ဖခင်အရင်းဖြစ်သူက ကလေးကိုကောက်ရတယ်လို့လိမ်ညာပြီးသူမရဲ့ဂေဟာကိုလာပေးခဲ့တဲ့နောက်ကွယ်က အဖြစ်မှန်ကို ပြောပြခဲ့တဲ့ ခိုင်နှင်းဝေ

Unicode

ပရိတ်သတ်ကြီးရေ..သရုပ်ဆောင် မင်းသမီးချောလေး ခိုင်နှင်းဝေဟာဆိုရင် လက်ရှိမှာအနုပညာအလုပ်တွေကို ရပ်နားထားပြီး ပရဟိတလုပ်ငန်းတွေကို အာရုံစိုက်ပြီး ကြိုးစားလုပ်ဆောင်နေတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ခိုင်နှင်းဝေက

ခုလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးခြေအနေတွေကြောင့် အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေကို သူမတတ်နိုင်သလောက်လှူဒါန်းနေတာပဲဖြစ်ပါတယ်နော်

ဒီလိုခက်ခဲနေတဲ့ကာလမှာတောင် ခိုကိုးရာမဲ့နေတဲ့ ရင်သွေးငယ်လေးတွေကို ခေါ်ယူစောင့်ရှောက်ပေးပြီးသူတို့လေးတွေကို

အစစအရာရာဂရုစိုက်ပြုစုပျိုးထောင်ပေးနေတာကိုလည်း လေးစားစွာနဲ့တွေ့မြင်ရတာပဲဖြစ်ပါတယ်

မနေ့ညက လှည်းတန်းဂုံးတံတားအောက်တွင် စွန့်ပစ်ခံ ထားရတဲ့ (၂) လအရွယ်

သမီးလေးကိုအမျိုးသားတစ်ဦးမှဂေဟာသို့ လာပို့ပေးခဲ့တဲ့အကြောင်းကို ခိုင်နှင်းဝေရဲ့လူမှုကွန်ယက်တွင် တင်ထားတာဖြစ်ပါတယ်။

ကလေးက အရမ်းငိုနေတာေကြာင့်လတ်တလော ခေါ်ယူစောင့်ရှောက်ထားပြီး စုံစမ်းစရာရှိတာများ စုံစမ်းစစ်ဆေးမယ့်အကြောင်းကိုလည်းရေးသားထားတာဖြစ်ပါတယ်

မကြာသေးခင် နာရီပိုင်းလောက်ကတော့ ဒီကလေး နဲ့ပတ်သက်တဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်များကို ရေးသားပြောပြလာတာဖြစ်ပါတယ်

ဖခင်ဖြစ်သူမှကောက်ရတယ်ဆိုပြီးကလေးကိုဂေဟာသို့ လာပို့ခဲ့တာဖြစ်ပြီး ဒီနေ့အမေအရင်းကငိုယိုပြီးလိုက်လာပြီး အကြောင်းရင်းတွေကိုပြောပြလာတာဖြစ်ပါတယ်

ဒီသမီးလေးအမေအရင်းလိုက်လာပါတယ်ရှင်.အဖေ အရင်းကကောက်ရတယ်ဆိုပြီး လာအပ်ပေမဲ့အမေက မသိဘဲကျွန်မတို့ဂေဟာရောက်နေတယ်ဆိုတာသိလို့ငိုယိုပြီးလိုက်လာတာဖြစ်ပါတယ်

ပထမ အိမ်ထောင်နဲ့ ဒုတိယအိမ်ထောင် ဇယား lအရှုပ်ကြားထဲ သမီး မိန်းကလေးကို ယခုလို နောက်တစ်ကြိမ်မစွန့်ပစ်အောင်(ပုံတွေ မတင်ချင်ပေမဲ့)အနည်းငယ်အသိပေးခြင်းဖြစ်ပါတယ်မနေ့က

ကလေးကို မသမာသူတွေ လက်ထဲ ရောက်မှာဆိုးလို့ လက်ခံထားပြီး မသင်္ကာလို့ စုံစမ်းမှုတွေလုပ်ရင်းအဖြစ်မှန်ပေါ်လာတဲ့အတွက် မိခင်အရင်းလက်ထဲကိုပြန်ထည့်ပေးလိုက်ပါတယ်ရှင်

မိခင်ကောင်း ပီသတဲ့အမျိုးသမီးကတော့ သူ့ကလေး ပြန်ရလို့ ပျော်နေရှာပါတယ်ကလေးကိုတွေ့တွေ့ချင်း ကျွန်မ သမီးလေးကို နို့တိုက်ပါရစေလို့ ခွင့်တောင်းပြီးငိုနေရှာပါတယ်.

အိမ်ထောင်ရေး ကိစ္စတွေ ကျွန်မတို့နဲ့ မဆိုင်လို့ မပြောတော့ဘဲ မိခင်တစ်ယောက်ကို ကိုယ်ချင်းစာလို့ သမီးလေးကိုမိခင်လက်ထဲပြန်အပ်ပေးခဲ့ပါတယ်ရှင်(မျက်နှာတွေ မအုပ်ဘဲတင်ရခြင်းမှာ နောက်နောင် မလုပ်ရဲအောင်ကလေးအတွက်စဉ်းစားပြီးတင်ရခြင်းဖြစ်ပါတယ်

အမှုအခင်းထိဖြစ်အောင် မလုပ်တော့ဘဲ အနီးကပ်စောင့်ကြည့်​ေနမည်ဖြစ်ကြောင်း ပြောပြီးလက်မှတ်များ ၊သက်သေများ ယူထားလိုက်ပါတယ်ရှင်)”ဆိုပြီး

ရေးသားထားတာဖြစ်ပါတယ်။မိခင်နဲ့ကလေးအခုလို ပြန်လည်ဆုံဆည်းခွင့်ရတဲ့အတွက်မုဒိတာပွားရပါတယ်။ ခိုင်နှင်းဝေလည်း ပရဟိတအလုပ်တွေကို ဒီ့ထက်မက လုပ်ဆောင်နိုင်ပါစေလို့လည်းဆုတောင်းပေးလိုက်ရပါတယ်နော်…။
SourceKhine Hnin Wai’s Facebook Page

Add a Comment

Your email address will not be published. Required fields are marked *