏ်ရာရရင်တောင် အရွက်အုံပြီးနေရကြောင်း၊ စားစရာမရှိလို့ ထမင်းငတ်ခဲ့ရတဲ့နေ့တွေလည်းရှိကြောင်း၊

ရေအရမ်းဆာတာကြောင့် အကောင်ပလောင်တွေပါတဲ့ ရေတွေတောင် သောက်ခဲ့ရကြောင်း” စသည်ဖြင့် သူတို့ကြုံတွေ့နေရတဲ့ ဒုက္ခတွေကိုလည်း ရင်ဖွင့်ထားပါသေးတယ်။

ဒါပေမဲ့လည်း သူမျှော်မှန်းထားတဲ့အတိုင်း အရင်လိုဘဝလေးပြန်ရပြီး မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေနိုင်ဖို့အတွက် ကြိုးစားနေဆဲဖြစ်ပါတယ် ။

အချိန်မရွေး အသက်ဆုံးရှုံးနိုင်သလို ကိုယ်လက်အင်္ဂါတွေပါ ဆုံးရှုံးနိုင်ခြေရှိမှန်းသိရက်နဲ့တောင်

စွန့်လွှတ်အနစ်နာခံနေတဲ့ PDF အဖွဲ့ဝင်လူငယ်လေးရဲ့စာကိုဖတ်ပြီး ပြည်သူတွေပါ စိတ်မကောင်းဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။
Source & Photo Credit-Original Uploader

Zawgyi

အသက္ဆုံးရႈံးေနရတဲ့သူေတြ မ်ားျပားလာတာနဲ႕အမွ် ျပည္သူေတြကို ကာကြယ္ခ်င္စိတ္ရွိတဲ့ သူရဲေကာင္းေတြကလည္း PDF အဖြဲ႕ေတြမွာ ပါဝင္လာၾကတာ ျဖစ္ပါတယ္ ။

အခုဆိုရင္ ျမန္မာနိုင္ငံရွိ ၿမိဳ႕နယ္အသီးသီးမွာ ကိုယ့္ၿမိဳ႕ကိုယ့္႐ြာကို ကာကြယ္ဖို႔အတြက္ ဖြဲ႕စည္းထားတဲ့ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ေတြ အမ်ားအျပားရွိေနၿပီ ျဖစ္ပါတယ္ ။

PDF အဖြဲ႕တစ္ခုမွာ တာဝန္ထမ္းေဆာင္ေနတဲ့ လူငယ္တစ္ဦးကလည္း သူ႕ရဲ႕ရည္႐ြယ္ခ်က္နဲ႕ဆႏၵတစ္ခ်ိဳ႕ကို ေျပာျပခဲ့တာ ျဖစ္ပါတယ္ ။

အသက္ (၂၇) ႏွစ္အ႐ြယ္ရွိတဲ့ အဲ့ဒီလူငယ္ေလးကေတာ့ ေဖေဖာ္ဝါရီလကတည္းက ဆႏၵျပပြဲေတြမွာ ပါဝင္ခဲ့တာျဖစ္ၿပီး ေရွ႕တန္းကေနလည္း ျပည္သူေတြကိုကာကြယ္ေပးခဲ့တာ ျဖစ္ပါတယ္ ။

Defender အျဖစ္ တာဝန္ယူရင္းနဲ႕ သူ႕လက္ေပၚမွာတင္ အသက္ဆုံးရႈံးခဲ့ရတဲ့သူေတြရွိလာခဲ့တာေၾကာင့္

“ငါတို႔ ဒီလိုပဲ ဆႏၵေလးျပလိုက္ လာၿဖိဳခြဲရင္ ျပန္ေျပးလိုက္ က်န္ရစ္ခဲ့တဲ့သူက ေသလိုက္နဲ႕ ဆက္သြားလို႔ရပါဦးမလားေပါ့” ဆိုၿပီး ေတြးမိခဲ့တာ ျဖစ္ပါတယ္ ။

ဒါေၾကာင့္ သူ႕အေနနဲ႕ ေနာက္ဆုံးမွာေတာ့ အခုလို ေတာထဲေတာင္ထဲမွာ အပင္ပန္းခံၿပီး ေလ့က်င့္ေရးဆင္းေနတဲ့ PDF အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာေၾကာင္း ဖြင့္ဟထားတာ ျဖစ္ပါတယ္

ဒီလိုအေျခအေန ေရာက္သြားတဲ့အခါမွာေတာ့ သူခ်စ္ရတဲ့သူငယ္ခ်င္းေတြ၊ မိသားစုေတြနဲ႕ ခြဲခြာၿပီး အလုပ္ေတြလည္းရပ္နားလိုက္ရတာ ျဖစ္ပါတယ္ ။

ဒါ့အျပင္ “ေတာထဲမွာ ဒဏ္ရာရရင္ေတာင္ အ႐ြက္အုံၿပီးေနရေၾကာင္း၊ စားစရာမရွိလို႔ ထမင္းငတ္ခဲ့ရတဲ့ေန႕ေတြလည္းရွိေၾကာင္း၊

ေရအရမ္းဆာတာေၾကာင့္ အေကာင္ပေလာင္ေတြပါတဲ့ ေရေတြေတာင္ ေသာက္ခဲ့ရေၾကာင္း” စသည္ျဖင့္ သူတို႔ႀကဳံေတြ႕ေနရတဲ့ ဒုကၡေတြကိုလည္း ရင္ဖြင့္ထားပါေသးတယ္။

ဒါေပမဲ့လည္း သူေမွ်ာ္မွန္းထားတဲ့အတိုင္း အရင္လိုဘဝေလးျပန္ရၿပီး မိသားစုနဲ႕အတူ ေအးေအးခ်မ္းခ်မ္းေနနိုင္ဖို႔အတြက္ ႀကိဳးစားေနဆဲျဖစ္ပါတယ္ ။

အခ်ိန္မေ႐ြး အသက္ဆုံးရႈံးနိုင္သလို ကိုယ္လက္အဂၤါေတြပါ ဆုံးရႈံးနိုင္ေျခရွိမွန္းသိရက္နဲ႕ေတာင္

စြန့္လႊတ္အနစ္နာခံေနတဲ့ PDF အဖြဲ႕ဝင္လူငယ္ေလးရဲ႕စာကိုဖတ္ၿပီး ျပည္သူေတြပါ စိတ္မေကာင္းျဖစ္ခဲ့ရတာပဲ ျဖစ္ပါတယ္။
Source & Photo Credit-Original Uploader

Add a Comment

Your email address will not be published. Required fields are marked *