ဒီစခန်းမှာ ကျွန်မရှိတယ်ဆိုပြီးပြောလို့ တော်လှန်ရေးထဲ ပါဝင်ဖို့လာတဲ့ သူတွေကိုလေးစားကြိုဆိုပါတယ်ဆိုတဲ့ ထားထက်ထက်

Unicode

ဒီစခန်းမှာ ကျွန်မရှိတယ်ဆိုပြီးပြောလို့ တော်လှန်ရေးထဲ ပါဝင်ဖို့လာတဲ့ သူတွေကိုလေးစားကြိုဆိုပါတယ်

နောက်ပြီး ဒီစခန်းမှာကျွန်မရှိနေတယ်ဆိုလို့လှူဒါန်းပေးကြတဲ့ အလှူရှင်များ အားလုံးကိုလဲတကယ်လေးစားကျေးဇူးတင်ပါတယ်။

အဆုံးသတ်တိုက်ပွဲအတွက် ပြင်ဆင်လေ့ကျင့်နေကြသူတွေကို ကျွန်မ အလွန်လေးစား ကျေးဇူးတင်သလို အောင်ပွဲရတဲ့ အထိ တော်လှန်ရေးထဲ ပါဝင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်စေတနာနဲ့ ပေးလှူတဲ့အလှူရှင်တွေကိုလဲ အရင်အတိုင်းဆက်လက်ထောက်ပံ့ပေးကြပါလို့မေတ္တာရပ်ခံပါတယ်။

ဘာလို့လဲဆိုတော့ စစ်သင်ခန်းစာ လေ့ကျင့်နေတဲ့ စခန်း တိုင်းက အရာရာလိုအပ်နေကြလို့ပဲဖြစ်ပါတယ်။အလှူရှင်၊ စေတနာရှင်တို့ရဲ့ အလှူတွေကလေ့ကျင့်ကြိုးစားနေသူတွေအတွက် တကယ်လိုအပ်တဲ့ အဟာရ နဲ့စိတ်ခွန်အားကိုရရှိစေတဲ့အတွက်အကျိုးရှိစေလို့ပဲ ဖြစ်ပါတယ်။

ထားထက်ကို စခန်းတိုင်းမှာရှိနေတယ်လို့ သဘောထားစေချင်ပါတယ်။(တော်လှန်ရေးကို အကြောင်းပြပြီး လူသစ်စုဆောင်းခြင်းမှ အမြတ်ထုတ်မှု နဲ့ အလှူငွေ၊ အလှူပစ္စည်းအပေါ်အခြားသော ပုဂ္ဂိုလ်ရေး အသုံးချမှုများရှိခဲ့လျှင်တော့ သေချာစီစစ်ပြီး တော်လှန်ရေးသန့်စင်မှု လုပ်ဖို့အကြံပြုပါရစေ)
ထားထက်ထက်
(23 May 2021)

Zawgyi




ထားထက်ထက်
(23 May 2021)

Add a Comment

Your email address will not be published. Required fields are marked *