ကိုးလလောက်ဒုက္ခခံပြီးသားသမီးတွေမွေးရတဲ့မတူတဲ့အမေ(သို့)ဒေါ်အောင်ဆန်းစုကြည်

Unicode

ဒီအမျိုးသမီးကြီးဗေဒင်မေးတာယတြာချေတာ
အောက်လမ်းသုံးတာ ဓာတ်ရိုက်ဓာတ်ဆင်လုပ်တာမြင်ဖူးကြလား?ဒီအမျိုးသမီးကြီးစင်ပေါ်မှာတက်ပြီးတစုံတယောက်ကိုအဖွဲ့အစည်းတစ်ခုခုကိုစောင်းမြောင်ပုတ်ခတ်ပြောဆိုတာမြင်ဖူးကြလား?

ဒီအမျိုးသမီးကြီးကိုသတ္တိရှိပါတဲ့တိုက်ရဲခိုက်ရဲပါတယ်ဆိုတဲ့ယောက်ျားပေါင်းများစွကကဲ့ရဲ့ပုတ်ခတ်စွပ်စွဲပြောဆိုနေကြပေမယ့်ဒီအမျိုးသမီးကြီးတုန်လှုပ်တာမြင်ဖူးကြလား?ဒီအမျိုးသမီးကြီးက
မိုင်ပေါင်းများစွာခရီးသွား၊နိုင်ငံပေါင်းများစွာလှည့်လည်၊

လူများပေါင်းစွာနဲ့ပြောဆိုရင်းသူမရဲ့အိုမင်းချိန်တွေကိုစတေးခဲ့ပေမယ့်ပင်ပန်းလိုက်တာလို့ညည်းတာမြင်ဖူးလား?အဖြေအားလုံးကNoပါ။

မြန်မာ့သမိုင်းမှာဝေဖန်မှုအများဆုံးခံရတဲ့အမျိုးသမီး။ယုံကြည်ချက်အတွက်ခေါင်းအမာဆုံးအမျိုးသမီး။ရဲရင့်မှုအရှိဆုံးအမျိုးသမီး။လူတွေအားလုံးရဲ့သူတို့မွေးထားတဲ့အမေမဟုတ်ပဲ‘အမေ’လို့တန်ဖိုးထားခေါ်ဆိုခြင်းခံရတဲ့အမျိုးသမီး။

လှပလွန်းတဲ့ထောင်ချောက်တွေ၊အန္တရာယ်များလွန်းတဲ့ကျော့ကွင်းတွေ၊ရက်စက်လွန်းတဲ့ပရိယာယ်တွေကြားမှာအကြိမ်ကြိမ်လွတ်မြောက်ပြီးအသက်ရှင်ခဲ့တဲ့အမျိုးသမီး။

ဘာမှမပေး၊ဘာမှမဝေ၊ဘာမှမရပေမယ့်သူမသွားလေရာ
လူတွေဝန်းရံလိုက်ပါပေးခြင်းခံရတဲ့အမျိုးသမီး။ချစ်ခြင်းမရှိမုန်းခြင်းမရှိအငြိုးအတေးကလဲ့စားတွေမရှိ။ဘက်လိုက်ခြင်းမရှိ၊အမြဲအမှန်တရားဘက်ကနေရဲတဲ့ အမျိုးသမီး။

အမေရယ်အမေအလွန်ဆုံးနေရလှနောက်၁၀နှစ်ပေါ့
ဆံပင်တွေလဲဖြူပါးရည်တွေလည်းတွန့်ခန္ဓာကိုယ်ပိန်ပိန်လေးနဲ့ခပ်ယဲ့ယဲ့လေးပဲကျန်တော့ပေမယ့်မျက်ဝန်းတွေထဲအားတွေမာန်တွေကျွန်မတို့တွေ့နေရသေးတယ်

အမေအမေကျန်းမာပါစေလို့ဆုတောင်းရုံမှတပါးအမေဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ပါစေအသက်ရှည်ပါစေဘေးကင်းပါစေ
crd

Zawgyi








crd

Add a Comment

Your email address will not be published. Required fields are marked *