သုဝဏ္ဏက မင်္ဂလာဆောင်ဗုံ-းပေါက်ကွဲမှုမှာ စိတ်ထားကောင်းပြီး သူတစ်ပါးကိုကူညီတတ်တဲ့ ပရဟိတလူငယ်တစ်ဦး ကြွေလွင့်ခဲ့ရတဲ့အဖြစ်

Unicode

ပြီးခဲ့တဲ့ မေလ (၂၅) ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ ဗုံ းပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။ သင်္ဃန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်း(က)ရပ်ကွက်၊ ဇေယျသုလမ်းက မင်္ဂဆောင်ဗုံ းပေါက်ကွဲမှုမှာဆိုရင် သတို့သမီးအပါအဝင် စုစုပေါင်းသုံးဦးခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကွယ်လွန်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုဇော်ဝင်းအောင်ကတော့ “လူငယ်အင်အား ကမ်းလက်စေတနာ” ပရဟိတအသင်းမှာ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်

ကိုဇော်ဝင်းအောင်က အသက် (၁၉) နှစ်အရွယ်သာရှိသေးတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး အစ်ကိုဝမ်းကွဲဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ သွားရောက်ကူညီရင်းနဲ့ အခုလိုသေဆုံးခဲ့ရတာပဲဖြစ်ပါတယ်

စိတ်ထားကောင်းပြီး သူတစ်ပါးကို အမြဲတမ်းကူညီတတ်တဲ့ ကိုဇော်ဝင်းအောင်က တကယ့်ကို လူချစ်လူခင်ပေါများတဲ့သူလည်း ဖြစ်ပါတယ် ။

အခုလည်း သူနဲ့ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေက ကိုဇော်ဝင်းအောင်လို ပရဟိတသမားကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေကြတာလည်းဖြစ်ပါတယ်

ပြည်သူတွေကလည်း ကိုဇော်ဝင်းအောင်ရဲ့အကြောင်းကိုကြားပြီး စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ဒါ့အပြင် အခုလက်ရှိလူမှုကွန်ယက်စာမျက်နှာမှာဆိုရင်လည်း ကိုဇော်ဝင်းအောင်ရဲ့ပုံရိပ်တွေနဲ့အတူ သူ့အတွက် ဝမ်းနည်းကြောင်းရေးသားထားတဲ့စာတွေ ပျံ့နှံ့လာတာတွေ့ရပါတယ်။

မင်္ဂလာဆောင်လက်ဖွဲ့ကနေ ဗုံ းပေါက်ကွဲခဲ့တဲ့ ဒီဖြစ်စဉ်မှာတော့ သတို့သမီးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၈)ဦးခန့်ရှိခဲ့တယ်လို့ သိရပါတယ်။
crd-original

Zawgyi







crd-original

Add a Comment

Your email address will not be published. Required fields are marked *