“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ လူကိုယ်တိုင် ရုံးထုတ် စစ်မည်”

Unicode

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၂၄ ရက်နေ့မနက်ဖြန်မှာ ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးမယ်ပါမယ်

နိုင်ငံတော်တရားရုံးချုပ်ရဲ့ ညွှန်ကြားချက်အရအထူးတရားရုံးတစ်ရုံးဖွဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာလို့ အမှုလိုက်ရှေ့နေ ဦးခင်မောင်ဇော်က RFA ကိုပြောပါတယ်။

အဲဒီအထူးတရားရုံးဟာ နေပြည်တော် ဇဗ္မူသီရိမြို့နယ်ဇေယျာသိဒ္ဒိရပ်ကွက်က မြနန်းဘုံသာလမ်းနားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်နားမှာလို့လည်းရှေ့နေကပြောပါတယ်။

အဲဒီလို လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးချိန်မှာ ရှေ့နေတွေနဲ့ သီးသန့်တွေ့ခွင့်ပေးတောင်းထားပေမယ့်ပေးတွေ့၊ မတွေ့ဆိုတာ မသိရသေးဘူးလို့ ဦးခင်မောင်ဇော်ကပြောပါတယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်မှာကျန်းကျန်းမာမာရှိပြီး မကြာခင်လူကိုယ်တိုင် တရားရုံးမှာလာရောက်ထွက်ဆိုလိမ့်မယ်လို့

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်အစိုးရပိုင် Phoenix ရုပ်သံသတင်းဌာနနဲ့ မေးမြန်းခန်းမှာပြောထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲချက်အမျိုးမျိုးနဲ့တစ်မှုပြီးတစ်မှု

ထပ်တိုးတရားစွဲလာတာဖြစ်ပြီး နေပြည်တော်မှာစွပ်စွဲခံထားရတဲ့ အမှု ၅ မှုနဲ့ ရန်ကုန်မှာ ၁မှုရှိတယ်လို့ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့အမှုတွေကတော့ “လိုင်စင်မဲ့ Walkie-talkie လမ်းလျှောက်စကားပြောစက် လက်ဝယ်တွေ့ရှိမှု၊

ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းတွေ ဖောက်ဖျက်မှု၊ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှု၊အများပြည်သူမငြိမ်မသက်ဖြစ်အောင်ကြံရွယ်မှုနဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေတို့ဖြစ်ပါတယ်။

အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဟာထောင်ဒဏ်ဆယ့်လေးနှစ်ထိချမှတ်နိုင်ပါတယ်။
Source: RFA

Zawgyi

ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ နိုင္ငံေတာ္ lအတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေမလ ၂၄ ရက္ေန႕ မနက္ျဖန္မွာ ပထမဆုံးအႀကိမ္အျဖစ္လူကိုယ္တိုင္႐ုံးထုတ္စစ္ေဆးမယ္ပါမယ္။

နိုင္ငံေတာ္ တရား႐ုံးခ်ဳပ္ရဲ႕ ၫႊန္ၾကားခ်က္အရ အထူးတရား႐ုံးတစ္႐ုံးဖြဲ႕ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို လူကိုယ္တိုင္ ႐ုံးထုတ္စစ္ေဆးဖို႔ဆုံးျဖတ္ခဲ့တာလို႔အမႈလိုက္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က RFAကို ေျပာပါတယ္။

အဲဒီအထူးတရား႐ုံးဟာ ေနျပည္ေတာ္ ဇဗၼဴသီရိၿမိဳ႕နယ္ ေဇယ်ာသိဒၵိရပ္ကြက္က ျမနန္းဘုံသာလမ္းနားမွာျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေနအိမ္နားမွာလို႔လည္း ေရွ႕ေနက ေျပာပါတယ္။

အဲဒီလို လူကိုယ္တိုင္႐ုံးထုတ္စစ္ေဆးခ်ိန္မွာ ေရွ႕ေနေတြနဲ႕ သီးသန႔္ေတြ႕ခြင့္ေပးေတာင္းထားေပမယ့္ ေပးေတြ႕၊ မေတြ႕ဆိုတာမသိရေသးဘူးလို႔ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေနအိမ္မွာ က်န္းက်န္းမာမာရွိၿပီး မၾကာခင္လူကိုယ္တိုင္တရား႐ုံးမွာ လာေရာက္ထြက္ဆိုလိမ့္မယ္လို႔

အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က တ႐ုတ္ အစိုးရပိုင္ Phoenix ႐ုပ္သံ သတင္းဌာနနဲ႕ ေမးျမန္းခန္းမွာ ေျပာထားပါတယ္။

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက စြပ္စြဲခ်က္အမ်ိဳးမ်ိဳးနဲ႕တစ္မႈၿပီးတစ္မႈ

ထပ္တိုးတရားစြဲလာတာျဖစ္ၿပီး ေနျပည္ေတာ္မွာ စြပ္စြဲခံထားရတဲ့ အမႈ ၅ မႈနဲ႕ရန္ကုန္မွာ ၁မႈရွိတယ္လို႔ ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို စြပ္စြဲထားတဲ့ အမႈေတြကေတာ့ “လိုင္စင္မဲ့ Walkie-talkie လမ္းေလွ်ာက္စကားေျပာစက္ လက္ဝယ္ေတြ႕ရွိမႈ၊

ကိုရိုနာဗိုင္းရပ္စ္ ကန႔္သတ္စည္းကမ္းေတြ ေဖာက္ဖ်က္မႈ၊ဆက္သြယ္ေရးဥပေဒ ခ်ိဳးေဖာက္မႈ၊အမ်ားျပည္သူမၿငိမ္မသက္ျဖစ္ေအာင္ႀကံ႐ြယ္မႈနဲ႕အစိုးရလွ်ို႔ဝွက္ခ်က္မ်ား အက္ဥပေဒတို႔ ျဖစ္ပါတယ္။

အစိုးရလွ်ို႔ဝွက္ခ်က္မ်ားအက္ဥပေဒဟာ ေထာင္ဒဏ္ဆယ့္ေလးႏွစ္ထိ ခ်မွတ္နိုင္ပါတယ္။
Source: RFA

Add a Comment

Your email address will not be published. Required fields are marked *