သမီးဖြစ်သူက speak outလုပ်ပြီး အဖေဖြစ်သူက စစ်တပ်အားပေးနေတာကြောင့် ဝေဖန်ခံနေရတဲ့ မင်းအုပ်စိုး

Unicode

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းအုပ်စိုး တစ်ယောက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်က လွတ်လာပြီး နောက်ပိုင်း ဆိုရှယ်မီဒီယာထက် တွင် စစ်တပ်ကို ထောက်ခံအားပေးတဲ့ စာပေတွေ ရေးသားနေတာပါနော်။

သူ့ကိုတော့ ပရိသတ်တွေတင်မဟုတ်ဘဲ အနုပညာသမားအချင်းချင်းတောင် ဝိုင်းဆဲနေကြတာပါနော်။ ဒီလောက်အပြောခံနေရ တာတောင် လုံးဝမမှုဘဲ စစ်တပ်ကောင်းကြောင်းတွေကိုသာ ဆက်လက်ရေးသား နေဆဲပါပဲနော်။

သူ့ရဲ့ သမီးလေးကတော့ အဖေဖြစ်သူနဲ့ တစ်ခြားစီပါပဲနော်။ သမီးလေးက နွေဦးတော်လှန်ရေးအတွက် တတ်နိုင်သလောက် ပါဝင်လုပ်ဆောင်နေတာ အားလုံးမျက်မြင် ကိုယ်တွေ့ပါပဲနော်။ အသက် ၁၃ နှစ်ပဲ ရှိသေးသော်လည်းဆန္ဒထွက်ပြတဲ့ အချိန်ကာလတုန်းကလည်း ပါဝင်ခဲ့ပြီး အွန်လိုင်းပေါ်မှ တစ်ဆင့် speak out လုပ်ပေးနေသူလည်းဖြစ်ပါတယ်နော်။

ဆိုရှယ်မီဒီယာ ပေါ်တွင်လည်း ” ဒီရက်ပိုင်းမင်းအုပ်စိုး နာမည်ကြီးနေလို့ သူ့ acc ထဲဝင်ကြည့်လိုက်တယ် အဲ့မှာ ရှင်တန်ခူးမေ ဆိုတဲ့ သူ့သမီး ၁၃ ခွဲကလေးလေး acc ကိုတွေ့တယ် ထူးခြားတာ တစ်ခုက အဲ့ကလေးလေးက

သူ့ wall ထဲ speak out တွေနဲ့ပြည့်လို့ ကလေးက အသိဥာဏ်အရမ်းရှိတယ် တော်လည်းတော်မယ့် ပုံစံလေး အဓိကပြောချင်တာ cmt တွေမှာ ကလေးကို စိတ်ဒဏ်ရာရစေမဲ့ အရေးအသား မျိုးတွေရှောင် စေချင်တယ်

သူ့အဖေဘယ်လိုပြစ်မှု့မျိုးပဲ ကျူးလွန်ပါစေ နုနယ်တဲ့ကလေးတွေရဲ့ဘဝကိုမသေစေချင်ဘူး ကျွန်တော်ဝိုင်းပြထားတဲ့ cmt မျိုးရေးတဲ့ အောက်တန်းစားမျိုးတွေ ထပ်ပေါ်မလာအောင် တင်ခြင်းဖြစ်ပါတယ်” လို့ စာရေးသူတစ်ဦးမှရေးသားထား ပါတယ်နော်။
Credit:CELELUCKY

Zawgyi






Credit:CELELUCKY

Add a Comment

Your email address will not be published. Required fields are marked *